အမေရိကန်အစိုးရပေါ် မူတည်နေပါတယ်။
Nyein Min Wai

နှစ်ဝက်အတွင်း စမတ်ဖုန်းပေါင်း ၁၁၈ သန်း တင်ပို့ရောင်းချထားတဲ့ Huawei ဟာ လာမယ့် အောက်တိုဘာလထဲမှာ ကုမ္ပဏီရဲ့ flagship ဖုန်းဖြစ်တဲ့ Huawei Mate 30 စီးရီးကို ကြေညာတော့မှာပါ။

အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုတွေ ရှိခဲ့ပေမယ့် Huawei ရဲ့ ဝင်ငွေဟာ ပြီးခဲ့တဲ့ ကာလတူကထက် ၃၄% ပိုတက်ခဲ့ပြီး ဖုန်းရောင်းအားကနေ ရတဲ့ ဝင်ငွေဟာ Huawei ကုမ္ပဏီ ဝင်ငွေတစ်ရပ်လုံးရဲ့ ၅၅% ကျော် ရှိခဲ့တယ်လို့ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး Forbes သတင်းမှာ ဖော်ပြထားပါတယ်။ Huawei ဟာ ၂၀၁၉ ပထမ ၆ လအတွင်း ဝင်ငွေစုစုပေါင်း ယွမ် ၄၀၁.၃ ဘီလျံ ( ဒေါ်လာ ၅၈.၃ ဘီလျံ) ဝင်ခဲ့တာပါ။

Photo: busiweek

" မေလ ၁၆ ရက်မတိုင်ခင် ကျွန်တော်တို့ရဲ့ စားသုံးသူစီးပွားရေးလုပ်ငန်းဟာ မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကတော့ နည်းနည်း နှေးကွေးသွားပါတယ်။ " လို့ကုမ္ပဏီရဲ့ Chairman ဖြစ်သူ လိုင်ဟွာက ဆိုပါတယ်။ "ဓမ္မဓိဌာန်ကျကျ ပြောရမယ်ဆိုရင် လာမယ့်နှစ်ဝက်မှာ ကျွန်တော်တို့စိန်ခေါ်မှုတစ်ချို့တွေ့ရဖို့ရှိပါတယ်"

လိုင်ဟွာ ရည်ညွှန်းတဲ့ မေ ၁၆ ရက်ဟာ အမေရိကန်အစိုးရဘက်ကနေ Huawei ကို Entity Listတရားဝင် သွင်းလိုက်တဲ့ နေ့ဖြစ်ပါတယ်။ Entity List ဝင်ခြင်းကြောင့် Huawei ဟာ US ကုမ္ပဏီတွေရဲ့ နည်းပညာနဲ့ထုတ်ကုန်တွေကို အမေရိကန်ကုန်သွယ်ဌာနရဲ့ အထူးလိုင်စင်ပါမှ ဝယ်ခွင့်ရတဲ့ အခြေအနေ ကြုံခဲ့ပါတယ်။ သမ္မတထရမ့်ရဲ့ ညွှန်ကြားမှုကြောင့် Google ဟာ Huawei ထုတ်ကုန်များအတွက် Android OS update ပေးမှု ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။

Google ရဲ့ Android OS စနစ်ကို အားကိုးနေရတဲ့ Huawei ဖုန်းတွေမှာလည်း update OS မရတော့မယ့် အနေအထား ဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ အိုဆာကာ G20 Summit မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ Huawei ကို အမေရိကန်ကုမ္ပဏီတွေအနေနဲ့တယ်လီကွန်းပစ္စည်းအစိတ်အပိုင်း ရောင်းချခွင့်ပြုသွားမယ်လို့ပြောကြားခဲ့ပါတယ်။ တစ်ခုရှိတာက Huawei Mate 30 ဖုန်းတွေမှာ Google Android OS အပြည့်အဝ support ပေးမပေးဆိုတာ မသေချာသေးပါဘူး။

(Huawei Mate 30 Pro leaks ) Photo: Premium Travellers

" အသစ်ထွက်လာမယ့် ဖုန်းတွေမှာ Android သုံးမသုံးကတော့ အမေရိကန်အစိုးရနဲ့ဆိုင်ပါတယ်။ " လို့လိုင်က ဆိုပါတယ်။ "ဘက်ပေါင်းစုံက အပြုသဘောနဲ့ပြေလည်သွားမယ်လို့ယုံကြည်ပါတယ်။ ဒါပေမယ့်လည်း အဆိုးဆုံးအနေအထားအတွက် ကုမ္ပဏီအနေနဲ့အသင့်ရှိထားပြီး စားသုံးသူ စီးပွားရေး တည်မြဲဖို့အတွက် တိုက်ခိုက်သွားမှာပါ"

Huawei Mate 30 ဖုန်းမှာ Google Android ပါမပါကို Forbes မှ လိုင်ဟွာကို မေးချိန်မှာတော့ အမေရိကန်ဘက်မှ Android သုံးခွင့်ပေးမယ်ဆိုရင် သုံးသွားမှာ ဖြစ်ပြီး ခွင့်မပြုရင် တစ်ခြား OS သုံးသွားမယ်လို့ဖြေပါတယ်။ Huawei ဟာ သုတေသနဲ့ဖွံ့ဖြိုးရေးပိုင်းမှာ အကြီးအကျယ် ရ၇င်းနှီးမြှပ်နှံထားပြီး ဒီနှစ်ထဲမှာ R&D အတွက် ယွမ် ဘီလျံ ၁၂၀ မြှပ်နှံသွားမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က