Huawei ရဲ့ ကိုယ်ပိုင် ရှာဖွေရေးအင်ဂျင်တစ်ခု ဖြစ်တဲ့ Petal Search ဝန်ဆောင်မှုကတော့ ဈေးကွက်မှာ စတင် ဖြန့်ချိနေပြီ ဖြစ်ပါတယ်။

Petal Search ကို ပြီးခဲ့တဲ့ မေလထဲမှာ Huawei ဟာ တရားဝင်ကြေညာခဲ့တာ ဖြစ်ပါတယ်။ Beta ဗားရှင်းမှာ Petal Search လို့ မဟုတ်ဘဲ Huawei Search ဆိုပြီး နာမည်ရိုးရိုးပဲ ပေးထားတာပါ။ Petal Search ဟာ Huawei Mobile Services ecosystem ထဲမှာ ပါလာပြီး Google Search အစား သုံးဖို့ ဖန်တီးလိုက်တဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။




Photo: AndroidPIT

စင်ကာပူမှာ Petal Search ကို ကုမ္ပဏီရဲ့ AppGallery ကနေ ဒေါင်းလုပ်ဆွဲနိုင်ပြီ ဖြစ်တယ်လို့ Gimochina သတင်းက ဆိုပါတယ်။ ၂၀၁၉ နှစ်ဆန်းပိုင်းက စလို့ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုများ ကြုံလာပြီး Google ဝန်ဆောင်မှု မရတော့တာကြောင့် Huawei ဟာ ကိုယ်ပိုင် မိုဘိုင်းservices နဲ့ တစ်ခြား app တွေ တည်ဆောက်လာတာ ဖြစ်ပါတယ်။

တစ်နှစ်အတိုင်းအတာအတွင်းမှာ Huawei ဟာ ကိုယ်ပိုင် ဆော့ဖ်ဝဲလ် ecosystem တည်ဆောက်မှုနဲ့ Huawei Mobile Services တိုးချဲ့မှုကိုများ လုပ်ဆောင်ခဲ့ပါတယ်။ Petal Search ဟာ third party sources တွေဆီမှ app တွေကို အလွယ်တကူ ရှာဖွေနိုင်ပြီး Download ဆွဲနိုင်မှာပါ။

Petal Search ကို နောက်ဆုံးထွက် EMUI 10 ဗားရှင်းဖြစ်တဲ့ v10.1.0.131 တင်ထားတဲ့ ဖုန်းတွေမှာ ဒေါင်းလုပ်ဆွဲနိုင်မှာပါ။ ဒီ app မှာ ပါတဲ့ လုပ်ဆောင်ချက်အပြည့်အစုံကိုတော့ နိုင်ငံအားလုံးမှာ အခုလောလောဆယ် သုံးလို့ ရဦးမှာ မဟုတ်ပါဘူး။ မကြာခင်မှာ နောက်ထပ် ဈေးကွက်တွေကိုလည်း တိုးချဲ့သွားမှာပါ။

အခုလောလောဆယ်မှာတော့ Petal Search app ဟာ ဘာသာစကား ၄၀ ပံ့ပိုးထားပြီး နိုင်ငံနဲ့ နယ်မြေဒေသပေါင်း ၄၅ ခုမှာ သုံးနိုင်မယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က