နိုင်ငံအတွင်း အော်ပရေတာတွေအနေနဲ့ မသုံးဖို့ အကြံပြုထားပါတယ်

ပြင်သစ်နိုင်ငံ 5G တယ်လီကွန်းကွန်ရက်မှာ Huawei ထုတ် ပစ္စည်းအစိတ်အပိုင်းများ သုံးစွဲမှု ပိတ်ပင်တားမြစ်ဖို့ မရှိဘူးလို့ နိုင်ငံရဲ့ ဆိုက်ဘာလုံခြုံရေးအေဂျင်စီ ANSSI ရဲ့ အကြီးအကဲက ဆိုပါတယ်။

Huawei ပစ္စည်းများ သုံးစွဲမှုကို လုံးလုံးလျားလျား ပိတ်ပင်ဖို့ မရှိပေမယ့် ပြင်သစ်တယ်လီကွန်းတွေအနေနဲ့ တရုတ်ကုမ္ပဏီထုတ်ပစ္စည်းတွေ သုံးစွဲတာမျိုးကို ရှောင်ရှားဖို့လည်း တိုက်တွန်းထားတယ်လို့ Reuters သတင်းက ဖော်ပြထားပါတယ်။ 



Photo: IOL


"ကျွန်တော့်ဘက်က ပြောနိုင်တာက လုံးဝကြီး ပိတ်ပင်လိုက်ဖို့တော့ ရှိမှာ မဟုတ်ဘူးဆိုတာပါပဲ"လို့ Les Echos သတင်းစာနဲ့ တွေ့ဆုံမှုမှာ ANSSI အကြီးအကဲ ဂိုင်လော့မီ ပိုပါဒ့်က ဆိုပါတယ်။ "ဒါပေမယ့်လည်း အခုလောလောဆယ် Huawei ပစ္စည်းတွေ အသုံးပြုမနေတဲ့ အော်ပရေတာတွေအနေနဲ့ ဆက်ပြီး မသုံးဖို့ပဲ ကျွန်တော်တို့ကတော့ တိုက်တွန်းနေပါတယ်"

ပြင်သစ်နိုင်ငံအနေနဲ့ Huawei ကို ပိတ်ပင်မှာ မဟုတ်ပေမယ့် နိုင်ငံရဲ့ ပင်မမိုဘိုင်းလ်ကွန်ရက်ထဲကနေ ဖယ်ထုတ်ဖို့ နည်းလမ်းရှာနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီတစ်ပတ်ထဲမှာပဲ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ နိုင်ငံရဲ့ 5G ကွန်ရက်မှာ Huawei ထုတ် ပစ္စည်းအစိတ်အပိုင်းတွေကို ယခုနှစ်အတွင်းစပြီး ဖယ်ရှားဖို့ စီစဉ်နေကြောင်း သတင်းထွက်ပေါ်ခဲ့ပါတယ်။

အမေရိကန်အစိုးရဟာ 5G ကွန်ရက်ဆက်သွယ်ရေးမှာ တရုတ်တယ်လီကွန်းကုမ္ပဏီကြီးဖြစ်တဲ့ Huawei ကို ဖယ်ထုတ်ဖို့ မဟာမိတ်နိုင်ငံတွေကို တိုက်တွန်းလှုံ့ဆော်နေပါတယ်။ အမျိုးသားလုံခြုံရေးအန္တရာယ် စိုးရိမ်မှုနဲ့ အမေရိကန်အစိုးရဟာ Huawei ကို ပြီးခဲ့တဲ့ နှစ်မေလထဲမှာ စတင် ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပြီး Huawei ကတော့ ဒီစွပ်စွဲမှုတွေကို အစဉ်တစိုက် ငြင်းဆန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က