loading...

loading...

loading...

ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ သက်တမ်းကုန်မှာပါ
Nyein Min Wai

အမေရိကန်အစိုးရဟာ Huawei နဲ့ လက်တွဲပြီး စီးပွားရေးလုပ်ကိုင်နေတဲ့ အမေရိကန်ကုမ္ပဏီတွေအတွက် ယာယီအထွေထွေလိုင်စင် သက်တမ်းသစ် ထပ်တိုးပေးလိုက်ပြီ ဖြစ်ပါတယ်။

၂၀၁၉ နှစ်ဆန်းပိုင်းက စပြီး အီလက်ထရောနစ် သူလျှိုထောက်လှမ်းမှု လုပ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုနဲ့ အမေရိကန်အစိုးရဟာ ပြိုင်ဘက်နိုင်ငံခြားတိုင်းပြည်တွေဆီက ပစ္စည်းအစိတ်အပိုင်း ဝယ်ယူမှုကို ကန့်သတ်ပိတ်ပင်ခဲ့ပါတယ်။ ဒီကန့်သတ်မှုရဲ့ အဓိကပစ်မှတ်ကတော့ တရုတ်နိုင်ငံမှာ အခြေစိုက်ပြီး တရုတ်အစိုးရရဲ့ဩဇာခံ အမေရိကန်ကို သူလျှိုလုပ်နေတယ်လို့ အမေရိကန်ဘက်က စွပ်စွဲထားတဲ့ Huawei ကို တိုက်ရိုက် ရည်ရွယ်ခဲ့တာပါ။

Photo: Engadget


Huawei ဘက်ကတော့ ဒီစွပ်စွဲမှုကို အစဉ်တစိုက် ငြင်းဆန်ထားပေမယ့် မေလ ၁၅ ရက်နေ့မှာ Huawei Technologies နဲ့အတူ ယင်းနဲ့ဆက်စပ်လက်တွဲ လုပ်ဆောင်နေတဲ့ ကုမ္ပဏီများကို ပိတ်ပင်သွားမယ်လို့ကြေညာချက်ထွက်လာခဲ့ပါတယ်။ Trade ban အဖြစ် ပိတ်ပင်မှုအရ အမေရိကန်ကုမ္ပဏီတွေဟာ အမေရိကန် ကုန်သွယ်ရေးဌာန စက်မှုနဲ့ လုံခြုံရေး ဗြူရို BIS ရဲ့ လိုင်စင်မပါဘဲ Huawei ကို နည်းပညာရောင်းခြင်း လွှဲပြောင်းခြင်း လုပ်ခွင့် မရှိတော့ပါဘူး။

အမေရိကန်စီးပွားကူးသန်းဌာနဟာ Huawei ကို ပထမဆုံးအကြိမ် အရေးယူမှု ဖြေလျှော့ပေးတဲ့ အနေနဲ့ မေလ ၂၀ ရက်နေ့ကနေ ဩဂုတ်လ ၁၉ ရက်နေ့အထိ ရက် ၉၀ ယာယီလိုင်စင် ထုတ်ပေးခဲ့ပါတယ်။ ယာယီ အထွေထွေလိုင်စင် TGL သက်တမ်းကုန်တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ကနေ နောက်ထပ် ဒုတိယအကြိမ် ရက် ၉၀ သက်တမ်းတိုးမှုအဖြစ် နိုဝင်ဘာ ၁၉ ရက်နေ့အထိ ထပ်မံ သက်တမ်းတိုးပေးခဲ့တာပါ။


Photo: CNBC

" ယာယီအထွေထွေလိုင်စင် သက်တမ်းတိုးခြင်းကနေ အမေရိကန်နိုင်ငံ နယ်စွန်နယ်ဖျား ကျေးလက်ဒေသနေ ဖောက်သည်တွေကို တယ်လီကွန်းအော်ပရေတာတွေ ဆက်လက်ဝန်ဆောင်မှုပေးနေမှာပါ" လို့ အမေရိကန်စီးပွားကူးသန်းအတွင်းဝန် ဝီဘာရော့စ်က ထုတ်ပြန်ပါတယ်။ တတိယအကြိမ် သက်တမ်းတိုးခြင်းကို အစိုးရအဖွဲ့က ခွင့်ပြုလိုက်တာ ဖြစ်တယ်လို့လည်း Engadget သတင်းမှာ ဖော်ြပထားပါတယ်။

အမေရိကန်ရဲ့ ကျေးလက် တယ်လီကွန်းအော်ပရေတာတစ်ချို့ဟာ သူတို့ရဲ့ 3G နဲ့ 4G ကွန်ရက်တွေအတွက် Huawei ကို မှီခိုအားထားနေရတယ်လို့ Fox Business Network ကို ရော့စ်က ပြောထားပါတယ်။ ဒီယာယီလိုင်စင်ဟာ ကျေးလက်အော်ပရေတာတွေကို ဆက်လက် လုပ်ကိုင်လည်ပတ်နိုင်စေမှာ ဖြစ်ပါတယ်။ ယခုတစ်ကြိမ် လိုင်စင်သက်တမ်းကတော့ လာမယ့် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ကုန်ဆုံးမှာပါ။


loading...

က္က