WWDC 2020 မှာ ကြေညာသွားမလား

ပြီးခဲ့တဲ့နှစ်က iPad အတွက် iOS သီးသန့်ဗားရှင်းအနေနဲ့ iPadOS ကို ကြေညာခဲ့သလိုမျိုး Apple ဟာ iPhoneOS ဆိုပြီး နာမည်ပြောင်းလာဖို့ ရှိပါတယ်။


iPhone အတွက် ထုတ်ထားတဲ့ iOS ကို iPhoneOS အဖြစ် နာမည်ပြောင်းမယ့်သတင်းကို XDA Developers သတင်းဌာနမှ မတ်ချ်ဝိန်းဘာ့က လူမှုကွန်ရက်ပေါ် စပြီး တင်ခဲ့တာပါ။ Apple ဟာ iOS ကို iPhoneOS အဖြစ် နာမည်ပြောင်းသွားမယ်ဆိုတဲ့ အီးမေးလ်တစ်စောင် ရခဲ့တယ်လို့ မတ်ချ်ဝိန်းဘာ့က Tweet မှာ ‌ရေးထားတာပါ။ နောက်ထပ် စိတ်ဝင်စားစရာတစ်ချက်ကတော့ iPhone ကို Apple Phone အဖြစ် ပြောင်းမယ်လို့ ဆိုတာပါပဲ။




Photo: Gizchina

Apple Phone အဖြစ် နာမည်ပြောင်းမယ့်သတင်းကတော့ အတော်ချင့်ချိန်ဖို့ လိုမယ့် သတင်းဖြစ်ပေမယ့် iPhone OS အဖြစ် နာမည်ပြောင်းမယ့်သတင်းက ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုရမှာပါ။ Apple ဟာ Apple Watch အတွက် WatchOS ၊ Mac အတွက် macOS နဲ့ iPad လိုမျိုး တက်ဘလက်တွေအတွက် iPadOS ဆိုပြီး iOS ဗားရှင်းတွေ ခွဲပြီး ဖန်တီးထားတာ ဖြစ်လို့ iPhone အတွက်လည်း iPhone OS ဆိုပြီး မိတ်ဆက်သွားဖို့ဆိုတာ နီးစပ်နေပါတယ်။

iPhone ကို Apple Phone အဖြစ် နာမည်ပြောင်းမယ်ဆိုရင်လည်း iPhone အဖြစ်ပဲ လူတွေက ဆက်ခေါ်နေဖို့ ရှိသလို ဒီလို နာမည်အပြောင်းအလဲကလည်း အဓိပ္ပါယ်မရှိသလိုပါပဲ။ ဇွန်လ ၂၂ ရက်မှာ Apple ဟာ WWDC 2020 Conference ကို ကျင်းပသွားဖို့ ရှိပါတယ်။ ဒီပွဲမှာ iPadOS 14 ၊ watchOS သစ် နဲ့ macOS updates တွေလည်း မိတ်ဆက်သွားဖို့လည်း ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က