တစ်ခြား supplier တွေလည်း အမေရိကန်အစိုးရဆီက လိုင်စင်ခွင့်ပြုချက်တောင်းထားကြပါတယ်။

အမေရိကန်ကုမ္ပဏီတစ်ချို့ဟာ Huawei နဲ့ စီးပွားရေးလုပ်ကိုင်နိုင်ဖို့အတွက် အမေရိကန်အစိုးရဆီက အစိုးရဆီက လိုင်စင်တောင်းထားတယ်လို့ ဆိုပါတယ်။

ဒီထဲမှာ Intel ဟာ Huawei နဲ့ အလုပ်လုပ်နိုင်ဖို့ အစိုးရဆီက မီးစိမ်းပြထားပြီလို့ ဆိုနိုင်ပါတယ်။ China Securities Journal ရဲ့ သတင်းတစ်ပုဒ်အရ Semiconductor supplier ဖြစ်တဲ့ Intel မှ Huawei ရဲ့ Notebook ပရောဂျက်အတွက် ပစ္စည်းထောက်ပံ့ဖို့ အမေရိကန်အစိုးရဆီက ခွင့်ပြုချက် တောင်းထားတယ်လို့ supply chain ကုမ္ပဏီတစ်ခုကို ပြောကြောင်း ဖော်ပြထားပါတယ်။ 



Photo: tipranks

အမေရိကန်နဲ့ တရုတ်အကြား အဆိုးရွားဆုံး တင်းမာမှုတွေနဲ့ အားပြိုင်နေချိန်မှာ Huawei ကို တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးမှု သံသယနဲ့ အမေရိကန်အစိုးရဘက်မှ ကန့်သတ်ပိတ်ပင်မှုတွေ လုပ်ထားတာပါ။ စက်တင်ဘာ ၁၅ ရက်နေ့က စပြီး အမေရိကန်ကုမ္ပဏီတွေအနေနဲ့ Huawei အတွက် ဝန်ဆောင်မှုပေးခြင်းနဲ့ ပစ္စည်းထောက်ပံ့ခြင်းကို တားမြစ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ထဲမှာ တရုတ်နိုင်ငံ Semiconductor Manufacturing International Corporation (SMIC) မှ Huawei နဲ့ စီးပွားရေးဆက်လုပ်နိုင်ဖို့အတွက် ခွင့်ပြုချက်တောင်းခံထားတယ်လို့ အတည်ပြုခဲ့ပါတယ်။ SMIC ဟာ Huawei နဲ့ တစ်ခြားကုမ္ပဏီများအတွက် chips ထုတ်ဖို့အတွက် အမေရိကန်နိုင်ငံမှ ပစ္စည်းအစိတ်အပိုင်းတွေ သုံးနေတာ ဖြစ်ပါတယ်။

တောင်ကိုရီးယား chipmaker တစ်ခု ဖြစ်တဲ့ SK Hynix လည်း အမေရိကန်အစိုးရဆီက လိုင်စင်လျှောက်ထား နေပြီး အခုထိတော့ ခွင့်ပြုချက် မရသေးဘူးလို့ ဒီကိစ္စနဲ့ ရင်းနှီးသူတစ်ဦးက ပြောတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ ထိုင်ဝမ်ချပ်စ်ဒီဇိုင်နာတစ်ခု ဖြစ်တဲ့ MediaTek Inc ဟာ တရုတ်နိုင်ငံမှ Huawei အတွက် ပစ္စည်းအစိတ်အပိုင်းများ ရောင်းချဖို့အတွက် အမေရိကန်အစိုးရဆီက ခွင့်ပြုချက် တောင်းထားကြောင်း ‌ထုတ်ဖော်ပြောကြားထားပါတယ်။

Photo: nasdaq


အမေရိကန်စီးပွားကူးသန်းဌာနရဲ့ Huawei ပေါ် တင်ပို့ကုန် ထိန်းချုပ်ပိတ်ပင်မှုမှာ အမေရိကန်နည်းပညာသုံး အီလက်ထရွန်းနစ်ပစ္စည်းအစိတ်အပိုင်းများ ရောင်းချခြင်းမပြုရဖို့ ပါရှိပါတယ်။ ဒီပိတ်ပင်မှုအရ Huawei ရဲ့ စမတ်ဖုန်းနဲ့ တစ်ခြားထုတ်ကုန်တွေအတွက် Semiconductors ကနေ display ၊ ကင်မရာမှန်ဘီလူးနဲ့ ဆားကစ်ဘုတ်တွေအထိ အဓိကပစ္စည်းအစိတ်အပိုင်းရောင်းချခြင်း မပြုဖို့ အကျုံးဝင်နေပါတယ်။

စက်တင်ဘာပိတ်ပင်မှု မတိုင်ခင်မှာ Huawei ဟာ ဒုတိယသုံးလပတ်အတွင်း Samsung ကို ကျော်ဖြတ်ပြီး ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းကုမ္ပဏီနေရာကို ရောက်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က