နောက်ခံတေးလည်း သုံးနိုင်ပြီ ဖြစ်ပါတယ်။
Nyein Min Wai

Snapchat ဟာ ၂၄ နာရီအတွင်း ပျောက်ပျက်သွားမယ့် ဓါတ်ပုံနဲ့ဗွီဒီယိုတွေအတွက် Stories ဆိုတဲ့ feature ကို ပထမဆုံး သုံးလာခဲ့တာပါ။ စိတ်မကောင်းစရာက Snapchat ရဲ့ ဒီ feature ကို ပုံတူကူးချတဲ့ Instagram Stories က ပိုပြီး လူသုံးများနေတာပါပဲ။

photo: CNBC

 

Instagram ရဲ့ ထုတ်ပြန်ချက်အရ ကုမ္ပဏီရဲ့ Stories feature ကို နေ့စဉ်သုံးစွဲသူဟာ သန်း ၄၀၀ အထိ ရှိနေတယ်လို့ဆိုပါတယ်။ ဒီ ဓါတ်ပုံ Stories model ကို ပထမဆုံး တီထွင်ခဲ့တဲ့ Snapchat ကတော့ ၂၀၁၈ သုံးလပတ်စစ်တမ်းအရ ဒီ feature ကို နေ့စဉ် သုံးစွဲသူ ၁၉၁ သန်းပဲ ရှိထားတယ်လို့ထုတ်ပြန်ထားပါတယ်။ နေ့စဉ် သုံးစွဲသူ သန်း ၄၀၀ ရှိလာပြီးနောက် Instagram ဟာ Stories feature အတွက် ပိုပြီး ဆွဲဆောင်မှု ရှိမယ့် ကဏ္ဍတစ်ခုပါ ထည့်သွင်းလိုက်ပါတယ်။

လစဉ်သုံးစွဲသူ သန်းတစ်ထောင်ကျော်လာပြီ ဖြစ်တဲ့ Instagram ဟာ ကုမ္ပဏီရဲ့ Stories feature မှာ နာမည်ကျော်သီချင်းတွေပါ နောက်ခံတေးအနေနဲ့ထည့်သွင်းလိုက်တာပါ။ သီချင်းအပုဒ်ရေ ထောင်နဲ့ချီပြီး app ကနေ တိုက်ရိုက်ရယူနိုင်မှာ ဖြစ်ပြီးဒီထဲမှာ Bruno Mars ၊ Demi Lovato ၊ Guns N' Roses နဲ့Maroon 5 တို့လို နာမည်ကျော် အဆိုတော်တွေရဲ့ သီချင်းများစွာလည်း ပါဝင်လာမှာပါ။ Instagram ဟာ သီချင်းသစ်တွေကိုလည်း Stories မှာ နေ့စဉ် တင်ပေးသွားမယ်လို့ဆိုပါတယ်။

Instagram Stories သုံးသူများဟာ Music optionကနေ ကိုယ်ကြိုက်နှစ်သက်ရာ သီချင်းသစ် ထည့်သွင်းနိုင်မှာပါ။ ဒီ Music feature ကို Instagram မှ music ကဏ္ဍအတွက် လိုင်စင်ရထားတဲ့ နိုင်ငံများမှာ သုံးနိုင်မှာ ဖြစ်ပြီး မကြာခင်မှာ နိုင်ငံအများအပြားကို တိုးချဲ့ဖြန့်ချိသွားမယ်လို့ဆိုပါတယ်။ music sticker feature ကို iOS နဲ့အန်းဒရိုက်နှစ်မျိုးစလုံးအတွက် ဖြန့်ချိထားတာ ဖြစ်ပေမယ့် recording မဖမ်းခင် သီချင်းရွေးချယ်နိုင်တဲ့ အပိုင်းကတော့ iOS မှာပဲ ရသေးပြီး အန်းဒရိုက်ထုတ်ကုန်တွေမှာတော့ မကြာခင်မှာ သုံးနိုင်မယ်လို့ဆိုပါတယ်။

photo: TechCrunch

 

Facebook ပိုင် လူမှုကွန်ရက်တွေထဲမှာ microblogging site တစ်ခု ဖြစ်တဲ့ Twitter ကလွဲရင် Facebook ၊ Messenger ၊ WhatsApp နဲ့Instagram တို့မှာ Stories feature များ ပါဝင်ပြီး WhatsApp Status က ပြီးခဲ့တဲ့ မေလအတွင်း နေ့စဉ်သုံးစွဲသူ အများဆုံး ဖြစ်ပြီး Instagram က ဒုတိယလိုက်နေပါတယ်။ Instagram မှာတော့ feature ပိုစုံလာပြီ ဖြစ်လို့Instagram Stories feature ဟာ လူငယ်များအကြား ဆက်လက်ရေပန်းစားဖို့ရှိပါတယ်။


Author


က္က