ကုန်ကျစရိတ် ပိုတက်လာဖို့ရှိပါတယ်။

Huawei ရဲ့ ကွန်ရက်ပစ္စည်းတွေကို အသုံးပြုနေရတဲ့ အမေရိကန် ကျေးလက်တယ်လီကွန်း carriers တွေဟာ Ericsson နဲ့Nokia တို့နဲ့ဆွေးနွေးညှိနှိုင်းမှု လုပ်နေတယ်လို့ဆိုပါတယ်။

           တစ်ဒါဇင်ခန့်ရှိတဲ့ ဒီတယ်လီကွန်းတွေဟာ Huawei ပစ္စည်းအစိတ်အပိုင်းတွေအစား ဆွီဒင်မှ Ericsson နဲ့ဖင်လန်မှ Nokia တို့ရဲ့ ပစ္စည်းတွေ သုံးဖို့ညှိနှိုင်းနေကြတယ်လို့နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ခုကို ကိုးကားပြီး Reuters မှာ ဖော်ပြထားပါတယ်။ Reuters သတင်းအရ အလာဘားမားမှ Pine Belt နဲ့ဝိုင်ယိုမင်းမှ Union Wireless တို့အပါအဝင် carriers တွေဟာ လျှော့ဈေးရဖို့နဲ့အစိုးရရဲ့ အကူအညီလည်း မျှော်လင့်နေပေမယ့် အခုထိ သဘောတူညီမှု မရသေးဘူးလို့ဆိုပါတယ်။




Photo: Yahoo Finance    


       အမေရိကန် ကွန်ရက်တွေမှာ Huawei ရဲ့ ကွန်ရက်ပစ္စည်းအစိတ်အပိုင်းတွေ သုံးနေတာ မရှိသလောက် နည်းပြီး ကျေးလက်ပိုင်းဆင်းတဲ့ တယ်လီကွန်း အော်ပရေတာ အနည်းငယ်မှာပဲ Huawei base stations တွေ ရှိတယ်လို့Huawei ရဲ့ အလှည့်ကျဥက္ကဌတစ်ဦးဖြစ်တဲ့ အဲရစ်ရှုက ပြောထားပါတယ်။ အမေရိကန်က တယ်လီကွန်းကုမ္ပဏီ အကြီးစားတွေဟာ တရုတ်တယ်လီကွန်းတွေ ဖြစ်တဲ့ Huawei နဲ့ZTE တို့ရဲ့ ပစ္စည်းအစိတ်အပိုင်းတွေ မသုံးကြပေမယ့် ကျေးလက် carriers ငယ်တွေကတော့ ဈေးသက်သာပြီး အရည်အသွေးမြင့်တဲ့ မိုဘိုင်းကွန်ရက်ပစ္စည်းတွေအတွက် Huawei နဲ့ZTE တို့အပေါ် အားကိုးနေရတာပါ။            

            လုံခြုံရေးစိုးရိမ်ချက်ကြောင့် အမေရိကန်အစိုးရမှ နိုင်ငံတွင်း ကုမ္ပဏီတွေအနေနဲ့Huaweiနဲ့စီးပွားရေး လုပ်ဆောင်မှု ပိတ်ပင်ထားပါတယ်။ တစ်ဘက်မှာလည်း အမေရိကန် ကျေးလက် carriers တွေအနေနဲ့အဝယ်ကုမ္ပဏီ ပြောင်းဖို့ဆိုတာ မလွယ်ဘူးလို့ဈေးကွက်လေ့လာသူတွေက ဆိုပါတယ်။Nokia နဲ့Ericsson တို့ဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ငွေကြေးအရ ရုန်းကန်ခဲ့ရတာကြောင့် Huawei ရဲ့ ဈေးမျိုးနဲ့ပစ္စည်းတွေ ရောင်းချဖို့မရှိဘူးလို့သုံးသပ်နေကြပါတယ်။

Photo: euronews

           Huawei ပစ္စည်းအစိတ်အပိုင်းတွေ ဝယ်သုံးခွင့် မရတော့ဘူးဆိုရင် အမေရိကန် ကျေးလက်တွေမှာ ဆယ်လူလာဝန်ဆောင်မှုပါ ပြတ်တောက်သွားဖို့ရှိပါတယ်။ နှစ်ဖက်လွှတ်တော်အမတ်တွေ ပါဝင်တဲ့ ဆီးနိတ်အဖွဲ့တစ်ခုကတော့ Local carrier တွေ သူတို့ရဲ့ နည်းပညာကို အစားထိုးရာမှာ ဒေါ်လာ သန်း ၇၀၀ ကူညီဖို့အဆိုပြုထားပေမယ့် Rural Wireless Association ကတော့ အနည်းဆုံး ဒေါ်လာ သန်း ၈၀၀ ကနေ ၁ ဘီလျံအထိ လိုအပ်မယ်လို့ဆိုပါတယ်။

           ယခုသတင်းအပေါ် Nokia နဲ့Ericsson တို့မှ မှတ်ချက်ပြုဖို့ငြင်းဆန်ထားပါတယ်။ အမေရိကန်ကျေးလက် carriers တွေအနေနဲ့ဘယ်အပိုင်းမှာ ပစ္စည်းတွေ အစားထိုးမလဲဆိုတဲ့အချက်ကို ပြန်ကြည့်ရမှာ ဖြစ်လို့Nokia ၊ Ericsson တို့ရဲ့ ဆွေးနွေးမှုဟာ ယခုနှစ်နောက်ပိုင်းအထိ ဖြစ်လာဖို့လည်း မရှိသေးဘူးလို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က