Tencent မှ ပညာရှင်များလည်း ပူးပေါင်းထားပါတယ်။

အောက်တိုဘာလထဲမှာ HoneMeng OS သစ်ဟာ ဈေးကွက်ထဲ ရောက်လာတော့မယ်လို့သတင်းများ ထွက်ပေါ်နေပါတယ်။


         ကမ္ဘာ့ဈေးကွက်မှာ Ark OS လို့ခေါ်သွားမယ့် ဒီ OS သစ်ကို ကနေဒါ ၊ သြစတြေးလျ ၊ ကမ္ဘာဒီယား ၊ EU ၊ အင်ဒိုနီးရှား ၊ အိန္ဒိယ ၊ မက္ကဆီကို ၊ စပိန် ၊ ဆွစ်ဇာလန်နဲ့ထိုင်းအပါအဝင် နိုင်ငံ အမြောက်အများမှာ Trademark တင်သွင်းထားတယ်လို့ကမ္ဘာ့ဉာဏမူပိုင်ခွင့် အဖွဲ့အစည်း WIPO ရဲ့ Gloabl Brand Database မှာ ဖော်ပြထားပါတယ်။ HongMeng ဟာ Android စနစ်ကို တဖြည်းဖြည်း အစားထိုးသွားမယ့် OS သစ်ဖြစ်တယ်လို့တရုတ်နိုင်ငံ အစိုးပိုင် Global Times က ပြီးခဲ့တဲ့ မေလထဲမှာ ရေးသားခဲ့ပါတယ်။

Photo: GSMArena



         Google ဟာ လာမယ့် သြဂုတ်လ ၁၉ ရက်နေ့ကစပြီး Huawei ရဲ့ နောက်ထွက် ထုတ်ကုန်တွေမှာ support ပေးမှု ရပ်တန့်ရတော့မှာပါ။ Huawei ဟာ လာမယ့် အောက်တိုဘာလထဲမှာ Huwei Mate 30 series သစ်တွေ ကြေညာသွားမှာ ဖြစ်ပေမယ့် ဒီဖုန်းတွေမှာ ကုမ္ပဏီရဲ့ OS သစ် ပါလာဖို့မရှိဘူးလို့ဆိုပါတယ်။ Global Times သတင်းမှာပဲ Huawei ရဲ့ OS သစ်ဟာ တရုတ်နိုင်ငံရဲ့ အင်အားကြီး နည်းပညာကုမ္ပဏီတစ်ခု ဖြစ်တဲ့ Tencent နဲ့ပူးပေါင်းရေးဆွဲထားပြီး OPPO နဲ့Vivo တို့ဟာလည်း ဒီ OS သစ်ကို စမ်းသပ်သုံးစွဲနေတယ်လိ့ဖော်ပြထားပါတယ်။

         HongMeng OS သစ်ဟာ Google ရဲ့ Android OS စနစ်ထက် ၆၀% ပိုမြန်တယ်လို့လည်း သတင်းများမှာ ရေးသားနေကြပြီး ဒီ OS သစ်ကို တရုတ်မှာပဲ စတင် စမ်းသပ်နေတာဟာ နိုင်ငံတကာပရိတ်သတ်ရဲ့ လိုအပ်ချက်နဲ့ကိုက်ညီမှု မရှိသေးတာကြောင့်လို့ဆိုပါတယ်။ HongMeng OS သစ် မှတ်ပုံတင်မှုကို ပြီးခဲ့တဲ့လက တရုတ်အမျိုးသား ဉာဏမူပိုင်ခွင့်ဆိုင်ရာ အဖွဲ့အစည်း CNIPA မှ ခွင့်ပြုချက်ပေးခဲ့ပါတယ်။

Photo: hongmengreview

         ဒီ trademark အရ HongMeng ဟာ စမတ်ဖုန်းတွေအပြင် တက်ဘလက်နဲ့PC ထုတ်ကုန်တွေမှာပါ သုံးနိုင်မယ်လို့ဆိုပါတယ်။ Huawei အနေနဲ့ဒီ OS သစ် သုံးထားတဲ့ စမတ်ဖုန်းပေါင်း ၁ သန်း ကို တင်ပို့ရောင်းချဖို့စီစဉ်ပြီး ဖြစ်တယ်လို့Rosenblatt Securities မှာ ဖော်ပြထားပါတယ်။ HongMeng OS သုံး ဖုန်းတွေဟာ Android app အားလုံးနဲ့ကိုက်ညီမှု ရှိပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကာကွယ်ဖို့security စနစ်များလည်း အဆင့်မြှင့်ထားတယ်လို့ဆိုပါတယ်။

         Huawei ဟာ AppGallery မှာလည်း app သစ်တွေ လာတင်ဖို့Developers ပေါင်း ၅ သိန်း ၆ သောင်းကျော် ရှိတဲ့ community တစ်ခုကိုလည်း ဖိတ်ကြားထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က