စီးပွားရေးသုံးအတွက် ထုတ်ထားတာလို့ပြောပါတယ်။
Nyein Min Wai

အန်းဒရိုက်စနစ်နေရာကို အစားထိုးဖို့ Huawei ကနေ ကိုယ်ပိုင် ထုတ်လုပ်ထားတယ်ဆိုတဲ့ Hongmeng OS ဟာ စမတ်ဖုန်းတွေမှာ သုံးဖို့အတွက် မရည်ရွယ်ဘူးလို့ကုမ္ပဏီရဲ့ ဒုဥက္ကဌတစ်ဦးက ပြောပါတယ်။

Hongmeng OS ဟာ Android အစား သုံးဖို့ဘယ်တော့မှ ရည်ရွယ်ခဲ့တာ မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းတွေနဲ့IoT တွေအတွက် ရေးဆွဲထားတာ ဖြစ်တယ်လို့ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့ဝင်နဲ့ဒုဥက္ကဌဖြစ်သူ ကတ်သရင်းချန်ရဲ့ အဆိုကို ကိုးကားပြီး GSMArena မှာ ဖော်ပြပါတယ်။ ချန်ဟာ ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မှာ သတင်းစာရှင်းလင်းပွဲလုပ်နေစဉ်မှာ အခုလို ထုတ်ဖော်ပြောဆိုခဲ့တာပါ။

Photo: PC Tech Magazine

မကြာသေးခင်ကပဲ ကုန်ပစ္စည်းအမှတ်တံဆိပ် မှတ်ပုံတင်ခဲ့တဲ့ Hongmeng OS ဟာ နှစ်အတော်ကြာကတည်းက ရေးဆွဲခဲ့တာ ဖြစ်ပြီး တရုတ်နဲ့အမေရိကန်နှစ်နိုင်ငံအကြား ကုန်သွယ်ရေး စစ်စတင်ပြီး Huawei ကို အရေးယူပိတ်ပင်ချိန်မှာ ဒီ OS အကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ Hongmeng ကို Mobile OS အဖြစ် အန်းဒရိုက်နေရာမှာ သုံးသွားမယ်လို့သတင်းထွက်ခဲ့ပေမယ့် နောက်ပိုင်းမှာ Huawei ဟာ Ark OS/Harmony OS စတဲ့ နာမည်တွေနဲ့လည်း Trademark တင်မှု လုပ်ဆောင်ခဲ့ပါတယ်။

အစောပိုင်းကလည်း ရှန်းကျင့်မှာ Huawei ရဲ့ Chairman ဖြစ်သူ လိုင်ဟွာမှ Hongmeng ကို အနာဂါတ်မှာ စမတ်ဖုန်း OS စနစ်တစ်ခုအနေနဲ့ထုတ်သွားမယ် မထုတ်ဘူးဆိုတာကို မဆုံးဖြတ်ရသေးဘူးလို့ပြောခဲ့ပါတယ်။ Huawei တည်ထောင်သူ ရန်ဇီဖိန်းမှလည်း Hongmeng ဟာ Google ကို အစားထိုးဖို့အတွက် ထုတ်လုပ်ခဲ့တဲ့ OS မဟုတ်ဘူးလို့ငြင်းဆန်ခဲ့သလို တကယ်လို့Google အနေနဲ့Huawei ဖုန်းတွေမှာ သူ့ရဲ့ OS သုံးခွင့်မပေးတော့ရင်လည်း စမတ်ဖုန်း ecosystem တစ်ခု ကိုယ်ပိုင်တည်ဆောက်ဖို့ရှင်းလင်းတဲ့ အစီအစဉ်တစ်ခု မရှိသေးဘူးလို့ပြောကြားထားပါတယ်။

Photo: GSMArena

စမတ်ဖုန်းတစ်လုံးမှာ သုံးမယ့် OS ဟာ ကုဒ်စာကြောင်း အရေအတွက် သန်း ဆယ်ဂဏန်းနဲ့ချီပြီး ပါဝင်လေ့ရှိပေမယ့် Hongmeng မှာ ကုဒ် Lines ပေါင်း သိန်းဂဏစန်းအရေအတွက်ပဲ ပါမယ်လို့လည်း ချန်က ပြောပါတယ်။ ကုဒ်အရေအတွက် နည်းတာကြောင့် လုံခြုံရေး အလွန်အားကောင်းပြီး စမတ်ဖုန်း OS တစ်ခုထက် စာရင် Latecy အများကြီး နည်းမယ်လို့လည်း ဆိုပါတယ်။

ဇွန်လထဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ Huawei နဲ့အမေရိကန်ကုမ္ပဏီများအကြား အရောင်းအဝယ်ပြုခွင့် ပေးတော့မယ်လို့ကြေညာခဲ့ပါတယ်။ အမေရိကန် ကုန်သွယ်ရေးကော်မရှင် FTC ကလည်း Huawei နဲ့အရောင်းအဝယ်လုပ်မယ့် အမေရိကန်ကုမ္ပဏီတွေကို အထူးလိုင်စင်တစ်ခု ထုတ်ပေးသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က