5G အတွက် လှိုင်းနှုန်းစဉ်တွေ ချပေးထားပါတယ်

     ပဉ္စမမျိုးဆက် 5G ကွန်ရက်အတွက် နိုင်ငံအသီးသီးမှာ ပြင်ဆင်မှုများ လုပ်နေချိန် ဂျပန်နိုင်ငံမှာ 5G ကွန်ရက်သုံးနိုင်မယ့် ဖုန်းနံပါတ်ဂဏန်းနဲ့ထုတ်လုုပ်သွားမယ့် ဖုန်းနံပါတ်အရေအတွက်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

         Japan Times သတင်းကနေ ဖော်ပြချက်အရ 5G ဖုန်းနံပါတ်အသစ်ဟာ 020 ကုဒ်နဲ့စတင်သွားမှာ ဖြစ်ပြီး နံပါတ်တစ်ခုမှာ ဖုန်းဂဏန်းဟာ ၁၄ လုံးအထိ ရှိလာမယ်လို့ဆိုပါတယ်။ ဒီသတင်းမှာပဲ ဂျပန်နိုင်ငံမှာ ဂဏန်း ၁၄ လုံးပါတဲ့ ဖုန်းနံပါတ်သစ်ပေါင်း ၁၀ ဘီလျံ (သန်း ၁ သောင်း) အထိ ထုတ်လုပ်ဖို့စီစဉ်ထားတယ်လို့ဖော်ပြထားပါတယ်။ ဖုန်းနံပါတ်သစ်တွေ ထုတ်မယ့် အချိန်ဟာ နောက်အကျဆုံး ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ဖြစ်ဖို့လည်း ရှိပါတယ်။



Photo: The Japan Times

         ဂျပန်ရဲ့ အကြီးဆုံး မိုဘိုင်းအော်ပရေတာ သုံးခုဖြစ်တဲ့ NTT Docomo ၊ KDDI နဲ့SoftBank တို့ဟာလည်း ဖုန်းနံပါတ်သစ်ပေါင်း ၁၀ ဘီလျံ ထုတ်လုပ်မယ့် အစီအစဉ်အတွက် သူတို့ရဲ့ စနစ်တွေကိုလည်း အဆင့်မြှင့်တင်သွားမယ်လို့ဆိုပါတယ်။ လက်ရှိ ဂျပန်နိုင်ငံက ဖုန်းတွေမှာ သုံးနေတဲ့ မိုဘိုင်းဖုန်းနံပါတ်တွေဟာ ဂဏန်း ၁၁ လုံး ရှိပြီး 090 ၊ 080 နဲ့070 တွေနဲ့စတင်ထားတာပါ။

         IoT ထုတ်ကုန်တွေအတွက် ဂျပန်နိုင်ငံမှာ 020 နဲ့စတင်တဲ့ ဂဏန်း ၁၁ လုံးပါ နံပါတ်တွေကို ၂၀၁၇ ဇန်နဝါရီကတည်းက သုံးစွဲလာခဲ့တာ ဖြစ်ပြီး 020 နဲ့စတဲ့ နံပါတ်ပေါင်း သန်း ၈၀ အနက် ၃၂.၆ သန်းခန့်ဟာ အဓိကတယ်လီကွန်း carriers တွေမှာ ချပေးထားတယ်လို့ဆိုပါတယ်။ ဂဏန်း ၁၄ လုံးပါ နံပါတ်သစ်တွေကိုတော့ ၂၀၂၂ ခုနှစ်မှာ ဖြန့်ချိသွားဖို့လည်း ရှိပါတယ်။

Photo: SCMP

         ဂျပန်တယ်လီကွန်းအော်ပရေတာတွေဟာ ပြီးခဲ့တဲ့လမှာပဲ နိုင်ငံ့ ဆက်သွယ်ရေးအာဏာပိုင်တွေဆီကနေ 5G Spectrum လှိုင်းနှုန်းစဉ် ခွဲဝေရရှိထားခဲ့ပြီး လာမယ့် ၂၀၂၀ မှာ မြန်နှုန်းမြင့် ကြိုးမဲ့ဝန်ဆောင်မှုတွေ ဖြန့်ချိဖို့စီစဉ်နေပါတယ်။ ဂျပန်နိုင်ငံမှ တယ်လီကွန်းအော်ပရေတာ ၄ ခုဟာ ကွန်ရက်အဆင့်မြှင့်တင်ရေးအတွက် ၅ နှစ်အတွင်း ယွမ် ၁.၇ ထရီလီယံ (ဒေါ်လာ ၁၅.၂၉ ဘီလျံ) သုံးစွဲသွားဖို့ရှိတယ်လို့Venture Beat မှာ ဖော်ပြထားပါတယ်။

         ကမ္ဘာပေါ်မှာ ပထမဆုံး 5G ဝန်ဆောင်မှု ဖြန့်ကျက်နိုင်ခဲ့တဲ့ တောင်ကိုရီးယားမှာတော့ ာ 5G သုံးစွဲသူ ၂ သိန်း ၆ သောင်းကျော် ရှိလာပြီ ဖြစ်တယ်လို့မေလဆန်းပိုင်းက ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က