မိုဘိုင်းလ်ဖုန်းကုမ္ပဏီတွေနဲ့telcom တွေမှာ စတင် စမ်းသပ်သွားမှာပါ
Nyein Min Wai

တစ်နိုင်ငံလုံး ယူနီကုဒ်သုံး မြန်မာစာစနစ်ကို တပြေးညီ အသုံးပြုဖို့သတ်မှတ်ထားတဲ့ အောက်တိုဘာ ၁ ရက်နေ့မတိုင်ခင်မှာ ယူနီကုဒ် မြန်မာစာစနစ်ကို ၂ လ ကြိုတင် စမ်းသပ်သွားမယ်လို့ဆိုပါတယ်။

         ဇူလိုင်လ ၅ ရက်နေ့က မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် MCF မှ ဦးဆောင်ပြီး ရန်ကုန်မြို့MICT Park မှာ ပြုလုပ်သွားတဲ့ "ယူနီကုဒ်သုံး မြန်မာစာစနစ် ပြောင်းလဲအသုံးပြုရေး စာနယ်ဇင်း ရှင်းလင်းပွဲ" မှာ အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ယူနီကုဒ်သုံး မြန်မာစာစနစ်ကို ဧပြီ ၁ ရက်နေ့က စတင်ပြီး ဝန်ကြီးဌာနအားလုံးမှာ အသုံးပြုနေတာပါ။

Photo: Duwun Tech

         မြန်မာနိုင်ငံမှာ ယူနီကုဒ်စံနဲ့ညီတဲ့ မြန်မာစာစနစ်ကို ယူနီကုဒ်ခေတ်ဦးကာလဖြစ်တဲ့ ၁၉၉၈ ခုနှစ်ခန့်ကတည်းက စတင် ကြိုးပမ်းလာခဲ့တာ ဖြစ်ပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ယူနီကုဒ် မြန်မာစာစနစ် သုံးစွဲနိုင်ခြင်း မရှိသေးပါဘူး။ အရှေ့တောင်အာရှမှာတော့ ယူနီကုဒ်စနစ် အသုံးမပြုနိုင်သေးတဲ့ နိုင်ငံဟာ မြန်မာနိုင်ငံတစ်ခုပဲ ကျန်နေသေးတာ ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံဟာ ၂၀၁၀ ခုနှစ်မှာ ယူနီကုဒ်စနစ်ကို ကူးပြောင်းခဲ့တယ်လို့မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် MCF ရဲ့ ဒုတိယဥက္ကဌ ဒေါက်တာထွန်းသူရသက်က ပြောပါတယ်။

         တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ကွန်ပျူတာသုံး မြန်မာစာ စနစ်မှာ Non-Unicode စနစ်ကနေ မြန်မာ Unicode စနစ်ကို အောက်တိုဘာ ၁ ရက်နေ့ နောက်ဆုံးထားပြောင်းလဲ သုံးစွဲနိုင်ဖို့အတွက် ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့က နေပြည်တော် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ် ၂ မှာ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ယူနီကုဒ်စနစ်သုံး မြန်မာစာစနစ်ကို ကူးပြောင်းရာမှာ အသိပညာပေးမယ့် အစီအစဉ်များလည်း လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

Photo: Duwun Tech

         "သြဂုတ်လထဲမှာ Social Influencers တွေ ဖိတ်ပြီး သူတို့ရဲ့အကူအညီနဲ့ပွဲကြီးတစ်ခု လုပ်ပါမယ်။ အဲ့နေ့မှာ ယူနီကုဒ်နဲ့ဆိုင်တာတွေ ဟောပြောတာ ၊ ပွဲလာသူတွေရဲ့ ဖုန်းတွေကို ယူနီကုဒ် Switch လုပ်ပေးတာတို့၊ စမ်းသပ်ပေးတာတို့လုပ်ပေးမယ်။ သူ့တို့တွေ့ရတဲ့ အခက်အခဲတွေကို အကူအညီတောင်းလို့ရမှာပါ။" လို့MCF ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးသောင်းဆုငြိမ်းက ပြောပါတယ်။

         သြဂုတ်လ ၁ ရက်နေ့က စတင်ပြီး ယူနီကုဒ် မြန်မာစာစနစ် စမ်းသပ် Review လုပ်သွားမယ့်အဖွဲ့အစည်းတွေကတော့ မိုဘိုင်းလ်ဖုန်းကုမ္ပဏီတွေနဲ့တယ်လီကွန်းအော်ပရေတာ စတဲ့ Community နှစ်ခုကနေ စတင်သွားမယ်လို့ဆိုပါတယ်။ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ဝန်ကြီးဌာနမှ မိုဘိုင်းလ်ဖုန်းကုမ္ပဏီတွေနဲ့တယ်လီကွန်း အော်ပရေတာတွေကို တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းပြီး MCF မှ ကွန်ပျူတာ ပညာရှင်တွေကိုလည်း စေလွှတ်ပြီး ပူးပေါင်းဆောင်ရွက်နေတယ်လို့သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က