သြဂုတ်လ ၁၀ ရက်အထိ စာရင်းပေးသွင်းနိုင်မှာပါ

တစ်နိုင်ငံလုံးမှာ ရှိတဲ့ တက္ကသိုလ်အားလုံးမှ ကျောင်းသူ ကျောင်းသားတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်မယ့် Huawei National Cloud & AI Contest 2019 အတွက် စာရင်းပေးသွင်းနိုင်မယ့် ရက်ကို သြဂုတ်လ ၁၀ ရက်နေ့အထိ တိုးမြှင့်ထားတယ်လို့သိရပါတယ်။

"ကျွန်တော်တို့ပြိုင်ပွဲစာရင်းသွင်းတဲ့ Date ကို ဇူလိုင် ၃၁ ရက်နေ့က ပိတ်တာမှာ အခု သြဂုတ်လ ၁၀ ရက်နေ့အထိ နောက်ဆုတ်ထားပါတယ်။ " လို့ပါမေက္ခချုပ်များ ကော်မတီဥက္ကဌ ဒေါက်တာ ဇော်ဝေစိုးက ပြောပါတယ်။ "ဇူလိုင်လကနေ စပြီး ကျွန်တော်တို့ခေါ်တယ်။ အခုထိ ၈၃ သင်း လျှောက်ထားပြီ ဖြစ်ပါတယ်။" သြဂုတ်လ ၁၀ ရက်နေ့စာရင်းသွင်းမှု ပိတ်ချိန်မှာ ပြိုင်ပွဲဝင် အသင်း ၁၅၀ ခန့်အထိ လာရောက် လျှောက်ထားဖို့လည်း မျှော်လင့်ထားတယ်လို့ဆိုပါတယ်။



Photo: Duwun Tech


မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားမယ့် Huawei National Cloud & AI Contest အတွက် ပြိုင်ပွဲဝင်များ စာရင်းပေးသွင်းနိုင်မယ့်ရက်ကို အစောပိုင်းက ဇူလိုင် ၅ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ သတ်မှတ်ထားခဲ့တာပါ။ ယခုပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် ၃ ဦးနဲ့ကြီးကြပ်သူ ဆရာ/ဆရာမ တစ်ဦ ပါဝင်နိုင်မှာ ဖြစ်ပြီး ယခုပြိုင်ပွဲအတွက် ဇူလိုင် ၁၅ ရက်နေ့က Huawei ရုံးချုပ်မှာ တက္ကသိုလ် ၃၈ ခုမှ ဆရာ/ဆရာမ ၃၈ ဦးကို On-Site Training တစ်ခု ပေးခဲ့ပါတယ်။


Huawei National Cloud & AI Contest ပြိုင်ပွဲဝင်အဖွဲ့တွေဟာ သြဂုတ်လ ၂၅ ရက်နေ့နောက်ဆုံးထားပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့် Cloud နဲ့AI Solutions များ ပေးပို့ရမယ်လို့ဆိုပါတယ်။ ပြိုင်ပွဲမှာ စိုက်ပျိုးရေး ၊ ပညာရေး ၊ ကျန်းမာရေး စောင့်ရှောက်မှု နဲ့စီးပွားရေး လုပ်ငန်းကဏ္ဍမျိုးစုံနဲ့ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီး Windows ၊ Linux ၊ Android ၊ iOS စတဲ့ OS ပလက်ဖောင်းမျိုးစုံ သုံးပြီး အင်္ဂလိပ် ၊ မြန်မာ မိမိနှစ်သက်ရာ ဘာသာနဲ့ရေးပို့ရမှာပါ။



Photo: Duwun Tech

သြဂုတ်လ ၃၀ ရက်နေ့မှာ ထိပ်ဆုံး ၁၂ သင်းကို ကြေညာသွားမှာ ဖြစ်ပြီး ဆုရွေးချယ် ပေးအပ်ခြင်းနဲ့လက်တွေ့သရုပ်ပြ ယှဉ်ပြိုင်မှုကိုတော့ စက်တင်ဘာလ ၇ ရက်နေ့မျာ ကျင်းပပြုလုပ်သွားမယ်လို့ဆိုပါတယ်။ ပြိုင်ပွဲမှာ အနိုင်ရ အသင်းတွေကို Huawei Certificate Voucher ၊ Internship အစီအစဉ် နဲ့HoE Award များ ပေးအပ်သွားမှာ ဖြစ်ပြီး ဆုကြေးအနေနဲ့ပထမဆုရ ပြိုင်ပွဲဝင် အသင်းကို Huawei Matebook လက်ပ်တော့ နဲ့ ဒေါ်လာ ၁၀၀၀ တန် Huawei Cloud Voucher ၊ ဒုတိယဆုရတဲ့ ပြိုင်ပွဲဝင်တွေအတွက် Huawei Mate 20 စမတ်ဖုန်းတစ်လုံး နဲ့ဒေါ်လာ ၅၀၀ တန် Huawei Cloud Voucher ၊ တတိယဆုရှင်များအတွက် Huawei Y9 2019 နဲ့ဒေါ်လာ ၃၀၀ တန် Huawei Cloud Voucher များ ပေးအပ်သွားမှာပါ။

ပြိုင်ပွဲမှာ Submission ပေးပို့ဖို့အတွက် မြန်မာစာစနစ်သုံး Chat Bot ၊ အင်္ဂလိပ်- မြန်မာ ဘာသာပြန်စနစ် ၊ မြန်မာနိုင်ငံအလံ ဖတ်ရှုမှုစနစ်၊ မြန်မာစာ အက္ခရာဖတ်စနစ် နဲ့မျက်နှာပြင်ဖတ်အက်ပ် စတဲ့ Solutions များနဲ့ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း Huawei Myanmar ဘက်မှ အကြံပြုချက် ပေးထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က