emoji ၁၃ မျိုး နာမည်စာရင်း ထွက်လာပါတယ်

Apple ဟာ ဆောင်းတွင်းပိုင်းမှာ ထွက်ရှိမယ့် iOS 14 နဲ့ တစ်ခြား Software updates တွေမှာ ပါလာမယ့် emoji သစ်တစ်ချို့ကို ထုတ်ဖော် ပြသသွားပါတယ်။

World Emoji Day မတိုင်ခင် တစ်ရက်ကြိုပြီး emoji characters သစ်တွေကို ပြသသွားတာ ဖြစ်ပါတယ်။ ဒီ emoji တွေကို Unicode Consortium မှာ ၂၀၂၀ နှစ်ဆန်းပိုင်းကတည်း အတည်ပြုထားတာ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ စုစုပေါင်း emoji သစ် ၁၁၇ ခု ထွက်ရှိမှာ ဖြစ်ပါတယ်။ ဒီထဲမှာ လူအချင်းချင်း ပွေ့ဖက်နေပုံ ၊ မျက်ရည်နဲ့ ပြုံးနေတဲ့ မျက်နှာတစ်ခုပုံတွေလည်း ပါမယ်လို့ 9to5 Mac က ဆိုပါတယ်။



Photo: Apple Insider

ဒီနှစ် ဆောင်းတွင်းပိုင်းမှာ iOS သစ်နဲ့အတူ iPhone ၊ iPad ၊ Apple Watch နဲ့ Mac ထုတ်ကုန်တွေဆီကို ရောက်လာမယ့် emoji ၁၃မျိုးကတော့ Dodo ၊ Nesting Dolls ၊ Piñata ၊Tamale ၊ Pinched Fingers ၊ Boomerang ၊ Ninja ၊ Coin ၊ Anatomical Heart ၊ Beaver ၊ Transgender Symbol ၊ Bubble Tea နဲ့ Lungs ဇာတ်ကောင်ပုံတွေ ဖြစ်ပါတယ်။

Apple ဟာ iOS update တွေမှာ emoji characters သစ်တွေ ဖြန့်ချိလေ့ရှိပါတယ်။ ဒီနှစ်ထဲမှာလည်း iOS 14 နဲ့အတူ iPadOS 14, macOS Big Sur နဲ့ watchOS 7 တို့မှာ emoji characters သစ်တွေ မြင်ရမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က