Android apps တွေနဲ့အလုပ်လုပ်နိုင်မှာပါ

ဒီနှစ် အောက်တိုဘာလထဲမှာ ဖြန့်ချိသွားဖို့ရှိတဲ့ Huawei ရဲ့ Hongmeng OS သစ်ဟာ Android စနစ်ထက် ပိုမြန်မယ်လို့ဆိုပါတယ်။

Photo: digitalphablet



         Huawei ဟာ ပြီးခဲ့တဲ့ ၇ နှစ်ကတည်းက ကိုယ်ပိုင် Operating System တစ်ခု တီထွင်နေခဲ့တာ ဖြစ်ပြီး အခုဆို အပြီးသတ် final stage ကို ရောက်နေပြိလို့Huawei ကုမ္ပဏီဘက်မှ ထုတ်ပြန်ထားပါတယ်။ Huawei ရဲ့ Hongmeng OS သစ်ကို လာမယ့် အောက်တိုဘာမှာ download ဆွဲနိုင်တော့မှာ ဖြစ်တယ်လို့လည်း Huawei CEO နဲ့တည်ထောင်သူ ရန်ဇီဖိန်းရဲ့ ပြောကြားချက်ကို ကိုးကားပြီး Digital Phablet သတင်းမှာ ဖော်ပြထားပါတယ်။

         "ကျွန်တော်တို့အနေနဲ့ကိုယ်ပိုင် chipset နဲ့OS အပါအဝင် Plan B အနေနဲ့စီစဉ်ထားပါတယ်။ မကြာခင် ထွက်ရှိလာမယ့်Huawei ရဲ့ OS သစ် Hongmeng ဟာ Android ထက် ၆၀% ပိုမြန်ဆန်ပါလိမ့်မယ်။ "လို့မစ္စတာရန်ဇီဖိန်းက မီဒီယာများနဲ့တွေ့ဆုံစဉ်မှာ ပြောခဲ့ပါတယ်။ Hongmeng OS သစ်ဟာ open platform ဖြစ်ပြီး developers တွေနဲ့အပြန်အလှန် ပါဝင်ရေးဆွဲနိုင်တဲ့ ရိုးရှင်းတဲ့ စနစ်တစ်ခု ပါပြီး features သစ်တွေလည်း ထည့်သွင်းထားတယ်လို့ဆိုပါတယ်။

         Hongmeng OS ကို Huawei ကနေ ထုတ်တဲ့ စမတ်ဖုန်း ၊ PC ကွန်ပျူတာ ၊ တက်ဘလက် ၊ တီဗွီ ၊ ကား ၊ Wearable ထုတ်ကုန်များမှာ သုံးနိုင်မှာ ဖြစ်ပြီး Android apps တွေနဲ့လည်း ချိတ်ဆက်နိုင်မယ်လို့ပြောထားပါတယ်။ ဒီ OS သစ်ကို တရုတ်ဈေးကွက်မှာ ပထမဆုံး စမ်းသပ်သွားမှာ ဖြစ်ပြီး ၂၀၁၉ အကုန် ၂၀၂၀ နျစ်ဆန်းပိုင်းမှာ တစ်ခြားပြင်ပဈေးကွက်တွေမှာလည်း သုံးနိုင်ဖို့ရှိပါတယ်။

Photo: seobizworld

         Huawei ဟာ Hongmeng OS အပြင် App Arcade နဲ့chipset တွေမှာ အလုပ်လုပ်နိုင်မယ့် ဆော့ဖ်ဝဲလ်များလည်း တီထွင်ထားပါတယ်။ Google ရဲ့ နောက်ထွက် Android ဗားရှင်းသစ်ဖြစ်တဲ့ Android Q ဟာ နှစ်ကုန်ပိုင်းမှာ အန်းဒရိုက်ဖုန်းတွေအတွက် ထွက်လာတော့မှာပါ။ Android Q ကိုတော့ Huawei ဖု်းနဲ့လက်ပ်တော့တွေမှာ သုံးနိုင်တော့မှာ မဟုတ်တော့ပါဘူး။

         မေလလယ်က စပြီး အမေရိကန်အစိုးရဟာ Huawei ကုမ္ပဏီနဲ့အမေရိကန်ကုမ္ပဏီများအကြား စီးပွားရေး လက်တွဲလုပ်မှုကို တားမြစ် ပိတ်ပင်ခဲ့တာကြောင့် Google ဟာ Huawei ထုတ်ကုန်တွေမှာ Android နဲ့apps သုံးခွင့် ကန့်သတ်ပိတ်ပင်ခဲ့ပါတယ်။ လက်ရှိမှာတော့ အမေရိကန် ကုန်သွယ်ရေးဌာနဟာ Huawei အတွက် အမေရိကန် Suppliers တွေနဲ့အလုပ်တွဲလုပ်ဖို့ရက် ၉၀ ယာယီ လိုင်စင် ထုတ်ပေးထားပြီး ဒီလိုင်စင်ဟာ လာမယ့် သြဂုတ်လ ၁၉ ရက်နေ့မှာ ကုန်ဆုံးသွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က