တရုတ်နဲ့ကနေဒါအကြား တင်းမာမှုများ မြင့်တက်နေပါတယ်

5G ဈေးကွက်ထဲ ဝင်ရောက်ခွင့် Huawei ကို တားမြစ်ထားမယ်ဆိုရင် ကနေဒါနိုင်ငံအနေနဲ့အကြပ်အတည်းတွေနဲ့ကြုံရလိမ့်မယ်လို့တရုတ်သံအမတ်က သတိပေးလိုက်ပါတယ်။

Photo: channelnewsasia



         " ကနေဒါအစိုးရသာ 5G ကွန်ရက်ဖော်ဆောင်ရေးမှာ Huawei ကို ပိတ်ပင်သွားမယ်ဆိုရင် ဘယ်လိုအကြပ်အတည်းတွေ ဆိုက်ရောက်လာမလဲဆိုတာ ကျွန်တော်ကတော့ မသေချာဘူး။ အကြပ်အတည်းတွေကတော့ ရှိလာမယ်လို့ကျွန်တော်ယုံတယ်" လို့အော်တိုတရုတ်သံအမတ် လုရှိန်းက အော်တိုဝါမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စကားပြန်က တစ်ဆင့် သတိပေးပြောကြားခဲ့တာပါ။

          တစ်ဆက်တည်းမှာပဲ ဒီပြဿနာကို အမြော်အမြင်ရှိရှိ ကိုင်တွယ်ဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။ ကနေဒါအစိုးရဟာ နိုင်ငံ့လုံခြုံအကြောင်းပြချက်နဲ့Huawei ရဲ့ 5G ကွန်ရက်သုံး ပစ္စည်းတွေ မဝယ်ဖို့သုံးသပ်လေ့လာနေပါတယ်။ အမေရိကန် ၊ နယူးဇီလန် နဲ့သြစတြေးလျတို့လို Huawei ကို ဆန့်ကျင်နေတဲ့ တစ်ခြား နိုင်ငံတွေနဲ့မတူတာက ကနေဒါဟာ Huawei ထုတ် တယ်လီကွန်းပစ္စည်းတွေ ပိတ်သိမ်းကြောင်း တရားဝင် မကြေညာသေးတာ ဖြစ်ပါတယ်။

         လောလောဆယ်မှာတော့ US နဲ့ယူကေတို့ဟာ Huawei ထုတ် တယ်လီကွန်းပစ္စည်းတွေ မသုံးဖို့လှုံ့ဆော်နေသလို ဂျပန် ၊ တောင်ကိုရီးယားနဲ့ဂျာမဏီတို့မှာလည်း Huawei ကုမ္ပဏီဟာ စုံစမ်းစစ်ဆေးခံနေရပါတယ်။ တရုတ်သံအမတ် လုအနေနဲ့တရုတ်ကို တိုက်ခိုက်ဖို့ကနေဒါအစိုးရအနေနဲ့နိုင်ငံတကာဆီက အကူအညီတောင်းခံမှုကို နောက်ဆုတ်ဖို့ဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးကို ပြောကြားခဲ့ပါတယ်။    

          ကနေဒါအာဏာပိုင်များအနေနဲ့အမေရိကန်အစိုးရရဲ့ တောင်းဆိုချက်နဲ့Hauwei ရဲ့ ဘဏ္ဍာရေး အရာရှိချုပ် မန်ဝမ်ကျိုးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ဖမ်းဆီးခဲ့ပြီးနောက် တရုတ်နဲ့ကနေဒါအကြား ဆက်ဆံရေးတင်းမာလာခဲ့တာပါ။ တရုတ်ဘက်ကလည်း ကနေဒါစီးပွားရေးသမား မိုက်ကယ်စပေဗာနဲ့မိုက်ကယ်ကော့ဗ်ရစ်ချ် ၊ တရုတ် အခြေစိုက်နေတဲ့ NGO မှာ အလုပ်လုပ်ဖို့လာတဲ့ ကနေဒါသံတမန်တစ်ဦးတို့ကို ဖမ်းဆီးခဲ့ပါတယ်လို့CBC သတင်းမှာ ဖော်ပြထားပါတယ်။

           ယခုလဆန်းပိုင်းကလည်း တရုတ်တရားရုံးဟာ မစ်တာဖီတမိန်းလို့ခေါ်တဲ့ မူးယစ်ဆေးဝါး ၂၂၂ ကီလိုဂရမ်နဲ့ဖမ်းဆီးရမိတဲ့ ကနေဒါလူမျိုး ရောဘတ်ရှယ်လန်ဘာ့ဂ်ကို သေဒဏ်ပေးဖို့စီရင်ခဲ့ပါတယ်။ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးကတော့ ဒါဟာ တရားမဲ့လုပ်ဆောင်ချက်တစ်ခုလို့တရုတ်အစိုးရကို စွပ်စွဲအပြစ်တင်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်များထံ အကူအညီတောင်းခံခဲ့ပါတယ်။

   Photo: ABS-CBN News    

         ပြီးခဲ့တဲ့တစ်ပတ်က နိုင်ငံခြား သတင်းထောက် ၆ ဦးနဲ့တွေ့ခဲ့တဲ့ Huawei တည်ထောင်သူ ရန်ဇီဖိန်းကတော့ သူ့အနေနဲ့တရုတ်အစိုးရဆီက အချက်အလက်တောင်းခံတာမျိုး မရှိခဲ့ဖူးဘူးလို့ငြင်းဆန်ခဲ့သလို ကမ္ဘာကြီးကို အန္တရာယ်ဖြစ်စေမယ့်အရာမျိုး လုပ်မှာ မဟုတ်ဘူးလို့တုန့်ပြန်ပြောကြားခဲ့ပါတယ်။     


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က