Huawei P30 စီးရီးကို မတ်လ ၂၆ ရက် မိတ်ဆက်သွားမှာပါ

မတ်လ ၂၆ ရက်နေ့မှာ မိတ်ဆက်သွားမယ့် Huawei P30 series သစ်တွေအတွက် display supplier ဟာ Samsung ဖြစ်တယ်လို့ဆိုပါတယ်။

         Sammobile မှာ တင်ထားတဲ့ သတင်းအရ Samsung Display ဟာ Huawei P30 နဲ့P30 Pro တို့မှာ သုံးမယ့် AMOLED screen တွေ ထုတ်လုပ်ပေးဖို့စာချုပ်ချုပ်ဆိုထားတယ်လို့ဖော်ပြထားပါတယ်။ Huawei ရဲ့ နောက်ဆုံးထွက်ထားတဲ့ Huawei Mate 20 Pro မှာ LG Display ကနေ ထုတ်ထားတဲ့ OLED panel ကို သုံးခဲ့တာ ဖြစ်ပါတယ်။



Photo: xda-developers   

      Samsung Display ဟာ LG နဲ့တရုတ် display supplier ဖြစ်တဲ့ BOE တို့ကို ကျော်ဖြတ်ပြီး Huawei နဲ့အခုလို စာချုပ်ချုပ်နိုင်ခဲ့တာပါ။ Huawei အနေနဲ့Samsung Display ကို ပြောင်းလဲ အသုံးပြုရတဲ့ အကြောင်းရင်းကို ဖော်ပြမထားပါဘူး။ Samsung ဟာ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း OLED supplier တစ်ခု ဖြစ်ပြီး ပြိုင်ဘက်တွေထက် ထုတ်လုပ်မှုမြင့်မားခြင်း နဲ့စံချိန်မီ အရည်အသွေးမြင့်အစိတ်အပိုင်းတွေနဲ့ထုတ်လုပ်ထားခြင်းကြောင့် နာမည်ကျော်ပါတယ်။

         Display စီးပွားရေးဟာ Samsung အတွက် အရေးပါတဲ့ စီးပွားရေးတစ်ခု ဖြစ်ပါတယ်။ ၂၀၁၇ စတုတ္တသုံးလပတ် Samsung ဝင်ငွေ အကြီးအကျယ် တိုးလာခြင်းထဲမှာ iPhone X အတွက် OLED display သန်းပေါင်းများစွာ ရောင်းချနိုင်ခဲ့ခြင်းကလည်း အဓိကကျခဲ့ပြီး iPhone X တစ်လုံးရောင်းတိုင်း Samsung ဟာ ဒေါ်လာ ၁၁၀ ရနေတယ်လို့ဆိုပါတယ်။


Photo Sam Mobile

         မကြာသေးမီကပဲ Samusng ဟာ ဖုန်းမှန်ပြင်အောက်ကနေ အသံလွှင့်နိုင်မယ့် Sound on Display နည်းပညာကို ထုတ်လုပ်ထားတယ်လို့သတင်းမျာား ထွက်နေပါတယ်။ Sound on Display နည်းပညာဟာ တုန်ခါမှုနဲ့ဦးခေါင်းခွံက အရိုးတွေကနေ တစ်ဆင့် အတွင်းနားထဲကို အသံပို့လွှတ်နိုင်တဲ့ နည်းပညာဖြစ်ပြီး Huawei P30 series မှာ သုံးမလားဆိုတာ စောင့်ကြည့်ရမှာပါ။

         Huawei P30 နဲ့P30 Pro တို့ကို လာမယ့် မတ်လ ၂၆ ရက် ပဲရစ်မှာ မိတ်ဆက်သွားမှာ ဖြစ်ပြီး နောက်ဆုံးရသတင်းများအရ ကင်မရာပိုင်း ဦးစားပေးလာတဲ့ ဖုန်းတွေဖြစ်တယ်လို့ဆိုပါတယ်။ Huawei P30 Pro ဟာ ကင်မရာ လေးလုံး ၊ ပယ်ရီစကုပ် lens တစ်ခုနဲ့7x zoom စနစ်တွေ သုံးသွားဖို့ရှိပြီး ဈေးနှုန်း ၊ ဒီဇိုင်းနဲ့သုံးသွားမယ့် specs တွေကိုတော့ မသိရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က