Pop-Up ကင်မရာ နဲ့ Full View Display ပါဝင်တဲ့ စမတ်ဖုန်းတွေထဲမှာ ဘယ်ဖုန်းကိုရွေးကြမလဲ ?

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီကြီးတွေကြားမှာ သုံးစွဲသူတွေကို ပိုမိုကောင်းမွန်တဲ့ Full View Display ခံစားမှုအတွေ့အကြုံတွေပေးနိုင်ဖို့ အပြိုင်အဆိုင်တီထွင်ဖန်တီးကြရင်းပေါ်ပေါက်လာတဲ့နောက်ထပ်စိတ်လှုပ်ရှားစရာ အပြောင်းအလဲကတော့ Pop-Up ကင်မရာနဲ့ Full View Display ပါဝင်တဲ့ မျိုးဆက်သစ်စမတ်ဖုန်းတွေပေါ်ထွက်လာတာ ပါပဲ။



Pop-Up ကင်မရာဆိုတာက Selfie ကင်မရာအတွက်ဖုန်းရဲ့ရှေ့မျက်နှာပြင်မှာနေရာတစ်နေရာပေးစရာမလိုတော့ဘဲ Selfie ရိုက်တော့မယ်ဆိုမှ ကင်မရာကထွက်ပေါ်လာမှာဖြစ်တာကြောင့် စမတ်ဖုန်းတွေမှာပိုမိုပြည့်ဝတဲ့မြင်ကွင်းကိုပေးစွမ်းနိုင်တဲ့ လုပ်ဆောင်ချက်ပါ။

လက်ရှိစမတ်ဖုန်းဈေးကွက်ထဲမှာ OPPO F11 Pro နဲ့ Vivo V15 တို့ဟာ အသေးစိတ် Specification တွေနဲ့ လုပ်ဆောင်ချက်ပိုင်းတွေမှာကွဲပြားမှုတွေရှိပေမယ့် Pop-Up ကင်မရာနဲ့ Full View Display ပါဝင်တဲ့ပြိုင်ဘက်တွေ ဖြစ်နေကြပါတယ်။ မကြာသေးခင်ကထွက်ပေါ်လာတဲ့သတင်းတွေအရ Huawei ကလည်း သူ့ရဲ့ကိုယ်ပိုင်ပုံစံနဲ့ Pop-Up ကင်မရာပါဝင်မယ့် Y9 Prime 2019 ကိုလာမယ့် ဇွန်လလယ်လောက်မှာ မိတ်ဆက်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။ Huawei ရဲ့ Y9 Prime 2019 ဟာဆိုရင် OPPO F11 Pro၊ Vivo V15 တို့နဲ့ယှဉ်ရင် ပိုတန်တဲ့ဈေးနှုန်းနဲ့ထွက်ပေါ်လာဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ ဒီ Pop-Up ကင်မရာနဲ့ Full View Display ပါဝင်တဲ့စမတ်ဖုန်းတွေထဲမှာ ဘယ်ဖုန်းက ချန်ပီယံဖြစ်လာမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဒီတော့ တစ်ချက်လောက်ကြည့်လိုက်ကြ ရအောင်။

ဈေးနှုန်း


အခုအချိန်အထိ ကြားရတဲ့ သတင်းအရဆိုရင် ပေးရတဲ့ဈေးနဲ့ဘယ်ဖုန်းကပိုတန်သလဲလို့နှိုင်းယှဉ်ကြည့်တဲ့နေရာမှာတော့ Y9 Prime 2019 ကဗိုလ်ဆွဲပါတယ်။ Y9 Prime ဟာ ဒီစမတ်ဖုန်း ၃ မျိုးထဲမှာ အမေရိကန်ဒေါ်လာ ၃၀၀ အောက်သာကျသင့်မယ့်တစ်ခုတည်းသောဖုန်းပါပဲ။ OPPO F11 Pro နဲ့ Vivo V15 တို့ရဲ့ဈေးနှုန်းက Y9 Prime 2019 ထက်ဈေးနှုန်းအရ ပိုမြင့်နေတာကြောင့် ဝယ်ယူသူတွေအနေနဲ့ range ချင်းတူညီတဲ့ဖုန်းအမျိုးအစားတွေချင်းအတူတူ ပိုက်ဆံအပိုကုန်ကျမယ့် ရွေးချယ်မှုမျိုးကိုလုပ်ဖို့ခက်ခဲမှာပဲ ဖြစ်ပါတယ်။

