EMUI 10 beta ဗားရှင်းတင်ပြီး ပြဿနာတစ်ချို့ရှိထားပါတယ်
Nyein Min Wai

Google ဝန်ဆောင်မှုတစ်ခု ဖြစ်တဲ့ SafetyNet စစ်ဆေးမှုမှာ Huawei P30 Pro ဖုန်းတစ်ချို့ကျခဲ့တာကြောင့် Google Pay သုံးမရမှုတွေ ဖြစ်နေတယ်လို့ဆိုပါတယ်။

SafetyNet ဟာ စမတ်ဖုန်းလိုထုတ်ကုန်တွေဟာ တရားဝင် ဆော့ဖ်ဝဲလ်သုံးမသုံးစစ်ဆေးတဲ့ Google service တစ်ခုပါ။ Huawei P30 Pro ဟာ Google ရဲ့ SafetyNet စမ်းသပ်မှုမှာ အရင်က pass ဖြစ်ပြီး ဖုန်းတွေ ဖြစ်ပေမယ့် EMUI 10 beta တင်ပြီးနောက် တစ်ချို့Huawei P30 Pro တွေမှာ SafetyNet မအောင် ဖြစ်ခဲ့တယ်လို့Gizmochina သတင်းက ဆိုပါတယ်။

Photo: androidauthority


SafetyNet ကျတာကြောင့် Google Play လို ဝန်ဆောင်မှုတွေ သုံးမရဖြစ်ခဲ့သလို Netflix လို apps သုံးသူ Huawei P30 Pro ဖုန်းပိုင်ရှင်တစ်ချို့ပါ ပြဿနာ တက်ခဲ့ပါတယ်။ Huawei ဘက်ကလည်း P30 Pro တစ်ချို့SafetyNet ကျတဲ့အကြောင်း အတည်ပြုထားပြီး beta ဗားရှင်းတင်သူတိုင်း ဖြစ်တာမဟုတ်ဘဲ လူနည်းနည်းပဲ ကြုံနေတာလို့ဆိုပါတယ်။

" ပုံမှန် beta testing အတွက်ဆိုရင် Google ဘက်က သီးသန့်မော်ဒယ်တွေမှာ ထောက်ခံချက်ပေးဆဲမှာတောင် beta OS ဗားရှင်းတွေအတွက် certified version/device အနေနဲ့ခွင့်ပြုချက်ပေးရပါတယ်။ " လို့Huawei ဘက်က ဆိုပါတယ်။ သြဂုတ်လဆန်းပိုင်းက Huawei P30/P30 Pro တစ်ချို့တို့မှာ ဖြန့်ချိတဲ့ EMUI 10 global beta ဗားရှင်းကိုတော့ ထောက်ခံချက်ရ ထုတ်ကုန်အဖြစ် ခွင့်ပြုမထားတဲ့ ပုံပါပဲ။

Photo: huaweicentral

Huawei P30/P30 Pro တွေမှာ EMUI 10 အတွက် certify ပေးပြီး ဖြစ်လို့ထောက်ခံချက်ရထားတဲ့ ဗားရှင်းကို မကြာခင်မှာ global users တွေဆီ ဖြန့်ချိသွားမှာပါ။ လောလောဆယ် ပြဿနာတက်နေတဲ့ ဖုန်းတစ်ချို့မှာဆိုရင် ဖုန်းကို restart လုပ်ပြီး factory reset ပါချဖို့တောင်းနေတာကြောင့် EMUI 10.0.0.153 တင်မှ SafetyNet ကျော်နိုင်တယ်လို့ဆိုပါတယ်။


က္က