Google+ နဲ့တစ်ရက်တည်း ဖျက်သိမ်းသွားမှာပါ

Google က ၂၀၁၄ အောက်တိုဘာလထဲမှာ Inbox by Gmail app ကို မိတ်ဆက်ခဲ့ပြီး ၅ နှစ်ခန့်အကြာမှာတော့ တရားဝင် ဖျက်သိမ်းဖို့ဖြစ်လာခဲ့ပါတယ်။

      Inbox by Gmail ဟာ Gmail app ရဲ့ inbox မှာ features သစ်တွေ ထည့်သွင်းဖို့စမ်းသပ်ရာမှာ သုံးတဲ့ app ဖြစ်ပြီး ဒီ app ထဲမှာ email bundling နဲ့Snooze လုပ်တဲ့ features လိုမျိုး အသစ်တွေ ပါဝင်ခဲ့ပါတယ်။ 9to5Google မှာဖော်ပြချက်အရ Google ဟာ Inbox users များဆီ အသိပေးမေးလ်ပို့ရာမှာ ဒီနေ့ ကနေ နောက် ၁၅ ရက်အကြာမှာ Inbox by Gmail ကို တရားဝင်ပိတ်သွားမယ်လို့ဖော်ပြထားတယ်။



Photo: 9to5google

         အစောပိုင်းက မတ်လကုန်မှာ Inbox by Gmail ကို ပိတ်မယ်လို့ဖော်ပြခဲ့ပေမယ့် အခုချိန်မှာတော့ ဧပြီ ၂ ရက်နေ့မှာ ဖျက်သိမ်းသွားမယ်လို့ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ Google ဟာ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းက Gmail ကို ဒီဇိုင်းသစ်နဲ့features အဆန်းများ ထည့်သွင်းလာခဲ့ပါတယ်။ ဒီ features တွေထဲမှာ အီးမေးလ်တစ်စောင်ကို သတ်မှတ်ထားတဲ့ အချိန်လွန်တာနဲ့ဖျက်ဆီးပစ်မယ့် Confidential Mode နဲ့အလိုအလျောက် reply ပြန်နိုင်မယ့် smart reply စနစ်တို့ပါဝင်ခဲ့ပါတယ်။

         Gmail ဒီဇိုင်းသစ်ဟာ ရိုးရှင်းသပ်ရပ်မှုကို ဦးစားပေးထားပြီး လုံခြုံရေးစနစ်အနေနဲ့မေးလ်ထဲက အချက်အလက် ယူမှုကို သတိပေးမယ့် phishin warnings စနစ်များလည်း ပါဝင်လာပါတယ်။ Inbox by Gmail ကို ဖျက်သိမ်းပြီးတဲ့နောက်မှာတော့ Google ဟာ ဒီ app ထဲက features တွေကို Gmail app ထဲ ပြောင်းသွားမယ်လို့ဆိုပါတယ်။ Google ဟာ ၂၀၁၁ ခုနှစ်ထဲမှာ မိတ်ဆက်ခဲ့တဲ့ Google+ ဝန်ဆောင်မှုကိုလည်း လာမယ့် ဧပြီလ ၂ ရက်နေ့မှာ ဖျက်သိမ်းတော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က