ပြည်သူတွေရဲ့ သဘောထားလည်း တောင်းခံထားပါတယ်

အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနဟာ Huawei နဲ့ စီးပွားရေး လုပ်ကိုင်နေတဲ့ အမေရိကန်ကုမ္ပဏီတွေကို မေလ ၁၅ ရက်နေ့အထိ လိုင်စင်သက်တမ်း တိုးပေးနေတယ်လို့ဆိုပါတယ်။

အမေရိကန်အစိုးရဟာ ကုန်သွယ်ရေး ကန့်သတ်ပိတ်ပင်ထားတဲ့ Huawei နဲ့ စီးပွားရေး ပူးပေါင်းလုပ်ကိုင်မယ့် အမေရိကန်ကုမ္ပဏီတွေကို ယာယီကုန်သွယ်ရေးလိုင်စင်များ ထုတ်ပေးနေပြီး အစောပိုင်းက ဧပြီ ၁ ရက်နေ့အထိ လိုင်စင်သက်တမ်း တိုးပေးထားတာ ဖြစ်လို့ Reuters က ဆိုပါတယ်။



Photo: Tech Crunch


ပြီးခဲ့တဲ့နှစ် မေလထဲမှာ အမျိုးသားလုံခြုံရေး စိုးရိမ်မှုကြေင့် Huawei ကို စီးပွားရေး ကန့်သတ်ပိတ်ပင်စာရင်းမှာ ထည့်သွင်းပြီးနောက် အမေရိကန် စီးပွားကူးသန်းဌာနဟာ အမေရိကန်ကျေးလက်တစ်ခွင်က ကြိုးမဲ့ကွန်ရက်များ လုပ်ငန်းအဟန့်အတား မဖြစ်စေဖို့ အမေရိကန်ထုတ် ပစ္စည်းတစ်ချို့ကို လိုင်စင်နဲ့ ဝယ်ခွင့်ပေးလာတာပါ။

အမေရိကန်နယ်ဘက်ကျေးလက်မှ တယ်လီကွန်းအော်ပရေတာ အများအပြားဟာ 3G နဲ့ 4G ကွန်ရက်တည်ဆောက်မှုအတွက် Huawei ပေါ် မှီခိုအားထားနေရတာ ဖြစ်ပါတယ်။ အမေရိကန် စီးပွားကူးသန်း ဌာနဟာ Huawei ပေါ် နောက်ထပ် လိုင်စင်ထပ်တိုးပေးသင့်မသင့်အတွက် အများပြည်သူ မှတ်ချက်တောင်းနေပြီး ယာယီအထွေထွေလိုင်စင် သက်တမ်း မတိုးရင် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်သလဲဆိုတာ ကုမ္ပဏီအဖွဲ့အစည်းတွေကို မေးမြန်းထားပါတယ်။

Photo: Engadget


အမေရိကန်စီးပွားကူးသန်းဌာနဟာ Huawei ကို ပထမဆုံးအကြိမ် အရေးယူမှု ဖြေလျှော့ပေးတဲ့ အနေနဲ့ မေလ ၂၀ ရက်နေ့ကနေ ဩဂုတ်လ ၁၉ ရက်နေ့အထိ ရက် ၉၀ ယာယီလိုင်စင် ထုတ်ပေးခဲ့ပါတယ်။ ယာယီ အထွေထွေလိုင်စင် TGL သက်တမ်းကုန်တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ကနေ နောက်ထပ် ဒုတိယအကြိမ် ရက် ၉၀ သက်တမ်းတိုးမှုအဖြစ် နိုဝင်ဘာ ၁၉ ရက်နေ့အထိ ထပ်မံ သက်တမ်းတိုးပေးခဲ့တာပါ။

၂၀၂၀ ဖေဖော်ဝါရီ ၁၆ရက်နေ့မှာ သက်တမ်းကုန်ဆုံးမယ့် တတိယအကြိမ် ယာယီအထွေထွေလိုင်စင်ကို ဧပြီ ၁ ရက်နေ့အထိ သက်တမ်းတိုးပေးခဲ့ပြီးနောက် အခုလို မေလ ၁၅ ရက်နေ့အထိ ထပ်တိုးပေးတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းမှာ Google ဟာ Huawei နဲ့ စီးပွားရေး ဆက်လုပ်နိုင်ဖို့ လိုင်စင်လျှောက်ခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က