Hikvision ကတော့ ငြင်းဆန်ထားပါတယ်

အမေရိကန်ကာကွယ်ရေးဌာနဟာ တရုတ်စစ်တပ်မှ ပိုင်ဆိုင်ထိန်းချုပ်ထားတဲ့ ထိပ်တန်းတရုတ်လုပ်ငန်းစု ၂၀ စာရင်း ထုတ်ပြန်ခဲ့ပြီး ဒီထဲမှာ Huawei ကုမ္ပဏီလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

တယ်လီကွန်းပစ္စည်းအစိတ်အပိုင်း ထုတ်လုပ်တဲ့ Huawei Technologies နဲ့ ရုပ်သံစောင့်ကြည့်ရေးကုမ္ပဏီ Hikvision တို့ အပါအဝင် ထိပ်တန်းတရုတ်ကုမ္ပဏီတစ်ချို့ကို တရုတ်စစ်တပ်မှ ပိုင်ဆိုင်ခြင်းနဲ့ နောက်ကွယ်ကနေ ထိန်းချုပ်ခြင်းများ လုပ်ဆောင်နေတယ်လို့ Reuters က ရရှိထားတဲ့ အမေရိကန်ကာကွယ်ရေးဌာနမှ စာရွက်စာတမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။




Photo: zoomnews


ဒီစာရင်းကို အကြီးတန်းအုပ်ချုပ်‌‌ရေးအရာရှိတစ်ဦးနဲ့ ကာကွယ်ရေးဌာနပြန်ကြားရေးအတွင်းဝန်ရုံးမှ ယောနသန်ရက်သ်ဟော့ဖ်မင်းတို့က အတည်ပြုထားပါတယ်။ ကာကွယ်ရေးဌာနဟာ အမျိုးသားကာကွယ်ရေးအာဏာအက်ဥပဒေ အပိုဒ် ၁၂၃၇ အရ တရုတ်အစိုးရမှ ပိုင်ဆိုင်/ထိန်းချုပ်ထားတဲ့ လုပ်ငန်းများစာရင်း ပြုစုထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့နှစ်ကပဲ နိုင်ငံ့လုံခြုံရေးအကြောင်းပြချက်နဲ့ Huawei နဲ့ Hikvision တို့ကို ကုန်သွယ်ရေးပိတ်ပင်မှု လုပ်ထားတာ ဖြစ်ပါတယ်။ တရုတ်စစ်တပ်မှ ပိုင်ဆိုင်/ထိန်းချုပ်ထားတယ်ဆိုတဲ့ ကုမ္ပဏီစာရင်းထဲမှာ China Telecoms ၊ China Mobile နဲ့ လေယာဉ်ထုတ်လုပ်တဲ့ Aviation Industry Corp of China (AVIC) တို့လည်း ပါနေပါတယ်။ 

Photo: CNBC

Hikvision ကတော့ ဒီစွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိကြောင်းနဲ့ တရုတ်စစ်တပ်ပိုင် ကုမ္ပဏီမဟုတ်ကြောင်း ထုတ်ပြန်ခဲ့သလို စစ်တပ်အတွက် ဘယ်လိုသုတေသနနဲ့ ဖွံ့ဖြိုးရေးအလုပ်တွေမှာ ပါဝင်ခဲ့ဖူးခြင်း မရှိကြောင်း ပြောကြားခဲ့ပါတယ်။ Huawei ၊ China Mobile ၊ China Telecom ၊ AVIC နဲ့ ဝါရှင်တန်မှာ ရှိတဲ့ တရုတ်သံရုံးတို့ကတော့ မှတ်ချက်ချခြင်း မရှိသေးပါဘူး။ 

အမေရိကန်ဥပဒေအရ ကာကွယ်ရေးဌာနဟာ အမေရိကန်နိုင်ငံအတွင်းမှာ လုပ်ငန်းလည်ပတ်နေတဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးစစ်တပ်ပိုင်ဆိုင် /ထိန်းချုပ်ထားတဲ့ လုပ်ငန်းစုတွေရဲ့ နောက်ကြောင်းရာဇဝင်ကို ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်နှစ်ဖက် လွှတ်တော်အမတ်တွေဟာ ဒီလိုလုပ်ငန်းစာရင်းကို ထုတ်ပြန်ပေးဖို့ ပင်တဂွန်ကို ဖိအားပေးတောင်းဆိုထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က