Like Button လည်း ဖျောက်ထားပါတယ်

နာမည်ကြီးပုဂ္ဂိုလ်တစ်ချို့ရဲ့ အကောင့်တွေမှာ ကနဦးစမ်းသပ်ပြီးနောက် Facebook ဟာ အင်္ဂလိပ်ဘာသာသုံး စာမျက်နှာတွေမှာလည်း layout ဒီဇိုင်းသစ်ကို စမ်းသပ်နေပြီ ဖြစ်ပါတယ်။

မိုဘိုင်းapp အတွက် ပုံစံသစ်အနေနဲ့ စမ်းသပ်ထားတဲ့ features တစ်ခုကတော့ Page နာမည် ၊ အညွှန်းနဲ့ Follower အရေအတွက်ကို အသားပေးထားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ အရင်က Page ဒီဇိုင်းဟောင်းနဲ့ မတူတာက Layout သစ်မှာ Follower ပမာဏ ၊ page အကြောင်းနဲ့ Story Highlights တွေကို ထင်ထင်ရှားရှားတွေ့အောင် စီစဉ်ထားပြီး Like button ကို ဖျောက်ထားတာပဲ ဖြစ်ပါတယ်။



Photo: engadget

Followers အရေအတွက်ဟာ ဒီ Page ကနေ တက်လာတဲ့ အကြောင်းအရာသစ်တွေကို အမှန်တကယ် ကြည့်ရှုသူတွေကို ကိုယ်စားပြုတာ ဖြစ်ပြီး Likes အရေအတွက်ထက် Page ရဲ့ ပျံ့နှံနှုန်းကို ပိုပြီး တိတိကျကျ ညွှန်းတော့မှာပါ။ Layout သစ်နဲ့အတူ Facebook ဟာ Page ပိုင်ရှင်တွေကို အကောင့်စီမံမှု ပုံစံသစ်တွေ သုံးခွင့်လည်း ပေးထားတယ်လို့ Engadget သတင်းက ဆိုပါတယ်။

features သစ်မှာ သူတို့ရဲ့ personal profiles နဲ့ Pages တွေအကြား အလွယ်တကူ ညွှန်းပေးနိုင်အောင် လုပ်ထားပါတယ်။ Page ကိုင်သူအတွက် admin access ပေးတာကိုလည်း ပိုပြီး လွယ်အောင် လုပ်ထားတဲ့အပြင် ဒီ Page ရဲ့ အားအကောင်းဆုံး ပို့စ်တွေနဲ့ Instagram အကောင့်နဲ့ ချိတ်ဆက်ထားတဲ့ ပရိတ်သတ်တွေကိုပါ Insights သစ်မှာ ကြည့်လို့ရအောင် စီမံထားပါတယ်။

လက်ရှိမှာ ဒီ layout အတွေ့အကြုံသစ်ကို သရုပ်ဆောင်များ ၊ စာရေးဆရာများ ၊ ဖန်တီးသူနဲ့ မီဒီယာတစ်ချို့အတွက် စမ်းသပ်ဖို့ ပေးသုံးထားပါတယ်။ လောလောဆယ် Facebook မိုဘိုင်းအက်ပ်မှာပဲ စမ်းသပ်ထားပြီး ဘယ်အချိန် တရားဝင်ဖြန့်ချိမလဲ မပြောထားသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က