ဇူလိုင် ၉ ရက်နေ့က ဖြန့်ကျက်ခဲ့တာပါ
Nyein Min Wai

ဥရောပနဲ့အနောက်နိုင်ငံအုပ်စုဟာ နိုင်ငံ့လုံခြုံရေး စိုးရိမ်ချက်နဲ့ Huawei ကို ပိတ်ပင်ဖို့ကြိုးစားနေချိန်မှာ ဒီနိုင်ငံကတော့ ဥရောပမှာ ပထမဆုံး Huawei ရဲ့ နည်းပညာသုံးပြီး 5G မိုဘိုင်းကွန်ရက်ကို ဖော်ဆောင်တော့မှာပါ။

        

5G ကွန်ရက်သစ်အတွက် လိုအပ်တဲ့ ပစ္စည်းနဲ့နည်းပညာအားလုံးကို Huawie ဆီကပဲ မှာယူသုံးစွဲသွားဖို့အတွက် မိုနာကိုနိုင်ငံမှ Monaco Telcom ဟာ ကြေညာလိုက်ပါတယ်။ ပြင်သစ် ဘီလျံနာ ဇာဗီယာနီးလ်ပိုင်ဆိုင်တဲ့ Monaco Telecom ဟာ 5G ကွန်ရက်အတွက် Huawei ပစ္စည်းတွေနဲ့နည်းပညာတွေကိုပဲ သုံးဖို့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလကပဲ လက်မှတ်ရေးထိုးခဲ့တယ်လို့Tech Node သတင်းမှာ ဖော်ပြထားပါတယ်။

Photo: Monaco Life

“ကျွန်တော်တို့ဟာ 5G ကွန်ရက် အလုံးစုံ လွှမ်းခြုံနိုင်တဲ့ ပထမဆုံး ပြည်နယ်တစ်ခုပါပဲ” လို့Monaco Telecom ဥက္ကဌ အီတီယင်နာ ဖရန်ဇီက သဘောတူလက်မှတ်ရေးထိုးပွဲမှာ ပြောကြားခဲ့ပါတယ်။

        လူဦးရေ ၄ သောင်းမပြည့်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တစ်ခု ဖြစ်တဲ့ မိုနာကိုမှာ Monaco Telecom ဟာ ဇူလိုင် ၉ ရက် ၂၀၁၉ ခုနှစ်မှာ 5G ကွန်ရက်ကို မိတ်ဆက်ခဲ့တာပါ။ လက်ရှိမှာ မိုနာကိုဟာ ကမ္ဘာပေါ်မှာ ပထမဆုံး 5G ကွန်ရက်ကို ရာနှူန်းပြည့် အသုံးချနိုင်တဲ့ ပထမဆုံးပြည်နယ်လည်း ဖြစ်ပါတယ်။

Photo: deccanchronicle

        Huawei ဟာ Monaco Telecom ရဲ့ ကွန်ရက်တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ 5G ကွန်ရက်ပစ္စည်းအစိတ်အပိုင်းတွေ ပံ့ပိုးပေးတာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ Huawei ဟာ 5G စာချုပ်ပေါင်း ၅၀ ချုပ်ဆိုထားပြီး ဒီထဲမှာ ဥရောပအော်ပရေတာ ၂၈ ခုလည်း ပါဝင်တယ်လို့ဆိုပါတယ်။

        ပြီးခဲ့တဲ့ လက GSM Association ကနေ ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်အရ Huawei နဲ့ZTE ကို ဥရောပရဲ့ 5G ကွန်ရက်ဖြန့်ကျက်မှူကနေ ပိတ်ပင်ခြင်းဟာ ဥရောပတယ်လီကွန်းအော်ပရေတာတွေကို ယူရို ၅၅ ဘီလျံ ( ဒေါ်လာ ၆၂ သန်း ) အထိနာစေတယ်လို့ဖော်ပြထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က