ကျောင်းသားကျောင်းသူ ၆၅ ဦး ရွေးချယ်သွားမှာပါ

နည်းပညာတက္ကသိုလ်နဲ့နိုင်ငံခြားဘာသာသင်တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများကို Internship အစီအစဉ်အနေနဲ့Huawei Myanmar မှ ဒီတစ်ပတ်ထဲမှာ စတင်ရွေးချယ်သွားမယ်လို့သိရပါတယ်။

         ရန်ကုန်ရုံးချုပ်မှာ ရှိတဲ့ Huawei Myanmar ရဲ့ အလုပ်သင်ခေါ်ဆိုတဲ့ အစီအစဉ်ဟာ ၂၀၁၇ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပြီး ဒီနှစ်မှာတော့ Internship အစီအစဏ်အတွက် လာရောက်လျှောက်ထားတဲ့ ကျောင်းသား/ကျောင်းသူပေါင်း ၂၄၀ ခန့်ရှိတယ်လို့ဆိုပါတယ်။ Huawei ဟာ မြန်မာနိုင်ငံ ICT ကဏ္ဍပိုင်းကို အထောက်အကူပြုရေးအတွက် နည်းပညာဆိုင်ရာ လူ့အရင်းအမြစ်ဖွံ့ဖြိုးစေဖို့အတွက် ဒီအစီအစဉ်ကို စတင်ခဲ့တာလည်း ဖြစ်ပါတယ်။



Photo: Huawei

         အလုပ်သင်ကာလ ၃ လကနေ ၆ လအထိ ကြာမြင့်မယ့် ဒီအစီအဉ်အတွက် ကျောင်းသားကျောင်းသူ ၆၅ ဦး ရွေးချယ်သွားမှာ ဖြစ်ပြီ အလုပ်သင်ကာလ ပြီးဆုံးချိန်မှာ ဒီထဲက ကျောင်းသား/ကျောင်းသူ ၂၀ ကို Huawei Myanmar ကုမ္ပဏီမှာ ဝန်ထမ်းအဖြစ် ခန့်အပ်သွားမယ်လို့လည်း ဆိုပါတယ်။

         Huawei ဟာ ပြည်တွင်းနည်းပညာနဲ့ကွန်ပျူတာ တက္ကသိုလ်များမှ ထူးချွန်တဲ့ အိုင်တီကျောင်းသား ၅၀ ကို ပညာသင်ဆုပေးတဲ့ ICT Talent Deveopment Program တစ်ခု စတင်ခဲ့ပြီး မကြာသေးမီက ဒီအစီအစဉ်အတွက် နားလည်မှု စာချွန်လွှာ MOU သက်တမ်းတိုးခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က