၁ နှစ်ခွဲအထိ နောက်ကျသွားမယ်လို့ပြောထားပါတယ်

တကယ်လို့Huawei တယ်လီကွန်းပစ္စည်းများ သုံးစွဲမှု ပိတ်ပင်တားမြစ်မယ်ဆိုရင် ယူကေရဲ့ 5G ကွန်ရက်ဖြန့်ချိမှု ကြန့်ကြာနှောင့်နှေးလိမ့်မယ်လို့ယူကေတယ်လီကွန်းအော်ပရေတာတစ်ခု ဖြစ်တဲ့ Three ရဲ့ CEO က သတိပေးလိုက်ပါတယ်။

         ယူကေတယ်လီကွန်းအော်ပရေတာ ၄ ခုထဲက တစ်ခုဖြစ်တဲ့ Three ရဲ့ CEO ဒေးဗစ်ဒိုင်ဆင်နဲ့BBC တို့ရဲ့ တွေ့ဆုံခန်းတစ်ခုမှာ ပြောကြားခဲ့တာ ဖြစ်ပြီး Huawei ကို ပိတ်ပင်မှုကြောင့် 5G အကောင်အထည်ပေါ်လာဖို့၁၈ လအထိ နောက်ကျသွားမယ်လို့သူကပြောပါတယ်။ အမေရိကန် ၊ သြစတြေးလျနဲ့နယူးဇီလန်တို့ဟာ ၎င်းတို့နိုင်ငံမှ အော်ပရေတာတွေကို 5G အတွက် Huawei အစိတ်အပိုင်းသုံးစွဲမှု ပိတ်ပင်ထားချိန်မှာ အခုလို ပြောကြားလိုက်တာပါ။

         ယူကေအစိုးရဟာ Huawei ထုတ်ကုန်တွေမှာ နိုင်ငံ့လုံခြုံရေးအန္တရာယ် ထိခိုက်စေနိုင်သလားဆိုတဲ့ အချက်ကို လေ့လာသုံးသပ်နေပါတယ်။ Three ဟာ 5G အတွက် Huawei ထုတ်ကုန်တွေ သုံးဖို့ရည်ရွယ်ထားတဲ့ အော်ပရေတာလည်း ဖြစ်ပါတယ်။

         "ကျွန်တော်တို့ဒီနှစ် ဒုတိယ ၆ လအတွင်းမှာ 5G ဖြန့်ချိတဲ့အခါမှာ သုံးသွားဖို့စတင်ထားပါတယ်။ တကယ်လို့ကျွန်တော်တို့ဘက်က vendor (ဝယ်ရမယ့်ကုမ္ပဏီ) ပြောင်းရမယ်ဆိုရင် ကျွန်တော်တို့အနောက်ကို အကြီးကြီး ပြန်ဆုတ်ရမှာပါ။ ဖြစ်နိုင်တာက ၁၂ လကနေ ၁၈ လအထိ နောက်ကျသွားမှာပါ" လို့မစ္စတာ ဒိုင်ဆင်က ပြောပါတယ်။

Photo: Duwun Tech

         Huawei ဟာ 5G supplier အနေနဲ့စံချိန်စံညွှန်းအားလုံးနဲ့ကိုက်ညီပေမယ့် Three အနေနဲ့Huawei ထုက်ကုန်တွေဟာ လုံခြုံရေးပိုင်းမှာ စိတ်ချရလို့ရမရဆိုတဲ့ အချက်ကို အစိုးရနဲ့ဆွေးနွေးတိုင်ပင်ထားတယ်လို့လည်း ဆိုပါတယ်။ မတ်လဆန်းမှာပဲ Vodafone ရဲ့ နည်းပညာအမှုဆောင်အရာရှိချုပ် စကော့ပတ်တီမှ Huawei ကို ပိတ်ပင်တဲ့ အတွက် ပေးရမယ့် ကုန်ကျစရိတ်ဟာ အတော်များမယ်လို့ပြောထားပါတယ်။

         အမေရိကန်အစိုးရကတော့ Huawei ထုတ်ကုန်သုံးနေတဲ့ နိုင်ငံများအပေါ် သတိပေးထားပြီး မကြာသေးမီကလည်း Huawei ကို နိုင်ငံရဲ့ 5G ကွန်ရက်ဖော်ဆောင်ရေးမှာ ဘေးဖယ်သွားမှာမဟုတ်ကြောင်း ပြောထားတဲ့ ဂျာမန်စီးပွားရေးဝန်ကြီးကို အမေရိကန်ဘက်မှ ဂျာမဏီနိုင်ငံရဲ့ သတင်းအချက်အလက် ဖလှယ်မှုကို ထိန်းချုပ်သွားဖို့ရှိတယ်လို့သတိပေးထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က