Huawei Mate 30 တွေ စင်ကာပူမှာ အကန့်အသတ်နဲ့ရောင်းချသွားမှာပါ
Nyein Min Wai

Huawei Mate 30 ဖုန်းသစ်တွေ အွန်လိုင်း Registration ဖွင့်ပြီးနောက် စင်ကာပူဈေးကွက်မှာ ၂၀၁၈ ဗားရှင်း Huawei Mate 20 ဖုန်းတွေကို ၅၀% နီးပါး ဈေးချရောင်းနေပြီ ဖြစ်ပါတယ်။

Google apps နဲ့services တွေ မပါတော့တဲ့ Huawei Mate 30/Mate 30 Pro တို့ဟာ စင်ကာပူမှာရှိတဲ့ Huawei ဝက်ဘ်ဆိုက်ကနေ တစ်ဆင့် အောက်တိုဘာ ၅ ရက်ကနေ ၁၅ ရက်အထိ အွန်လိုင်းမှတ်ပုံတင်မှု ဖွင့်ထားပါတယ်။ online registration ဟာ ဒီဖုန်းကို ဝယ်ဖို့စိတ်ဝင်စားသူတွေကို စာရင်းကောက်တဲ့ သဘောဖြစ်ပြီး pre-order မှာတာနဲ့မတူပါဘူး။


Photo: GSMArena

online registration ပွဲနဲ့အတူ Huawei Mate 20 ဖုန်းတွေဟာ စင်ကာပူဒေါ်လာ ၉၉၈ ဒေါ်လာဈေးကနေ စင်ကာပူဒေါ်လာ ၅၂၈ ဒေါ်လာအဖြစ် အောက်တိုဘာ ၇ ရက်နေ့ကနေ တစ်ပတ်အတွင်း လျှော့ဈေးနဲ့ရောင်းချသွားမှာပါ။ VivoCity roadshow မှာပဲ လျှော့ဈေးနဲ့ရောင်းချသွားမယ့် ဒီဖုန်းကို ဝယ်သူတွေဟာ စင်ကာပူဒေါ်လာ ၉၉ ဒေါ်လာတန် gift box တစ်ခု ပေးသွားမယ်လို့ဆိုပါတယ်။

တစ်ခြားဖုန်းတွေအနေနဲ့Huawei P30 Pro 512GB ဗားရှင်းကို စင်ကာပူဒေါ်လာ ၁၆၉၈ ဒေါ်လာ ကနေ စင်ကာပူဒေါ်လာ ၁၃၉၈ ဒေါ်လာ ချပေးသွားမှာ ဖြစ်ပြီး 256GB ဗားရှင်းကို စင်ကာပူဒေါ်လာ ၁၃၉၈ ဒေါ်လာကနေ စင်ကာပူဒေါ်လာ ၁၂၉၈ ဒေါ်လာ ဈေးချရောင်းသွားမယ်လို့ဆိုပါတယ်။ Huawei Mate 30 ဖုန်းတွေဟာ အရေအတွက် အကန့်အသတ်နဲ့ပဲ ဝယ်ယူနိုင်မှာပါ။

အောက်တိုဘာလကုန်ပိုင်း သီးသန့်ပွဲတစ်ခုမှာလည်း registered လုပ်ထားတဲ့ ဖောက်သည်တွေထဲက ၂၀၀ ပဲ ရွေးချယ်ပြီး တက်ခွင့်ပေးသွားမယ်လို့Straits Times က ဖော်ပြထားပါတယ်။ ဒီပွဲမှာ ဖုန်းကို စိတ်ကြိုက် စမ်းသုံးခွင့်လည်း ရမှာပါ။ ပွဲမှာ Huawei Mate 30 ဖုန်းတွေ ဝယ်သူဟာ DJI gimbal တစ်ခု ၊ ကြိုးမဲ့ wireless car charger တစ်ခုနဲ့ပါဝါ bank တစ်ခု ပေးသွားမယ်လို့ဆိုပါတယ်။

Huawei Mate 30 ဖုန်းသစ်တွေဟာ Android 10 OS ရဲ့ Android Open Source Project (AOSP) အပါအဝင် open source code အမျိုးမျိုးနဲ့Huawei ရဲ့ ကိုယ်ပိုင် coding စနစ်တို့သုံးထားတဲ့ EMUI 10 ကို ပထမဆုံး သုံးမယ့်ဖုန်းတွေ ဖြစ်ပါတယ်။ ဒီဖုန်းတွေဟာ Google Android လုပ်ဆောင်ချက် အပြည့်အဝမရခြင်းတာကြောင့် third party app store တွေကနေ Google apps တွေ install သွင်းရမှာ ဖြစ်လို့လုံခြုံရေးအရ မေးခွန်းထုတ်စရာတွေ ရှိထားပါတယ်။


Photo: businessinsider

Huawei အနေနဲ့ကိုယ်ပိုင် AppGallery app store တစ်ခု ထုတ်ထားပြီး ဒီ app store ကနေ app တွေ ဒေါင်းလုပ်ဆွဲနိုင်မှာ ဖြစ်ပေမယ့် Facebook ၊ WhatsApp တို့လို အမေရိကန် app တွေ သုံးလို့ရမှာ မဟုတ်ပါဘူး။ DxOMark မှာ အမြင့်ဆုံးကင်မရာစွမ်းရည်အဖြစ် ၁၂၁ မှတ် ရခဲ့တဲ့ Huawei Mate 30 Pro ဟာ quad ကင်မရာစနစ် ၊ ၈၈ ဒီဂရီအထိ ကွေးညွှတ်ထားတဲ့ waterfall display သစ်နဲ့လာတဲ့ ပရီမီယံဖုန်းလည်း ဖြစ်ပါတယ်။

Google ဝန်ဆောင်မှု တရားဝင် မရရှိခြင်းဟာ Huawei Mate 30 ဖုန်းသစ်တွေအတွက် နိုင်ငံတကာဈေးကွက်ထဲ ထိုးဖောက်ဖို့အခက်အခဲတွေနဲ့ကြုံရဖို့ရှိပါတယ်။


က္က