သြဂုတ်လ ၁၉ ရက်နေ့အထိ အကျုံးဝင်မှာပါ

အမေရိကန်အစိုးရဟာ တရုတ်တယ်လီကွန်းကုမ္ပဏီ Huawei ပေါ် ကန့်သတ်ပိတ်ပင်မှုတစ်ချို့အား ဖြေလျှော့ပေးလိုက်ပါတယ်။

         ဒီရက်ပိုင်းအတွင်းမှာ သမ္မတထရမ့်ရဲ့ ညွှန်ကြားမှုနဲ့အတူ အမေရိကန်ကုန်သွယ်ဌာနဟာ Huawei အပါအဝင် ကုမ္ပဏီ ၆၈ ခုနဲ့အမေရိကန်ကုမ္ပဏီများ စီးပွားရေးပူးပေါင်းလုပ်ဆောင်မှုကို ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ ဒီညွှန်ကြားချက် ထွက်လာပြီးနောက် Google ဟာ Huawei ထုတ်ကုန်တွေပေါ်မှာ Android OS စနစ် support ပေးမှု ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။



Photo: NY Times

         လောလောဆယ်မှာတော့ အမေရိကန် ကုန်သွယ်ရေးဌာနဟာ မေ ၂၀ ရက်က စပြီး Huawei ပေါ် ချမှတ်ထားတဲ့ အမိန့်ညွှန်ကြားချက်တစ်ချို့ကို ရက် ၉၀ အထိ ဆိုင်းငံ့ပေးထားတယ်လို့ Channel News Asia သတင်းမှာ ဖော်ပြထားပါတယ်။ အမေရိကန်ကုန်သွယ် ဌာနအနေနဲ့Huawei Technologies ရဲ့ လက်ရှိ တည်ဆောက်နေတဲ့ ကွန်ရက်များ ထိန်းသိမ်းဖို့အမေရိကန်ထုတ် ပစ္စည်း အစိတ်အပိုင်းများ ဝယ်ယူခွင့်ပေးထားပြီး Huawei စမတ်ဖုန်းများအတွက် ဆော့ဖ်ဝဲလ် updates များလည်း ပေးထားပါတယ်။

         Huawei ဟာ နောက်ထပ် ထုတ်ကုန်သစ်များအတွက် လိုင်စင်မရှိဘဲနဲ့အမေရိကန်ထုတ် ပစ္စည်းအစိတ်အပိုင်းများ ဝယ်ယူခွင့် ပိတ်ခံထားရတာပါ။ အိုင်တီနဲ့ဆက်သွယ်ရေးဆိုင်ရာ အရေးပေါ်ကြေညာချက်အဖြစ် အမေရိကန်သမ္မတထရမ့်မှ လက်မှတ်ရေးထိုးထားတဲ့ အမိန့်ထဲမှာ အမေရိကန်ကုန်သွယ်ရေးဌာနဟာ စက်မှုနဲ့လုံခြုံရေးဗြူရို BIS ကနေ လိုင်စင်မရဘဲ အမေရိကန်ကုမ္ပဏီတွေအနေနဲ့Huawei နဲ့အတူ မိတ်ဘက်ကုမ္ပဏီ ၆၈ ခုပေါ် ရောင်းချခွင့် တားမြစ်ထားပါတယ်။

Photo: CNBC.com

         အခုလို ရက် ၉၀ ကြာ အမိန့်ကို ဆိုင်ငံ့ခြင်းဟာ Huawei ရဲ့ supply chain တွေ အပြောင်းအလဲဖြစ်မှုကြောင့် မျှော်လင့်မထားတဲ့ အကျိုးဆက်တွေ ရှိလာနိုင်တာကြောင့်လို့ဆိုပါတယ်။ ကုန်သွယ်ဌာနအရာရှိဟောင်း ဖြစ်သူ ဝါရှင်တန်မှ ရှေ့နေ ကယ်ဗင်ဝုဖ်ကတော့ "ရည်ရွယ်ချက်ကတော့ Huawei ပစ္စည်းအစိတ်အပိုင်းနဲ့စနစ်တွေ သုံးနေတဲ့ တစ်ခြား third party တွေပေါ် မမျှော်လင့်တဲ့ သက်ရောက်မှုတွေ ဖြစ်လာမှာကို ကန့်သတ်ဖို့ဖြစ်မှာပါ။ နောက်ပြီး ကွန်ရက်ပြတ်တောက်မှုတွေ ကနေ ကာကွယ်ဖို့ကြိုးစားတာလည်း ဖြစ်နိုင်ပါတယ်။" လို့ဆိုပါတယ်။

         ယခုဆိုင်းငံ့အမိန့်ပြင်ဆင်ချက်ဟာ လာမယ့် သြဂုတ်လ ၁၉ ရက်နေ့အထိ အကျုံးဝင်မှာ ဖြစ်ပြီး ဒီအတွင်းမှာ ယာယီအထွေထွေ လိုင်စင်တစ်ခု ထုတ်ပေးထားတယ်လို့ဆိုပါတယ်။ ဒီယာယီလိုင်စင်ကနေ Huawei အနေနဲ့လက်ရှိ ကွန်ရက်တွေအတွက် လိုအပ်တဲ့ ပစ္စည်းများ ဝယ်ယူနိုင်မှာ ဖြစ်ပြီး ဈေးကွက်ထဲ ရောက်ပြီးသား Huawei ဖုန်းတွေအတွက် ဆော့ဖ်ဝဲလ် updates များ ပေးသွားမှာပါ။

         အမေရိကန်နဲ့တရုတ်နိုင်ငံတို့ဟာ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကစပြီး ကုန်သွယ်ခွန်ကိစ္စနဲ့ကုန်သွယ်ရေးစစ် စတင်ခဲ့ပြီး ၂၀၁၈ နှစ်ကုန်ပိုင်းမှာ ရက် ၉၀ ယာယီပြေငြိမ်းမှု လုပ်ောဆင်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က