စရိတ်စကကြီးပြီး အလွန်ခက်ခဲတဲ့ စီမံကိန်းပါ

Huawei Technologies ဟာ တရုတ်တယ်လီကွန်းအော်ပရေတာကြီး ၃ခုနဲ့ ပူးပေါင်းပြီး ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ပေါ်မှာ 5G ကွန်ရက် ဖြန့်ကြက်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ပင်လယ်ရေ မျက်နှာပြင်ထက် ၈၈၄၈ မီတာ မြင့်တဲ့ ဧဝရတ်တောင်ပေါ်မှာ 5G ကြိုးမဲ့ကွန်ရက်နည်းပညာ ဖြန့်ချိဖို့အတွက် Huawei ဟာ China Mobile ၊ China Unicom နဲ့ China Telecom တို့နဲ့ လက်တွဲ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ Gizmochina သတင်းက ဖော်ပြထားပါတယ်။ ဒီသတင်းကို ယခုတစ်ပတ်အစောပိုင်းမှာ Huawei ရဲ့ Weibo ကွန်ရက်ပေါ်မှာ ကြေညာထားပြီး ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူကလည်း အတည်ပြုထားတယ်လို့ ဆိုပါတယ်။




Photo: SCMP

ဧဝရတ်တောင် 5G စီမံကိန်းနဲ့ ပတ်သက်ပြီး ကမ္ဘာ့အကြီးဆုံး ကြိုးမဲ့ကွန်ရက်အော်ပရေတာတစ်ခု ဖြစ်တဲ့ China Mobile က လူသားစွမ်းရည်နယ်ပယ်လွန်က ကြီးမားလှတဲ့ စိန်ခေါ်ချက်ကြီးတစ်ခု ဖြစ်ရုံမက နောက်ပိုင်း 5G စမတ်ခရီးသွားလုပ်ငန်းနဲ့ သိပ္ပံသုတေသနအတွက် 5G ဆက်သွယ်ရေးပိုင်းအတွက်ပါ ခိုင်မာတဲ့ အုတ်မြစ်တစ်ခု ချခဲ့တာ ဖြစ်တယ်လို့ Weibo ပေါ်ကနေ ကြေညာပါတယ်။

ဧပြီ ၁၉ ရက်နေ့မှာ တောင်ခြေနဲ့ ကြားစခန်းနှစ်နေရာ (မီတာ ၅၃၀၀ နှင့် ၅၈၀၀) များမှာ 5G base station ၃ ခု တည်ဆောက်ထားပြီး ဧပြီ ၂၅ ရက်နေ့မှာ အမြင့်မီတာ ၆၅၀၀ နေရာမှာ နောက်ထပ် 5G base station နှစ်ခု ထပ်မံတည်ဆောက်သွားမယ်လို့လည်း ဆိုပါတယ်။ ဒီစခန်းတွေကနေ 5G Signal တွေဟာ တောင်ရဲ့ အမြင့်ဆုံးအပိုင်းဖြစ်တဲ့ ၈၈၄၈ မီတာအထိ လွှမ်းခြုံနိုင်မှာ ဖြစ်ပါတယ်။

Photo: Gizmochina


တောင်ရဲ့ အမြင့်ကြောင့် အခြေစိုက်စခန်းများ တည်ဆောက်မှုဟာ နည်းပညာပိုင်းအခက်အခဲ အလွန်များပြားခဲ့ပါတယ်။ Global Times သတင်းနဲ့ တွေ့ဆုံမှုမှာ ဈေးကွက်လေ့လာသူ ရှောင်လီဂန်က ဧဝရတ်တောင်ပေါ် 5G ဖြန့်ကြက်မှုကို မဖြစ်နိုင်တဲ့ မစ်ရှင်တစ်ခုအဖြစ် သုံးသပ်ခဲ့ပါတယ်။ 

"တည်ငြိမ်တဲ့ 5G ကွန်ရက်တစ်ခု ဖြစ်အောင် ဘယ်လိုလုပ်မှာလဲ။ အလွန်ခက်ခဲကြမ်းတမ်းတဲ့ ရာသီဥတုအခြေအနေမှာ 5G stations အတွက် လျှပ်စစ်ဓါတ်အားပေးနိုင်ဖို့ရော အာမခံနိုင်လို့လား ။ ကေဘယ်ကြိုးတွေဟာ အနုတ် ၂၀ ဒီဂရီစင်တီဂရိတ်မှာ မပျက်အောင် ဘယ်လိုလုပ်မလဲ" လို့ သူက မေးခွန်းထုတ်ပါတယ်။

ဈေးကွက်ကျွမ်းကျင်သူတွေကတော့ ဧဝရတ်တောင်ပေါ် 5G တာဝါတိုင်တစ်ခု ထောင်ဖို့ စရိတ်ဟာ ဒေါ်လာ ၁၄၀၀၀၀ အထိ ကျသင့်နိုင်တယ်လို့ ခန့်မှန်းပါတယ်။ 5G ကွန်ရက်ဟာ တောင်င််သူတွေ နဲ့ သုတေသနပြုလုပ်သူတွေအတွက် အကြီးအကျယ်အထောက်အကူပြုမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က