ဒေါ်လာ ၆၄ ဘီလျံကျော် ဝင်ခဲ့တာပါ

Huawei ဟာ ၂၀၂၀ ပထမ ၆ လအတွင်း နှစ်အလိုက် ဝင်ငွေနဲ့ အသားတင်အမြတ်ငွေရရှိမှု မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကပ်ဘေးနဲ့ အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေးပိတ်ဆို့မှုတွေ ရှိခဲ့ပေမယ့် Huawei ဟာ အရင်နှစ်ကာလတူထက် ဝင်ငွေ မြင့်ခဲ့တာ ဖြစ်ပါတယ်။ South China Morning Post သတင်းအရ Huawei ဟာ ပြီးခဲ့တဲ့နှစ် ပထမ ၆ လအတွင်း ယွမ် ၄၀၁.၃ ဘီလျံ ရခဲ့တာ ဖြစ်ပြီး ဒီနှစ်မှာတော့ ယွမ် ၄၅၄ ဘီလျံ (ဒေါ်လာ ၆၄.၈ ဘီလျံ) ဝင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ 



Photo: GSMArena

အသားတင်အမြတ်အနေနဲ့ ပြီးခဲ့တဲ့နှစ်မှာ ၈.၇% ရခဲ့ပြီး ဒီနှစ်ထဲမှာ ၉.၂% အထိ ရခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ Huawei ရဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေဟာ စားသုံးသူ Consumer ကဏ္ဍ ၊ တယ်လီကွန်း Carrier နဲ့ ကော်ပိုရေးရှင်း Enterprise တွေ ဖြစ်ပါတယ်။ မိုဘိုင်းထုတ်ကုန်တွေ ရောင်းချတဲ့ Consumer ကဏ္ဍဝင်ငွေဟာ ယွမ် ၂၅၅.၈ ဘီလျံ ၊ Carrier ပိုင်းမှ ယွမ် ၁၅၉.၆ ဘီလျံ နဲ့ Enterprise မှ ယွမ် ၃၆.၃ ဘီလျံ နှုန်းနဲ့ ရလဒ်ကောင်းတွေ ရခဲ့တာပါ။

Huawei ရဲ့ ပထမ ၆ လဝင်ငွေရဲ့ ထက်ဝက်ကျော်ဟာ စမတ်ဖုန်း ၊ တက်ဘလက် နဲ့ မိုဘိုင်းလ်ထုတ်ကုန်များ ရောင်းချရာကနေ ရရှိခဲ့တာ ဖြစ်ပြီး အမေရိကန်အစိုးရရဲ့ Trade Ban နဲ့ ရင်ဆိုင်နေရတဲ့ Carrier စီးပွားရေးကတော့ ဝင်ငွေရဲ့ ၃၅% ပဲ ပံ့ပိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ Huawei ဟာ ဒီနှစ် မေနဲ့ ဧပြီနှစ်လစလုံးမှာ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီကြီးဖြစ်တဲ့ Samsung ကို ပထမဆုံးအကြိမ် ကျော်တက်လာခဲ့ပါတယ်။


Photo: Bloomberg

တရုတ်စမတ်ဖုန်းဈေးကွက်မှာ ဈေးကွက်ဝေစု ၆၀% ကျော် ရထားတဲ့ Huawei ဟာ ၂၀၂၀ ဒုတိယသုံးလပတ်ဖြစ်တဲ့ မေလကနေ ဇွန်အထိ စမတ်ဖုန်းအလုံးရေ ၅၅ သန်း ရောင်းချနိုင်ခဲ့ပြီး Samsung ကတော့ စမတ်ဖုန်းအလုံးရေ ၅၁ သန်းပဲ ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ Gizmochina သတင်းမှာ မေလအထိ Samsung ဟာ စမတ်ဖုန်းအလုံးရေ ၈၁.၉၇ သန်း တင်ပို့နိုင်ခဲ့ပြီး ဈေးကွက်ဝေစု ၁၉.၇% ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း နိုင်ငံ့လုံခြုံရေး စိုးရိမ်ချက်များကြောင့် Huawei ကို 5G ကွန်ရက်ကနေ ပိတ်ပင်မှုတွေ ရှိနေပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာလည်း နိုင်ငံရဲ့ 5G ကွန်ရက်မှာ Huawei ကို ပိတ်ပင်ဖို့ ဒီနေ့မှာ ဆုံးဖြတ်ချက် ချသွားဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က