Huawei ရဲ့ စမတ်ဖုန်းရှယ်ယာတစ်ချို့ Samsung ကို ပေးရဖို့ ရှိပါတယ်

အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေးပိတ်ပင်မှု နောက်တစ်နှစ်ထပ်တိုးခံရတဲ့ Huawei ရဲ့ 5G Base stations တွေမှာ သုံးဖို့ chipset တွေ ထုတ်လုပ်ရာမှာ Samsung မှ ကူညီပေးဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။


ပြီးခဲ့တဲ့လကပဲ အမေရိကန်ကုန်သွယ်ရေးဌာနဟာ လုံခြုံရေးစိုးရိမ်ချက်ကြောင့် Huawei ကို ကုန်သွယ်ရေး ပိတ်ဆို့စာရင်း Entity List မှာ သက်တမ်း ၁ နှစ်ထပ်တိုးထားပါတယ်။ Entity List မှာ ထည့်သွင်းခံရတာကြောင့် Huawei ဟာ အမေရိကန် supply chain တွေဆီက နည်းပညာနဲ့ ထုတ်ကုန်ဝယ်ယူခွင့် ပိတ်ပင်ခံရသလို Google Mobile Services (GMS) လိုင်စင်လည်း ရပ်ဆိုင်းခံထားရပါတယ်။



Photo: kr-asia


Huawei ဟာ အရင်ဆုံး တယ်လီကွန်းဆက်သွယ်ရေးကုမ္ပဏီအဖြစ် စတင်ခဲ့ပြီး စမတ်ဖုန်းစီးပွားရေးကို နောက်မှ ဝင်ရောက်လာတာ ဖြစ်ပါတယ်။ စမတ်ဖုန်းဈေးကွက်မှာလည်း ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီအဖြစ် ရပ်တည်နေပါတယ်။ အမေရိကန်အစိုးရရဲ့ ကန့်သတ်ပိတ်ဆို့မှုသာ မရှိရင် ဒီနှစ်ကုန်မှာ Samsung ကို ကျော်ပြီး ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီဖြစ်ဖို့ပါ မျှော်မှန်းထားတာပါ။

Entity List ထဲ ထည့်သွင်းခံရပြီး အသစ်ထွက် စမတ်ဖုန်းတွေမှာ GMS လိုင်စင်မရတာကြောင့် တရုတ်ပြင်ပ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ ဝယ်လိုအား ထိခိုက်ခဲ့ပါတယ်။ Google Play Store ၊ Google Maps ၊ Google Search ၊ Gmail ၊ YouTube စတဲ့ ဝန်ဆောင်မှုတွေ ပါမလာဘဲ ကိုယ်ပိုင် Huawei Mobile Services (HMS) နဲ့ ထုတ်ခဲ့ပေမယ့် Huawei ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ စမတ်ဖုန်း အလုံးရေ သန်း ၂၄၀ အထိ တင်ပို့နိုင်ခဲ့ပါတယ်။

Huawei အတွက် ပိုပြီး အားထားရတဲ့ ပင်မစီးပွားရေးဟာ စမတ်ဖုန်းကဏ္ဍမဟုတ်ဘဲ တယ်လီကွန်းစီးပွားရေးကဏ္ဍဖြစ်ပါတယ်။ Huawei ဟာ 5G Base stations ပေါင်း ၆ သိန်းအတွက် စာချုပ်ချုပ်ဆိုထားပြီး ဒီ base stations တွေမှာ TSMC ထုတ် ကုမ္ပဏီပိုင် HiSilicon Kirin chipset တွေနဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။ အမေရိကန်ကုန်သွယ်ရေးဌာနရဲ့ အမိန့်ကြောင့် TSMC ဟာ Huawei နဲ့ စီးပွားရေးအရ ဆက်ဆံမှု ဖြတ်‌တောက်ထားပါတယ်။

ဒီအခြေအနေမှာ Samsung ဟာ Huawei ရဲ့ 5G Base Stations တွေအတွက် chips တွေ ထုတ်လုပ်ပေးဖို့ Huawei နဲ့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ Gizmochina သတင်းက ဖော်ပြထားပါတယ်။ Samsung ဟာ 7nm chipset တွေ ထုတ်လုပ်ဖို့ ဒက်ရှ်ကုမ္ပဏီ ASL က ထုတ်တဲ့ Extreme Ultra-Violet (EUV) ဆားကစ်ပုံနှိပ်စက်များ သုံးပါတယ်။ chips များ စမ်းသပ်ဖို့ သုံးတဲ့ စက်တွေကိုလည်း ဂျပန်ဆီက ဝယ်ယူပါတယ်။ 


Photo: ZDNet

ဒီထုတ်ကုန်မှာ အမေရိကန်နည်းပညာမပါတာကြောင့် Huawei အတွက် chips ထုတ်ပေးဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။ အပြန်အလှန်အားဖြင့် Huawei ဟာ Samsung ကို ကုမ္ပဏီရဲ့ စမတ်ဖုန်းရှယ်ယာတစ်ချို့ ပေးရဖို့ ရှိပါတယ်။ Huawei ဟာ တရုတ်မှ ထိပ်တန်း chipset ထုတ်လုပ်သူ SMIC ဆီကလည်း Kirin 710A အတွက် chipset တွေ မှာခဲ့ပါတယ်။ ဒီ chipset တွေဟာ 14nm FinFET process နဲ့ ထုတ်ထားတာ ဖြစ်ပါတယ်။

SMIC အနေနဲ့ နှစ်ကုန်ပိုင်းမှာ 7nm chipset တွေ ထုတ်လုပ်ဖို့ မျှော်လင့်ထားပေမယ့် ဒီ chips တွေ ထုတ်ဖို့ အမေရိကန်နည်းပညာ သုံးမယ်ဆိုရင်တော့ အမေရိကန်အစိုးရဆီက လိုင်စင်ရမှ ဖြစ်မှာပါ။ Asia Times သတင်းအရ Samsung ဟာ 7nm chipset တွေ ထုတ်လုပ်ဖို့ ဂျပန်နဲ့ ဥရောပမှ chip ထုတ်လုပ်တဲ့ နည်းပညာကို သုံးပြီး အသေးစား ထုတ်လုပ်မှု စတင်နေတယ်လို့လည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က