ရှည်လျားလှတဲ့ ဖြစ်စဉ်တစ်ခုရဲ့ အစလား

အလှမ်းကျယ်လာတဲ့ မတ်ခ်ဇူကာဘတ်ရဲ့ ခြေလှမ်းသစ်က Facebook သုံးတဲ့သူတွေ မျက်လုံးပြူးစေတော့မလား။

         ၂၀၁၈ နှစ်စမှာ အချက်အလက်ပေါက်ကြားမှု အရှုပ်တော်ပုံနဲ့စတင်ခဲ့သလို ဒီနှစ်ထဲမှာ Facebook ဟာ ကုမ္ပဏီပိုင် messaging services တွေ ဖြစ်တဲ့ Instagram ၊ WhatsApp နဲ့Facebook Messenger သုံးခုလုံးကို တစ်ခုတည်းအဖြစ် ပူးပေါင်းသွားဖို့စီစဉ်နေပါပြီ။ တစ်နည်းအားဖြင့် Messenger မှာ အကောင့်ဖွင့်ထားသူ တစ်ယောက်ဟာ WhatsApp အကောင့်ရှိသူနဲ့တိုက်ရိုက်ချိတ်ဆက်ပြီး စကားပြောနိုင်မယ့် သဘောပါ။

         လက်ရှိအချိန်အထိ ဒီ service ၃ ခုစလုံးဟာ သီးသန့်standalone apps တွေအနေနဲ့ရှိထားပေမယ့် တစ်ချိန်ချိန်မှာ မတူတဲ့ ဝန်ဆောင်မှုအချင်းချင်း တိုက်ရိုက်ချိတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီသတင်းကို New York Times က ပထမဆုံး ရေးသားဖော်ပြခဲ့တာ ဖြစ်ပြီး မတ်ခ်ဇူကာဘတ်ရဲ့ ပုဂ္ဂလိကပရောဂျက်တစ်ခု ဖြစ်မယ်လို့လည်း ယုံကြည်ထားပါတယ်။

         app သုံးခုကို တစ်ခုတည်း အဖြစ် ပေါင်းမယ့်အချိန်ဟာ ၂၀၁၉ အကုန် ၂၀၂၀ နှစ်ဆန်းပိုင်းလောက် ဖြစ်မယ်လို့လည်း သတင်းထွက်ထားပါတယ်။ Messenger ၊ WhatsApp နဲ့Instagram တို့မှာ ဘုံအားဖြင့် တူညီတဲ့ အခြေခံသဘောတရားမရှိတာကြောင့် တိုက်ရိုက်ချိတ်ဆက်ဖို့ဆိုတာ လက်ရှိမှာ မဖြစ်နိုင်သေးပါဘူး။

         လောလောဆယ် WhatsApp ဝန်ဆောင်မှုကို လူပေါင်း သန်း ၁၅၀၀ ကျော်က လစဉ် သုံးစွဲနေပြီး Instagram ကို သုံးစွဲသူဦးရေက သန်း ၁၀၀၀ နဲ့အထက်မှာ ရှိနေပါတယ်။ Facebook Messenger ကိုတော့ လစဉ်လူပေါင်း သန်း ၁၃၀၀ ကျော်က အသုံးပြုနေတာ ဖြစ်ပါတယ်။ ဒါကတော့ ပြီးခဲ့တဲ့နှစ်က အချက်အလက်တွေ ဖြစ်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။

Photo: iDownloadBlog

         လစဉ် သုံးစွဲသူ သန်း ၂၂၇၀ ကျော် ရှိထားတဲ့ Facebook ဟာ WhatsApp ကနေ အချက်အလက်တွေ မျှဝေသုံးစွဲတယ်ဆိုပြီး ယူကေ သတင်းအချက်အလက် ကော်မရှင်နာရုံးရဲ့ စစ်ဆေးမှု ခံထားရပါတယ်။     

Share

Loading Next Article...
က္က