စက်တင်ဘာ ၃၀ ရက်နေ့က ကျင်းပခဲ့တာပါ

ပြိုင်ပွဲဝင် ၁၀၀၀ ကျော် ၊ အသင်းပေါင်း ၂၀၀ ကျော် ပါဝင်တဲ့ Mobile Legends ပြိုင်ပွဲကို စက်တင်ဘာ ၃၀ ရက်နေ့မှာ ဖိုင်နယ်အနေနဲ့ရန်ကုန်မြို့Junction City မှာ ကျင်းပခဲ့ပါတယ်။



1_1280x853.jpg

Photo: Huawei

 

Huawei ဖုန်းများနဲ့ပြိုင်ရတဲ့ Mobile Legends Championship ပွဲစဉ်အတွက် အင်တာနက်ပံ့ပိုးမှုပိုင်းမှာ Telenor မှ Broadband Service ပေးခဲ့တယ်လို့ဆိုပါတယ်။

ယခုပြိုင်ပွဲအတွက် Qualifier လက်ရည်စစ်ပြိုင်ပွဲများကို စက်တင်ဘာ ၂၂ ရက်နဲ့၂၃ ရက်များမှာ ကျင်းပခဲ့ပြီး အနိုင်ရ အသင်း ၄ သင်းဟာ ဆီးမီးဖိုင်နယ် ဝင်ပြိုင်ခဲ့တာပါ။

ဆီမီးဖိုင်နယ်နဲ့တတိယနေရာလု ပွဲစဉ်ကို BO3 စနစ်နဲ့ကျင်းပပြီး Grand Final ကို BO5 စနစ်နဲ့ကျင်းပခဲ့ပါတယ်။ ပထမဆုရ Burmese Gouls ကို Nova 3 ဖုန်း ၊ Telenor Broadband နဲ့Mobile Legends အတွက် Diamond ၁ သောင်းခွဲ ပေးခဲ့ပြီး ဒုတိယဆုရ Team Resolution ကို Diamond ၁ သောင်းနဲ့တတိယဆု Electric Noobs နဲ့MIB သင်းတို့ကို Diamonds ၅၀၀၀ ပေးခဲ့တယ်လို့ဆိုပါတယ်။

Huawei ဟာ မကြာသေးခင်ကပဲ မိုဘိုင်းဂိမ်းကစားသူများအတွက် GPU Turbo နည်းပညာကို စတင် မိတ်ဆက်ခဲ့ပါတယ်။ ဒီနည်းပညာကို သုံးထားတဲ့ ဖုန်းတစ်လုံးဟာ Frame အပြည့်နီးပါး ကစားနိုင်သလို ပါဝါသုံးစွဲမှု ၃၀% လျှော့ချပေးပြီး ဂရပ်ဖစ် လုပ်ဆောင်နိုင်စွမ်းများကို ၆၀% အထိ မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

Photo: Huawei

 

လက်ရှိ ပြည်တွင်းဈေးကွက်ထဲ ဝင်ရောက်လာနေတဲ့ Nova 3/3i တို့မှာလည်း GPU Turnbo update တင်ထားတဲ့ ဖုန်းတွေ ဖြစ်လို့ဂိမ်းဖုန်းတစ်လုံးလို အသုံးပြုနိုင်မယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က