တယ်လီကွန်းလုပ်ငန်းပါ ထိခိုက်သွားမလား

အမေရိကန်ရဲ့ Blacklist စာရင်းဝင်တဲ့နောက် Huawei ဟာ စမတ်ဖုန်း ထုတ်လုပ်မှုများကို လျှော့ချလာနေတယ်လို့CNET သတင်းမှာ ဖော်ပြထားပါတယ်။


         ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း maker ဖြစ်လာဖို့ရည်မှန်းထားတဲ့ Huawei ဟာ Foxconn ဆီကနေ ဖုန်းအစိတ်အပိုင်းတွေ မှာယူမှု ရပ်ဆိုင်းလိုက်တယ်လို့Foxconn ကနေ ရတဲ့ သတင်းအရင်းအမြစ်များကို ကိုးကားပြီး South China Morning Post သတင်းမှာလည်း ဖော်ပြနေပါတယ်။ ထိုင်ဝမ်အခြေစိုက် Foxconn ဟာ Apple ၊ Huawei ၊ Sony ၊ Nokia ၊ Xiaomi အပါအဝင် စမတ်ဖုန်းကုမ္ပဏီများအတွက် ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။



Photo: SCMP

         အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့ မေလလယ်ထဲကစပြီး Huawei ကုမ္ပဏီဘက်မှ အမေရိကန်ထုတ်ကုန်နဲ့နည်းပညာများ ရယူ သုံးစွဲမှုကို ပိတ်ပင်လိုက်ပြီးနောက် ဖုန်းထုတ်လုပ်မှု လျှော့ချလိုက်တဲ့ သတင်း ထွက်ပေါ်လာတာပါ။ အမေရိကန်အနေနဲ့Huawei အပေါ် တရုတ်အစိုးရနဲ့အဆက်အသွယ်ရှိနေတယ်လို့နှစ်ပေါင်းများစွာကတည်းက သံသယရှိခဲ့တာ ဖြစ်ပြီး Huawei ကို Blacklist သွင်းရတဲ့ အကြောင်းကလည်း Huawei ဖုန်းတွေထက် ကုမ္ပဏီရဲ့ တယ်လီကွန်းပစ္စည်းအစိတ်အပိုင်းတွေကနေ ဆိုက်ဘာသူလျှိုလုပ်မယ့်အပေါ် စိုးရိမ်ချက်က ပိုအဓိက ကျနေပါတယ်။

         ဒါကြောင့်ပဲ ၂၀၁၂ ခုနှစ်ကစပြီး အမေရိကန်မှာ Huawei တယ်လီကွန်းပစ္စည်း တင်သွင်းခွင့် ပိတ်ပင်တားမြစ်ခဲ့တာ ဖြစ်ပြီး အခုချိန်မှာတော့ အမေရိကန်ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Google ၊ Qualcomm ၊ Intel နဲ့ARM လို ကုမ္ပဏီကြီးတွေဟာလည်း Huawei နဲ့စီးပွားရေး ကူးလူးဆက်ဆံမှု ဖြတ်တောက်ထားပါတယ်။ လက်ရှိမှာ အမေရိကန် စက်မှုနဲ့လုံခြုံရေး ဗြူရို BIS ဟာ Huawei ကို သြဂုတ်လ ၁၉ ရက်နေ့အထိ အကျုံုးဝင်မယ့် ရက် ၉၀ ယာယီအထွေထွေ လိုင်စင်တစ်ခု ထုတ်ပေးထားပါတယ်။

         ဒီယာယီလိုင်စင်ကနေ Huawei အနေနဲ့လက်ရှိ ကွန်ရက်တွေအတွက် လိုအပ်တဲ့ ပစ္စည်းများ ဝယ်ယူနိုင်မှာ ဖြစ်ပြီး ဈေးကွက်ထဲ ရောက်ပြီးသား Huawei ဖုန်းတွေအတွက် ဆော့ဖ်ဝဲလ် updates များ ပေးသွားမှာပါ။ Huawei ဟာ Google Android OS ကို အားကိုးမှု လျှော့ချဖို့ကိုယ်ပိုင် Hongmeng OS သစ်ကို ကြေညာထားပြီး နှစ်ကုန်ပိုင်းမှာ ဒီ OS ကို တရုတ်ဈေးကွက်မှာ စတင် အသုံးပြုနိုင်ဖို့ရှိပါတယ်။

Photo: SCMP

         ပြီးခဲ့တဲ့ ၂၀၁၈ အတွင်းမှာ အမေရိကန်ဘက်မှ စီးပွားရေးပိတ်ဆို့အရေးယူထားတဲ့ အီရန်နဲ့မြောက်ကိုရီးယာထံ နည်းပညာများ ရောင်းချခဲ့တဲ့ ZTE ကိုလည်း အမေရိကန်အာဏာပိုင်တွေဟာ ကုန်သွယ်ရေး ပိတ်ပင် ဒဏ်ခတ်မှု ပြုလုပ်ခဲ့ပါတယ်။ ပါ။ နောက်ပိုင်းမှာ ZTE နဲ့အမေရိကန်အစိုးရအကြား သဘောတူ ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ZTE ကို နှစ် ၂၀ ကျော်ကြာ ဦးဆောင်ခဲ့သူ Chairman ယင်ယီမင်းအပါအဝင် ဘုတ်အဖွဲ့ဝင် ၁၄ ဦး လူစားလဲကာ ဖွဲ့စည်းပုံ ပြောင်းလဲခဲ့သလို အမေရိကန် ကုန်သွယ်ဌာနကိုလည်း ZTE ဟာ ဒဏ်ကြေး ဒေါ်လာ ၁.၄ ဘီလျံလည်း ပေးဆောင်ခဲ့ရပါတယ်။

         Huawei ဟာ ကမ္ဘာ့အများဆုံး 5G စံနှုန်း မူပိုင်ခွင့်များ ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့စုစုပေါင်း 5G မူပိုင်ခွင့်တွေရဲ့ ၂၀% ကို ပိုင်ဆိုင်ထားပါတယ်။ အမေရိကန်အစိုးရရဲ့ Huawei ပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုကြောင့် 5G ကွန်ရက် အဆင့်မြှင့်တင်ရေးမှာ အခက်တွေ့နိုင်ဖို့လည်း ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က