USB

Huawei ၊ Samsung နဲ့ Apple တို့လိုကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီတွေဟာ သူတို့ရဲ့ flagship စမတ်ဖုန်းတွေမှာ ချိတ်ဆက်မှုအတွက် micro-USB ကနေ Type-C ကိုပြောင်းလဲအသုံးပြုနေကြပါပြီ။ အခြား စမတ်ဖုန်း range တွေမှာ လည်း အနှေးနဲ့အမြန် Type-C ကိုပြောင်းလဲအသုံးပြုလာတော့မယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမဲ့ OPPO နဲ့ VIVO တို့လို စမတ်ဖုန်းအမှတ်တံဆိပ်တွေကတော့ သူတို့ရဲ့စမတ်ဖုန်းတွေမှာ Type-C ကိုပြောင်းလဲဖို့အတွက် ခပ်မြန်မြန် လုပ်ဆောင်ဖို့ စိတ်ကူးရှိပုံမရပါဘူး။ အခုနှိုင်းယှဉ်ကြည့်တဲ့စမတ်ဖုန်း ၃ မျိုးထဲမှာဆိုရင် Y9 Prime 2019 တစ်ခုတည်းကသာ အားသွင်းမှုနဲ့ ဒေတာဖလှယ်မှုတွေမှာ ပိုမိုကောင်းမွန်မြန်ဆန်စေမယ့် Type-C ချိတ်ဆက်မှုပါဝင်တဲ့ စမတ်ဖုန်းပဲ ဖြစ်ပါတယ်။

ဒေတာသိုလှောင်နိုင်မှုပမာဏ (Storage)

ဒီနေ့ခေတ်မှာ မြင့်မားတဲ့စွမ်းဆောင်ရည်တွေပါဝင်တဲ့ စမတ်ဖုန်းတွေကိုအရင်တုန်းကထက်သက်သာတဲ့ဈေးနှုန်းတွေနဲ့ ဝယ်ယူရရှိနိုင်လာပါပြီ။ Y9 Prime 2019 မှာဆိုရင် ဒေတာသိုလှောင်နိုင်မှုပမာဏ (Storage) 128 GB အထိပါဝင်ပြီး Vivo V15 နဲ့တူညီနေတာကိုတွေ့နိုင်ပါတယ်။ OPPO ရဲ့ F11 Pro ကတော့ Storage ပမာဏ 64 GB သာပါဝင်ပါတယ်။ အားလုံးကိုခြုံကြည့်မယ်ဆိုရင် Y9 Prime 2019 ဟာပိုမိုသက်သာတဲ့ဈေးနှုန်းနဲ့ ဒီလိုကြီးမားတဲ့ Storage ပမာဏကို ထည့်သွင်းပေးနိုင်တဲ့အားသာချက်ရှိနေတာကိုလည်း တွေ့နိုင်ပါတယ်။

ဘက်ထရီ

ဖုန်းရဲ့ Operating System နဲ့ လုပ်ဆောင်ချက်တွေပိုမိုမြင့်မားလာတာနဲ့အမျှ ဘက်ထရီသုံးစွဲမှုလည်းပိုပြီးမြင့်မားလာတာ ကြောင့် စမတ်ဖုန်းရွေးချယ်ရာမှာ ဘက်ထရီကိုလည်းမဖြစ်မနေထည့်သွင်းစဉ်းစားရပါမယ်။ ဒီနေရာမှာတော့ အခုနှိုင်းယှဉ်နေတဲ့ ဖုန်း ၃ မျိုးလုံးမှာ ကြီးမားတဲ့ 4000 mAh ဘက်ထရီကိုထည့်သွင်းပေးထားပြီး ဈေးကွက်ထဲက နာမည်ကြီးဈေးနှုန်းမြင့်မားလှတဲ့အချို့စမတ်ဖုန်းတွေထက်တောင် ဘက်ထရီပိုမိုကောင်းမွန်နေတာကို တွေ့ရပါတယ်။ အခုလိုဒီဖုန်း ၃ မျိုးလုံးမှာ ကြီးမားတဲ့ 4000 mAh ဘက်ထရီပါဝင်တာခြင်းတူညီနေတာကတော့ စမတ်ဖုန်းဝယ်ယူမယ့် သူတွေအတွက်သတင်းကောင်းပဲဖြစ်ပြီး ဘက်ထရီနဲ့ပတ်သက်လို့ဘယ်ဖုန်းကိုရွေးရမလဲခေါင်းစားနေဖို့မလိုအပ်တော့ပါ ဘူး။

