Harmony OS ပဲ သုံးဖြစ်မလား
Nyein Min Wai

Huawei ရဲ့ နောက်ထပ် flagship ဖုန်းသစ်မှာ တရားဝင် Google apps တွေ သုံးနိုင်တော့မှာ မဟုတ်ဘူးလို့သတင်းများ ထွက်ပေါ်နေပါတယ်။

Reuters ကနေ လာတဲ့ သတင်းတစ်ပုဒ်အရ Huawei နဲ့စီးပွားရေးလုပ်ဆောင်နေတဲ့ အမေရိကန်ကုမ္ပဏီတွေကို အိမ်ဖြူတော်ဟာ ပိတ်ပင်ထားတာကြောင့် Google apps နဲ့ဝန်ဆောင်မှုတွေကို Huawei ဖုန်းသစ်မှာ ပါလာတော့မှာ မဟုတ်ဘူးလို့ဆိုပါတယ်။

Photo: 9to5google

The Verge သတင်းဌာနကိုလည်း Google မှ အတည်ပြုရာမှာ Huawei Mate 30 နဲ့Mate 30 Pro တို့ဟာ Google apps နဲ့services တွေကို on board တစ်ခါတည်း ပါလာတော့မှာ မဟုတ်ဘူးလို့အတည်ပြုထားပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လလယ်ပိုင်းမှာပဲ အမေရိကန်ကုန်သွယ်ရေးဌာနဟာ Huawei အနေနဲ့လိုအပ်တဲ့ ဝန်ဆောင်မှုနဲ့ပံ့ပိုးမှုတွေ လုပ်ဆောင်ဖို့အတွက် နောက်ထပ် ရက် ၉၀ အချိန်ထပ်ပေးထားးခဲ့ပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့မှာ ကုန်ဆုံးမယ့် ဒီလိုင်စင်သက်တမ်း တိုးမှုဟာလည်း ထုတ်ပြီးသား စမတ်ဖုန်းတွေမှာ software update နဲ့security patches များ ပေးဖို့အတွက်ပဲ အကျုံးဝင်တာ ဖြစ်ပါတယ်။ Huawei အပေါ် အမေရိကန်အစိုးရရဲ့ ပိတ်ပင်မှု ယာယီ ဖြေလျှော့ပေးခြင်းဟာ Huawei ထုတ်ကုန်သစ်တွေပေါ် သက်ရောက်မှု မရှိဘူးလို့လည်း Google ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်မှ Reuters သတင်းဌာနကို ပြောပါတယ်။

Photo: IBC

Huawei ရဲ့ 5G ကွန်ရက်ချိတ်ဆက်နိုင်မယ့် Huawei Mate 30 နဲ့Mate 30 Pro သစ်တို့ဟာ မေလလယ်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ Huawei ပေါ် ကုန်သွယ်မှု ပိတ်ပင်ကြောင်း ကြေညာချက်ထွက်လာပြီးနောက် ပထမဆုံး ထွက်လာမယ့် flagship ဖုန်းတွေလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က Huawei ရဲ့ အကြီးတန်း ဒုဥက္ကဌ ဗင်းဆင့် ပန်မှ ကုမ္ပဏီအနေနဲ့ဒီနှစ်ထဲမှာ Huawei ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ Harmony OS ကို ဖုန်းတွေမှာ သုံးဖို့အစီအစဉ်မရှိဘူးလို့ပြောကြားထားပါတယ်။ စက်တင်ဘာ ၁၈ ရက်နေ့မှာ မိတ်ဆက်ကြေညာသွားဖွယ်ရှိတဲ့ ဒီဖုန်းတွေဟာ Harmony OS သုံးဖို့ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။


က္က