အကြိမ်ကြိမ် ပိတ်ပင်မှု ဖြေလျှော့သက်တမ်းတိုးမှု လုပ်ခဲ့ပါတယ်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ Huawei နဲ့ အမေရိကန်ကုမ္ပဏီများအကြား စီးပွားရေးလုပ်ဆောင်မှု ပိတ်ပင်တဲ့အမိန့်ကို ထပ်တိုးလိုက်တယ်လို့ ဆိုပါတယ်။

Photo: pressreels



Reuters သတင်းအရ သမ္မတထရမ့်ဟာ အမျိုးသားလုံခြုံရေးအန္တရာယ်အဖြစ် သတ်မှတ်ထားတဲ့ ကုမ္ပဏီများဆီက တယ်လီကွန်းပစ္စည်းအစိတ်အပိုင်းများ ဝယ်ယူမှု ၊ အတူလက်တွဲ အလုပ်လုပ်မှု မလုပ်ဖို့ အမေရိကန်ကုမ္ပဏီတွေကို ပိတ်ပင်တဲ့ အမိန့်ကို ၂၀၂၁ ခုနှစ် မေလအထိ ထပ်တိုးလိုက်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ပိတ်ပင်လိုက်တဲ့ အမိန့်မှာ ကုမ္ပဏီနာမည်အတိအကျ ထုတ်ဖော်ပြောကြားခြင်းတော့ မရှိပါဘူး။

Huawei နဲ့ ZTE တို့ဟာ အမေရိကန်ရဲ့ စီးပွားရေးပိတ်ပင်ခံထားရတဲ့ ကုမ္ပဏီတွေထဲမှာ ပါရှိနေပြီး အမေရိကန် ကုမ္ပဏီတွေဖြစ်တဲ့ Google ၊ ARM တို့ဆီက အရေးကြီးတဲ့ ဆော့ဖ်ဝဲလ်နဲ့ လိုင်စင်တွေ အရောင်းအဝယ်လုပ်ခွင့် တားမြစ်ခံထားရပါတယ်။ သမ္မတထရမ့်ဟာ ပြီးခဲ့တဲ့နှစ် မေလထဲမှာ နိုင်ငံခြားဖြစ် တယ်လီကွန်းပစ္စည်းများ ဝယ်ယူမှုပိတ်ပင်ဖို့ ဖက်ဒရယ်အစိုးရကို အာဏာပေးတဲ့ အထူးအမိန့်တစ်ရပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

အခုထိတော့ အပြည့်အဝ ပိတ်ဆို့မှု မလုပ်ရသေးပါဘူး။ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုကြောင့် Huawei ဖုန်းသစ်တွေမှာ Google ဝန်ဆောင်မှုတွေ သုံးခွင့် ပိတ်ခံထားရပေမယ့် ထွက်ပြီးသား ဖုန်းတွေအတွက် Software updates ပံ့ပိုးပေးဖို့အတွက် Google ဟာ အမေရိကန်ကုန်သွယ်ရေးဌာနဆီက ယာယီအထွေထွေလိုင်စင် ရထားပါတယ်။

အမေရိကန်အစိုးရဘက်မှ Huawei ကို ပိတ်ပင်ကြောင်း ကြေညာပြီးနောက် ပြီးခဲ့တဲ့နှစ် မေ ၊ ဩဂုတ် ၊ နိုဝင်ဘာ နဲ့ မတ်လတွေမှာ ပိတ်ဆို့မှု ယာယီဖြေလျှော့သက်တမ်း တိုးမှုများ လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိယာယီလိုင်စင် သဘောတူညီချက်ဟာ မေလ ၁၅ ရက်နေ့မှာ ကုန်ဆုံးမှာပါ။ နောက်ထပ် ယာယီလိုင်စင်သက်တမ်း တိုးပေး/မပေးဆိုတာကို Huawei ဘက်ကရော ကုန်သွယ်ရေးဌာနဘက်ကပါ ထုတ်ပြန်ပြောကြားခြင်း မရှိသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က