Superhuman တွေရဲ့ အသိဉာဏ်လို ဖြစ်လာမလား

လျှပ်စစ်ကားတွေနဲ့နာမည်ကြီးတဲ့ ဒီကုမ္ပဏီဟာ ဦးနှောက်ကနေ တစ်ဆင့် ကွန်ပျူတာတစ်လုံးကို ထိန်းချုပ်နိုင်တဲ့ နည်းပညာကို စမ်းသပ်ထားတယ်လို့ကြေညာထားပါတယ်။

Tesla ကားကုမ္ပဏီနဲ့SpaceX အာကာသယာဉ်လုပ်ငန်းများကို ပိုင်ဆိုင်တဲ့ ဘီလျံနာအီလွန်မတ်စ်ဟာ လူသားဦးနှောက်နဲ့ကွန်ပျူတာ Interface ကို ချိတ်ဆက်ပေးမယ့် NeuralLink ဆိုတဲ့ သိပ္ပံဆေးသုတေသနကုမ္ပဏီတစ်ခုကို တည်ထောင်ထားပါတယ်။ NeuralLink ကုမ္ပဏီဟာ လူ့ဦးနှောက်စွမ်းဆောင်ရည်ကို နည်းပညာအကူအညီနဲ့အဆင့်မြှင့်တင်သွားဖို့အတွက် စက်ယန္တရားများနဲ့လူသားအကြား ရုပ်ပိုင်းဆိုင်ရာ တိုက်ရိုက်ဆက်သွယ်နိုင်စေမယ့် neural lace နည်းပညာကို သုံးစွဲသွားမယ်လို့ကြေညာထားပါတယ်။



Photo: CNN

NeuraLink ကနေ တီထွင်ထားတဲ့ ၄မီလီမီတာ ပတ်လည် အရွယ်အစား ချပ်စ်ထုတ်ကုန်ဟာ လူ့နားရွက်နောက်မှာ ထားရှိထားတဲ့ receiver တစ်ခုကနေ တစ်ဆင့် ကွန်ပျူတာနဲ့ကြိုးမဲ့ ချိတ်ဆက်နိုင်မှာပါ။ လူတစ်ယောက်ရဲ့ ဆံပင်ထက် ပိုသေးသွယ်တဲ့ ဆံချည်မျှင်တွေနဲ့ချိတ်ဆက်နိုင်မယ့် Electrode ပေါင်း ၃ ထောင်ကျော်ပါတဲ့ ကိရိယာငယ်တစ်ခုလို့ဆိုပါတယ်။ ဒီကိရိယာနဲ့ချိတ်ဆက်ထားတဲ့ ဆံချည်မျှင်တွေဟာ နျူရွန် ၁ ထောင်ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နိုင်မှာလည်း ဖြစ်ပါတယ်။

ဒီစနစ်ရဲ့ ကောင်းကျိးတစ်ခုက ဦးနှောက်ရဲ့ အစိတ်အပိုင်းငယ်တွေကို ပိုပြီး တိကျအောင် ရှာဖွေနိုင်တာ ဖြစ်လို့ခွဲစိတ်ကုသမှုပိုင်းမှာ ပိုပြီး ဘေးကင်းစေမယ်လို့လည်း BBC သတင်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် Machine Learning နည်းပညာကို သုံးပြီး ဖြစ်စဉ်ဖမ်းယူမှုကိုလည်း ခွဲခြားလေ့လာနိုင်မယ်လို့ဆိုပါတယ်။

NeuraLink အနေနဲ့ ဦးနှောက်လှုပ်ရှားမှုကို ဒီစနစ်ကနေ ဘယ်လို ဘာသာပြန်ယူတယ် ၊ ဦးနှောက်ဆဲလ်တွေကို ဘယ်လိုမျိုး လှုံ့ဆော်တယ်ဆိုတာမျိုး ရှင်းမပြခဲ့ပါဘူး။ " ကျွန်တော်တို့ဆီမှာ အံ့အားသင့်စရာကောင်းလောက်တဲ့ Neural Lace နည်းပညာ အခုချက်ချင်းကြီး ရှိနေပြီးတော့ လူတွေရဲ့ ဦးနှောက်ကနေ အချက်အလက်တွေ ရယူနိုင်ပြီလို့ပြောတာ မဟုတ်ပါဘူး။ ဒီအတွက် အချိန်တွေ အများကြီး လိုပါသေးတယ်။" လို့အီလွန်မတ်စ်က ဆိုပါတယ်။

Photo: Engadget

န်ထမ်းဦးရေ ၁၀၀ ရှိတဲ့ NeuraLink ကုမ္ပဏီဟာ ၂၀၁၆ ခုနှစ်က စတင် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ NeuraLink အနေနဲ့လူ့ဦးနှောက်နဲ့ကုမ္ပဏီရဲ့ ထုတ်ကုန်ကို စမ်းသပ်ဖို့အမေရိကန် FDA အဖွဲ့အစည်းဆီက ခွင့်ပြုချက်လိုမှာ ဖြစ်ပြီး လက်ရှိမှာ Neural Lace နည်းပညာကို မျောက်တစ်ကောင်မှာ စမ်းသပ်ထားပါတယ်။

လောလောဆယ်အနေနဲ့ဦးနှောက်နဲ့အာရုံကြော ရောဂါဝေဒနာသည်တွေကို ကုသရေးမှာ ဒီနည်းပညာကို အသုံးပြုဖို့ရည်ရွယ်ထားပေမယ့် အနာဂါတ်မှာတော့ ပြီးပြည့်စုံတဲ့ Superhuman ဦးနှောက်မျိုး ဖန်တီးဖို့အတွက် မျှော်လင့်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က