ဒီဂျစ်တယ်ဘဝ ကျန်းမာရေးနဲ့ညီညွတ်မှု

ဒီနေ့ခေတ်မှာလူတွေဟာ စမတ်ဖုန်းကိုကြည့်ရှုတဲ့အချိန် ပိုမိုများပြားလာတာကြောင့် အချို့စမတ်ဖုန်းထုတ်လုပ်သူတွေဟာ ကြည့်လို့ပိုကောင်းတဲ့မျက်နှာပြင်တွေဖြစ်ဖို့သာမက ကျန်းမာရေးကိုထိခိုက်မှုမရှိတဲ့မျက်နှာပြင်တွေဖြစ်အောင် ဖန်တီးထုတ်လုပ်ခြင်းအပါအဝင် အသုံးပြုသူတွေရဲ့ ဒီဂျစ်တယ်ဘဝကျန်းမာရေးနဲ့ညီညွတ်မှုကိုပါထည့်သွင်းစဉ်းစား ပေးလာကြပါတယ်။ ဒီအချက်နဲ့ချိန်ထိုးကြည့်မယ်ဆိုရင် Y9 Prime 2019 ဟာ အပြာရောင်အလင်းတန်းကြောင့် မျက်လုံးကိုထိခိုက်မှုလျှော့ချပေးနိုင်ကြောင်း အသိအမှတ်ပြုလက်မှတ် TÜV Rheinland ရရှိထားတာကိုတွေ့ရမှာပါ။

ကင်မရာ

ဒီဖုန်း ၃ မျိုးလုံးမှာ Pop-Up ကင်မရာပါဝင်တာချင်းတူညီကြပေမယ့် အဲဒီ pop-up selfie ကင်မရာကိုထည့်သွင်းထားတဲ့ နေရာပေါ်မူတည်ပြီး သိသိသာသာကွဲပြားမှုတွေရှိနေပါတယ်။ V15 ရဲ့ကင်မရာထားသိုမှုပုံစံကြောင့် ကျောဘက်မှာ ပိုမိုထူထဲတဲ့ အခုံးတစ်ခုပါဝင်နေပြီး Y9 Prime 2019 နဲ့ F11 Pro တို့ကတော့ပိုမိုချောမွေ့တဲ့ကျောဘက်မျက်နှာပြင် တွေကို ပိုင်ဆိုင်ကြပါတယ်။ အခြားတစ်ဖက်မှာတော့ OPPO F11 Pro က wide-angel feature မပါဝင်ဘဲ V15 နဲ့ Y9 Prime 2019 တို့မှာသာ အဲဒီကင်မရာ feature ပါဝင်ပါတယ်။ နောက်ပြီး Y9 ဟာဆိုရင် Huawei က P series နဲ့အတူ ဈေးကွက်ထဲမှာ low-light ကင်မရာလုပ်ဆောင်မှုကဏ္ဍမှာဦးဆောင်လိုက်ပြီးတဲ့နောက် ပထမဆုံးအနေနဲ့ အလင်းရောင်အားနည်းတဲ့ ညဘက်မြင်ကွင်းတွေမှာကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေဖမ်းယူနိုင်မယ့် night mode photography ပါဝင်လာတဲ့ budget ဖုန်းဖြစ်လာခဲ့ပါတယ်။ Huawei ဟာ ပိုမိုကောင်းမွန်တဲ့ ဓါတ်ပုံရိုက်ကူးမှု အတွေ့အကြုံအတွက် ပိုမိုများပြားတဲ့ကင်မရာတွေကိုထည့်သွင်းပေးလေ့ရှိတာအားလုံးအသိပါပဲ။ Vivo V15 နဲ့ Y9 Prime 2019 နှစ်ခုလုံးမှာ အနောက်ဘက်ကင်မရာ ၃လုံးပါဝင်ပြီး F11 Pro ကတော့ အနောက်ဘက်ကင်မရာ ၂ လုံးသာပါဝင်ပါတယ်။

အခုဖော်ပြခဲ့တဲ့အချက်တွေအရ ဒီဖုန်း ၃ မျိုးထဲက ဘယ်တစ်မျိုးကိုရွေးချယ်သင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး ပရိသတ်ကြီးရဲ့အမြင်လေးကို comment box မှာဝေမျှပေးခဲ့ပါဦး။

Share

Loading Next Article...
က္က