ဂျာမဏီကတော့ Huawei ကို ပိတ်ပင်ဖို့ဆန္ဒမရှိဘူးလို့ပြောထားပါတယ်

5G ကွန်ရက်သစ် ဖော်ဆောင်ရေးမှာ Huawei ကို ပါဝင်ခွင့်ပြုမယ်ဆိုရင် ဂျာမဏီနိုင်ငံရဲ့ သတင်းအချက်အလက်ဖလှယ်မှုကို ထိန်းချုပ်သွားလိမ့်မယ်လို့အမေရိကန်ဘက်မှ သတိပေးလိုက်ပါတယ်။

         ဂျာမဏီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးကနေ ဂျာမဏီစီးပွားရေးဝန်ကြီးကို ပေးတဲ့ စာတစ်စောင်မှာ ဒီသတိပေးမှု ပါဝင်လာတာ ဖြစ်တယ်လို့Wall Street Journal က ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကပဲ ဂျာမဏီစီးပွားရေး ဝန်ကြီး ပီတာအယ်မိုင်ယာမှ ဂျာမဏီနိုင်ငံအနေနဲ့တရုတ်တယ်လီကွန်းကုမ္ပဏီ Huawei Technologies ကို နိုင်ငံရဲ့ 5G ကွန်ရက်တည်ဆောက်ရေးကနေ ဖယ်ထုတ်ပိတ်ပင်ဖို့ဆန္ဒမရှိဘူးလို့ပြောခဲ့ပါတယ်။



Photo: Reuters UK

         အမျိုးသားဆိုက်ဘာလုံခြုံရေး စိုးရိမ်မှုတွေကို အကြောင်းပြုပြီး Huawei ထုတ်ကုန်တွေ မသုံးဖို့အမေရိကန်အစိုးရဟာ မဟာမိတ်နိုင်ငံတွေကို တိုက်တွန်း နှိုးဆောင်နေတာပါ။ အမေရိကန်သံအမတ်ကြီး ရစ်ချတ်ဂရီနဲလ်က တကယ်လို့Huawei နဲ့တစ်ခြားတရုတ်ကုမ္ပဏီတွေကို 5G မိုဘိုင်းလ်ကွန်ရက်အတွက် ခွင့်ပြုလိုက်မယ်ဆိုရင် အမေရိကန်အနေနဲ့ဂျာမဏီလုံခြုံရေး အေဂျင်စီတွေနဲ့တစ်တန်းတည်းထားပြီး ပူးပေါင်း လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ပြောဆိုထားကြောင်း Wall Street Journal မှာ ဖော်ပြထားပါတယ်။

         အမေရိကန်သံအမတ် ဂရီနဲလ်ရဲ့ စာထဲမှာ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့အစည်းအပါအဝင် ကာကွယ်ရေးနဲ့ထောက်လှမ်းရေးဆိုင်ရာ ပူးပေါင်းဖို့အတွက် လုံခြုံတဲ့ ဆက်သွယ်ရေးစနစ်တွော မရှိမဖြစ် လိုအပ်တဲ့အရာဖြစ်ပြီး Huawei နဲ့ZTE Corp တို့လို ကုမ္ပဏီတွေဟာ ဒီလို အပြန်အလှန်သဘောတူထားတဲ့ လျှို့ဝှက်ချက်တွေ ထိခိုက်လာမယ်လို့လည်း သတိပေးထားပါတယ်။

Photo: Duwun Tech

         ဂရီနဲလ်ပေးတဲ့ စာကို စီးပွားရေးနဲ့စွမ်းအင်ဝန်ကြီးမှ ရရှိထားပြိးဖြစ်ကြောင်းနဲ့ဒီအကြောင်းအရာပေါ်မှာ ဝန်ကြီးဘက်မှ မှတ်ချက်ပေးထားခြင်း မရှိသေးဘဲ မကြာခ်ငမှာ အမြန်အကြောင်းပြန်သွားဖို့ရှိတယ်လို့ဂျာမဏီသံရုံးမှ ပြောခွင့်ရပုဂ္ဂိုလ် မတ်သီးယပ်စ် ဝီးလ်လာက ဆိုပါတယ်။ အမေရိကန်နဲ့တစ်ခြားနိုင်ငံတစ်ချို့Huawei ထုတ်ကုန်တွေကို ပိတ်ပင်ဖို့ကြိုးစားနေချိန်မှာ ဂျာမဏီနိုင်ငံဘက်မှ Huawei ရဲ့ သူလျှိုလုပ်ပေးတဲ့ အထောက်အထား မတွေ့ကြောင်းကိုု အစောဆုံး ထုတ်ပြန်ခဲ့တာပါ။

         5G ကွန်ရက်ဖော်ဆောင်ခွင့်အတွက် အပိတ်ခံရပြီးနောက် Huawei ဟာ အမေရိကန်အစိုးရရဲ့ Huawei ထုတ်ကုန်တွေ ပိတ်ပင်ထားတဲ့ NDAA ဥပဒေကို တရားရေးအရ ရင်ဆိုင်ဖို့တက္ကဆက်ပြည်နယ် ပလန်နိုမြို့ပြည်နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က