လုံခြုံရေးစိုးရိမ်ချက်အကြောင်းပြုပြီး ကုန်သွယ်မှူ ပိတ်ပင်ထားတဲ့ Huawei ကို အမေရိကန်ကုမ္ဗဏီတွေမှ တယ်လီကွန်းပစ္စည်းအစိတ်အပိုင်း ရောင်းချခွင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ အတည်ပြုလိုက်ပါတယ်။
သမ္မတထရမ့်ဟာ ဂျပန်နိုင်ငံ အိုဆာကာမျာ ကျင်းပတဲ့ G20 Summit မှာ မီဒီယာတွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သမ္မတထရမ့်အနေနဲ့Huawei ကို အမေရိကန် ကုမ္ဗဏီတွေအနေနဲ့ပစ္စည်းရောင်းချခွင့် ပြုကြောင်း မပြောကြားခင်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဆုံခဲ့တာပါ။
Photo; SCMP
“ ကျွန်တော်တို့အနေနဲ့သူတို့ဝယ်လို့ရမယ့် ပစ္စည်းစာရင်းတွေ ပေးသွားမှာပါ” လို့သမ္မတထရမ့်မှ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့တရုတ်သမ္မတရှီနဲ့လည်း အလွန်ကောင်းမွန်တဲ့ တွေ့ဆုံမှူတစ်ခု လုပ်ခဲ့ပါတယ်။စကားတွေ အများကြီး ပြောဖြစ်ကြပါတယ်။ ကျွန်တော်တို့လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပါတယ်”
အမေရိကန်ကုမ္ဗဏီတွေဟာ နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှူ ဖြစ်စေမယ့် ပစ္စည်းအစိတ်အပိုင်းတွေ မပါသရွေ့Huawei ကို ရောင်းချနိုင်မယ်လို့South China Morning Post မှာ ဖော်ပြထားပါတယ်။ ဒါဟာ လက်ရှိ Huawei ပေါ် အမေရိကန်ကုမ္ဗဏီတွေ ပစ္စည်းရောင်းချခွင့် ပိတ်ထားတဲ့ ပိတ်ပင်မှူကို အဆုံးသတ်လိုက်တာ ဖြစ်ပေမယ့် Huawei ကို ကုန်သွယ်ရေးဌာနရဲ့ Entity List ကနေ ဖယ်ရှားဖို့ဆုံးဖြတ်ချက်ကတော့ ထပ်ပြီး ဆွေးနွေးရဦးမှာ ဖြစ်တယ်လို့ထရမ့်က ဆိုပါတယ်။
Photo: GSMArena
သမ္မတထရမ့်ဟာ လာမယ့် အင်္ဂါနေ့မှာ Huawei ကို Entity List မှာ ဆက်လက်ထားမယ် ၊ မထားဘူးဆိုတာနဲ့ပတ်သက်ပြီး အစည်းအဝေးတစ်ရပ် လုပ်သွားမှာပါ။ G20 Summit မှာ ထရမ့်နဲ့တရုတ်သမ္မတရှီတို့ဟာ ကနေဒါမှာ အကျဉ်းချခံထားရတဲ့ Huawei ရဲ့ CFO မန်ဝမ်ကျိုးနဲ့ပတ်သက်ပြီး ဆွေးနွေးမှူ မလုပ်ခဲ့ဘူးလို့လည်း သိရပါတယ်။
G20 Summit မှာ သမ္မတထရမ့်ဟာ တရုတ်သွင်းကုန်အခွန်တွေအပေါ် ဒေါ်လာ ဘီလျံ ၃၀၀ ကောက်ခံမယ့် ကုန်သွယ်ခွန်သစ်ကိုလည်း ဆက်မလုပ်တော့ကြောင်း အတည်ပြုခဲ့ပါတယ်။