ပစ္စည်းပြတ်လို့ပရိုမိုးရှင်းမပေးဖို့ပြောထားပါတယ်။

အသက် ၅၀ နဲ့အထက် စင်္ကာပူနိုင်ငံသားတွေကို Huwawei Y6 Pro 2019 ဈေးအကြီးအကျယ် ချပြီး ရောင်းမယ်ဆိုတဲ့သတင်းကြောင့် သက်ကြီးပိုင်း အများအပြား လာရောက်ခဲ့ပေမယ့် ဒေါသထွက်ပြီး ပြန်ခဲ့ရတယ်လို့ဆိုပါတယ်။

စင်္ကာပူနိုင်ငံ ရဲ့ ၅၄ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဆိုပြီး Huawei ဖုန်းတစ်မျိုးကို စင်္ကာပူ ၅၄ ဒေါ်လာနဲ့ဈေးချရောင်းပေးတာကြောင့် လူစုလူဝေးဖြစ်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ပစ္စည်းလက်ကျန်မရှိတော့ဘူးလို့ပြောခဲ့ကြောင်း Channel News Asia သတင်းက ဖော်ပြထားပါတယ်။



အသက် ၅၀ နဲ့အထက် စင်္ကာပူနိုင်ငံသားနဲ့အမြဲတမ်း နေထိုင်သူတွေကို Huawei Y6 Pro 2019 တစ်လုံးကို စကာၤပူ ၅၄ ဒေါ်လာနှုန်းနဲ့ ပရိုမိုးရှင်းပေးထားတာ ဖြစ်ပြီး တကယ်သွားရောက်ချိန်မှာ ဆိုင်မဖွင့်ခင်ကတည်းက ပစ္စည်းကုန်သွားခဲ့တာလို့ဆိုပါတယ်။ ပရိုမိုးရှင်းအရ လူတစ်ယောက်ကို ဖုန်းနှစ်လုံးအထိ ဝယ်လို့ရမှာ ဖြစ်လို့မနက် ၄ နာရီကတည်းက Huawei အရောင်းဆိုင်တွေ ရှေ့မှာ သွားရောက်တန်းစီခဲ့ကြတာပါ။

ဖုန်းဝယ်ဖို့လာရောက် စောင့်ဆိုင်းခဲ့တဲ့ လူတန်းကြီးဟာ ဆိုင်မဖွင့်ခင်မှာ ပစ္စည်း ပြတ်သွားတယ်ဆိုတာ သိခဲ့ရတာကြောင့် ဒေါသထွက်နေခဲ့ကြတာလည်း ဖြစ်ပါတယ်။ Huawei အရောင်းဆိုင်တွေမှာတော့ ပရိုမိုးရှင်းပေးထားတဲ့ Huawei Y6 Pro 2019 ကို တစ်ဆိုင်မှာ အများဆုံး အလုံး ၃၀ ပဲ ထားရှိထားတာပါ။ Jewel Changi လေဆိပ် ၊ VivoCity ၊ NEX နဲ့Toa Payoh တို့က Huawei အရောင်းဆိုင်တွေကို လာခဲ့တဲ့ ဖောက်သည်တွေဟာ အဲဒီဆိုုင်တွေမှာ Huawei Y6 Pro 2019 အလုံး ၂၀ ကနေ ၃၀ ပဲ ရှိတယ်လို့သိရပြီးနောက် စိတ်ပျက်ကုန်ကြပါတယ်။

VivoCity အရောင်းဆိုင်ရှေ့မှာ ၂ နာရီကျော်ကြာ စောင့်ခဲ့တဲ့ မစ္စတာ ဟိုချွဲဘန်ကတော့ အကြာကြီး စောင့်ခဲ့ပေမယ့် ပစ္စည်းပြတ်မှုနဲ့ကြုံခဲ့ရသူ ဖြစ်ပါတယ်။ " ကျွန်တော် တကယ်ကို စိတ်တိုသွားတယ်။ လူတိုင်းလည်း စိတ်ဆိုးနေကြတယ်။" လို့အသက် ၆၅ နှစ်ရှိပြီ ဖြစ်တဲ့ မစ္စတာ ဟိုချွဲဘန်က ပြောပါတယ်။

Photo: mothership

ဒီဖုန်းကို စင်္ကာပူ ၅၄ ဒေါ်လာဈေးနဲ့ဝယ်ခွင့်မရခဲ့တဲ့ ဖောက်သည်တစ်ချို့ကတော့ ဆိုင်ရှေ့မှာ အော်ဟစ်ပေါက်ကွဲခဲ့ပါတယ်။ ဖောက်သည်တစ်ဦးကလည်း တစ်ဆိုင်မှာ အနည်းဆုံး အလုံးရေ ၂၀၀ ကနေ ၁၀၀၀ အထိ ထားသင့်တယ်လို့ရင်ဖွင့်ခဲ့ပြီး ယခုဖြစ်ရပ်အတွက် Huawei ရဲ့ Facebook စာမျက်နှာမှာ တောင်းပန်ချက် ထုတ်ပြန်ခဲ့ပါတယ်။ Courts and Challengers အပါအဝင် Huawei ရဲ့ လက်လီစတိုးဆိုင်တွေထဲမှာလည်း Huawei Y6 Pro 2019 ပစ္စည်းပြတ်ပြီဖြစ်လို့ ဖောက်သည်များအနေနဲ့ဆိုင်ရှေ့တန်စီခြင်း မလုပ်ဖို့တောင်းဆိုခဲ့ပါတယ်။

Huawei Y6 Pro 2019 အတွက် ပရိုမိုရှင်းပေးမှု ရပ်ဆိုင်းလိုက်တဲ့ ဆိုင်တွေရှိပေမယ့် Huawei ကတော့ ဒီရက်ပိုင်းအတွင်းမှာ စင်္ကာပူ ၉၉၈ ဒေါ်လာတန် Huawei Mate 20 ဖုန်းကို စင်္ကာပူ ၅၆၈ ဒေါ်လာနဲ့ဈေးချရောင်းဖို့စီစဉ်နေကြောင်း Channel News Asia ကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က