recover လုပ်ပြီးပြီလို့ဆိုပါတယ်။

     အမေရိကန်မှာ YouTube ၊ Gmail ၊ Google Calendar ၊ Snapchat နဲ့တစ်ခြား Google ရဲ့ Web services တစ်ချို့ဟာ ၄ နာရီကျော်ကြာ သုံးမရတဲ့ ဖြစ်ရပ်နဲ့ကြုံခဲ့ပါတယ်။




         Google ရဲ့ ထုတ်ပြန်ချက်အရ ကွန်ရက်ကြပ်မှု level မြင့်မားခြင်းနဲ့ကြုံခဲ့တာ ဖြစ်ပြီး အဓိကအကြောင်းရင်းတစ်ခုခက Google ရဲ့ Cloud Service မှာ ပြဿနာ တက်ခဲ့တာကြောင့်လို့ EuroNews သတင်းမှာ ဖော်ပြထားပါတယ်။ Google Cloud services ဟာ apps တွေ run တဲ့ ပလက်ဖောင်းဖြစ်ပြီး ကွန်ရက်ပြတ်တောက်မှုဟာ အရှေ့တိုင်း စံတော်ချိန် ညနေ ၃ နာရီ ( ပစိဖိတ် စံတော်ချိန် ည၁၂ နာရီ) မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး လေးနာရီကျော်အကြာမှာ ဒီပြဿနာကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ကုမ္ပဏီက ကြေညာထားပါတယ်။

Photo: ZDNet


 ကွန်ရက်ပြတ်တောက်မှု ပြဿနာဟာ အမေရိကန်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်း ပြည်နယ်တွေမှာ အများဆုံး ကြုံခဲ့တာ ဖြစ်ပြီး ဥရောပတစ်ခွင်မှ YouTube နဲ့Gmail သုံးသူတစ်ချို့လည်း ဒီဝန်ဆောင်မှုတွေ သုံးမရခဲ့ဘူးလို့ဆိုပါတယ်။ Google ရဲ့ G Suite Status dashboard မှာလည်း Google web service တစ်ခုချင်းစီ access မရတဲ့ အချက်ကို ပြသခဲ့သလို Down Detector မှာလည်း ကမ္ဘာ့နိုင်ငံအများအပြားမှာ YouTube သုံးမရကြောင်း ပြနေခဲ့ပါတယ်။

         " Google Cloud ၊ G Suite နဲ့YouTube ထဲက ဝန်ဆောင်မှု အများအပြား သုံးမရတဲ့ ပြဿနာ ဖြစ်ခဲ့ပါတယ်။" လို့Google က ထုတ်ပြန်ပါတယ်။ " ကျွန်တော်တို့ဒီဖြစ်ရပ်ကို ပြန်သုံးသပ်တာတွေ လုပ်နေပါတယ်။ နောက်တစ်ခါမှာ ဒါမျိုး စနစ်မှာ ချို့ယွင်းချက် မဖြစ်အောင်လို့သင့်တော်တဲ့ အဆင့်မြှင့်တင်မှုတွေ လုပ်နေပါတယ်။" လို့Google ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်မှ The Verge ကို ပြောခဲ့ပါတယ်။

Photo: Yeshiva World News

         Google services များအပြင် Google Cloud ကို သုံးတဲ့ Discord ၊ Snapchat နဲ့Vimeo app များလည်း သုံးမရဖြစ်ခဲ့သလို Google ကွန်ရက်ပြတ်တောက်မှုကြောင့် ကနေဒါ e-Commerce လုပ်ငန်းတစ်ခု ဖြစ်တဲ့ Shopfy လည်း သုံးမရတဲ့ ပြဿနာ ကြုံခဲ့ပါတယ်။ Shopify ဝန်ဆောင်မှု သုံးမရခြင်းကြောင့် တစ်ချို့အွန်လိုင်းနဲ့အပြင် စတိုးဆိုင်တွေမှာလည်း credit card နဲ့ငွေချေမှုကို နာရီအတော်ကြာအောင် မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။

         YouTube ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့အောက်တိုဘာလတွေမှာလည်း အချိန်အတော်ကြာအောင် ပြတ်တောက်မှု ဖြစ်ပွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က