ဒီပွဲမှာ ပထမဆု အဖြစ် Huawei Nova 3 ဖုန်း ၅ လုံး၊ Telenor Broadband နှင့် Mobile Legends ဂိမ်းတွင် အသုံးပြုနိုင်သည့် In-Game 15000 Diamonds များပေးအပ်ခဲ့

Huawei စမတ်ဖုန်းများဖြင့် မြန်မာနိုင်ငံရဲ့ e-gaming အတွေ့အကြုံကို တိုးမြှင့်ဖို့ အတွက် Huawei Device Myanmar က Huawei Nova Mobile Legends Championship 2018 ကို စက်တင်ဘာ ၃၀ ရက်နေ့ Junction City မှာ ကျင်းပခဲ့တာပါ။

Photo : Duwun

 

ဒီပွဲအတွက် စက်တင်ဘာ ၁၅ ရက်နေ့က စတင်ကာ Huawei Myanmar Official Facebook စာမျက်နှာမှ တစ်ဆင့် ပရိတ်သတ်များထံ အသိပေးခဲ့ရာ ပြိုင်ပွဲ ဝင်ပေါင်း ၁၀၈၅ ယောက်ပါဝင်သည့် အသင်းပေါင်း ၂၁၇ သင်း စာရင်းပေးသွင်းခဲ့သည်။ Qualifier ပွဲစဉ်များကို စက်တင်ဘာ ၂၂ ရက်နေ့ နှင့် ၂၃ ရက်နေ့များတွင် ကျင်းပခဲ့ပြီး Burmese Gouls, Team Reasolution, MIB နှင့် Electric Noobs အစရှိသည့်  အနိုင်ရလေးသင်း ဟာဒီကနေ့ Semi-final သို့တက်လှမ်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

Photo: Duwun

 

Semi-Final နှင့် တတိယနေရာ ပွဲစဉ်အား BO3 စနစ်ဖြင့် ကျင်းပသွားတာဖြစ်ပြီး Grand Final ပွဲစဉ်အား BO5 စနစ်ဖြင့် ကျင်းပသွားတာဖြစ်ပါတယ်။ နောက်ဆုံး Championship 2018 ကိုတော့ Burmese Gouls Team က ရရှိခဲ့ပြီး 1 Runner Up ကိုတော့ Team Resolution အသင်းတို့က ရရှိခဲ့တာဖြစ်ပါတယ်။

Photo: Huawei

 

Burmese Gouls Team အသင်းကို ၂၀၁၇ ခုနှစ် (၆)လပိုင်းကတည်းက တည်ထောင်ထားတာဖြစ်ပြီး ရန်ကုန်က (၄)ယောက်၊ မိုးကုတ်က (၁) ယောက်နဲ့ တည်ထောင်ထားတာပါ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကလည်း Huawei ပြိုင်ပွဲ ဝင်ပြိုင်ပြီး ပထမဆု ရရှိခဲ့ဖူးတဲ့အသင်းဖြစ်ပါတယ်။ မေလ က ကျင်းပခဲ့တဲ့ Zurich မှာလဲ ပထမဆု၊ MSC 2018 Myanmar Qualifier ပွဲမှာလဲ ပထမဆု ရရှိခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ သွားပြိုင်ရတဲ့ MSC 2018 ရဲ့ ပြိုင်ပွဲကြီးမှာတော့ နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံး (KDA Difference) နဲ့ အုပ်စုကနေ ပြန်ခဲ့ရတဲ့ အသင်းတစ်သင်းလဲ ဖြစ်ခဲ့ဖူးပါတယ်။

ဒီပွဲနဲ့ ပတ်သတ်ပြီး Burmese Ghouls Leader တစ်ဦးဖြစ်သူ ဝေယံမြှင့်ကတော့ “Title Defender ဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းသိမ်းနိုင်ခဲ့တဲ့အတွက် တော်တော်လေးကို ဝမ်းမြှောက်ဂုဏ်ယူမိပါတယ်။ ပထမအကြိမ် ဆုရတုန်းက သိပ်ဖိအား မရှိခဲ့ပေမယ့်လည်း ဒုတိယ အကြိမ်မှာတော့ Title Defender ဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းသိမ်းနိုင်ဖို့အတွက် ရေကုန်ရေခမ်း ကြိုးစားခဲ့ရပါတယ်။ ပြိုင်ဘက် အသင်းတွေကလည်း တော်တော်လေး ကောင်းမွန်ခဲ့ပေမယ့်လည်း ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုက အရာထင်ခဲ့တယ်လို့ ဆိုရမှာပါ။ အတိုချုန်း ပြောရရင်တော့ အတိုင်းမသိ ဝမ်းသာပါတယ်” လို့ Duwun Tech ကိုပြောပါတယ်။

ဒီပွဲမှာ ပထမဆု အဖြစ် Huawei Nova 3 ဖုန်း ၅ လုံး၊ Telenor Broadband နှင့် Mobile Legends ဂိမ်းတွင် အသုံးပြုနိုင်သည့် In-Game 15000 Diamonds များပေးအပ်ခဲ့တာဖြစ်ပြီး ဒုတိယဆုအဖြစ် In-Game 10000 Diamonds၊ တတိယ ဆုရရှိသည့် အသင်းအား In-Game Diamond 5000 နှင့် စတုတ္ထဆုရရှိသည့် အသင်းအား In-Game 2500 Diamond များ ပေးအပ်ခဲ့ကြောင်းသိရသည်။



က္က