iOS 10.3.4 update တင်ရမှာပါ။
Nyein Min Wai

iOS 10.3.4 ကို update လုပ်မထားတဲ့ iPhone 5 တွေဟာ မကြာခင် အင်တာနက် access ရမှာမဟုတ်တော့ဘူးလို့Apple က သတိပေးထားပါတယ်။


iPhone 5 ကိုင်ဆောင်သူတွေအနေနဲ့နိုဝင်ဘာ ၃ ရက်နေ့ကို နောက်ဆုံးထားပြီး iOS 10.3.4 ကို update တင်ကြဖို့Apple ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကနေ တိုက်တွန်းထားတာပါ။ တကယ်လို့အဲဒီအချိန်အထိ update တင်မထားရင်တော့ တိုက်ရိုက်အချိန်နဲ့နေ့ရက်ပေါ် အခြေပြုထားတဲ့ features တွေ သုံးမရ ဖြစ်ကုန်မယ်လို့ဆိုပါတယ်။

Photo: mspoweruser


ဒီပြဿနာကို App Store ၊ email ၊ web browsing နဲ့storage ဝန်ဆောင်မှုဖြစ်တဲ့ iCloud တို့မှာ ကြုံရမှာ ဖြစ်ပါတယ်။ ဒါဟာ ဖုန်းရဲ့ GPS စနစ်နဲ့ချိတ်ဆက်နေပြီး iOS 10.3.4 သစ် update မတင်ရင် GPS တည်နေရာစနစ် မတိကျတာတွေဖြစ်လာပြီး အချိန်ပေါ် မူတည်နေတဲ့ ဝန်ဆောင်မှုတွေ အသုံးပြုလို့မရတော့တာတွေ ဖြစ်လာမှာပါ။

GPS လို့ခေါ်တဲ့ ကမ္ဘာ့တည်နေရာပြစနစ် တကျော့ပြန်မှုဖြစ်စဉ်ဟာ သီတင်းပတ်ပေါင်း ၁၀၂၄ ပတ် ( ၁၉.၇ နှစ်) မှာ တကြိမ် ဖြစ်ပွားတတ်ပြီး GPS ပေါ် အခြေခံထားတဲ့ ထုတ်ကုန်ဟောင်းတွေဟာ ဒါကို ချိန်ညှိနိုင်ဖို့ဆော့ဖ်ဝဲလ်တွေကို update မြှင့်ပေးဖို့လိုပါတယ်။

Photo: BBC


iOS 10.3.4 ဟာ နောက်ဆုံးပေါ် OS ဗားရှင်းမဟုတ်ပေမယ့် ၂၀၁၂ ထုတ် iPhone 5 အတွက် up-to-date အဖြစ်ဆုံး ဗားရှင်း ဖြစ်ပါတယ်။ iPhone 5 လိုပဲ iPad (4th generation) Wi-Fi + Cellular ကိုလည်း iOS 10.3.4 တင်ပေးဖို့Apple က ထုတ်ပြန်ထားပါတယ်။

iPhone 5 အရင် ထွက်ထားတဲ့ iPhone 4S ၊ iPad mini (1st generation) Wi-Fi + Cellular ၊ iPad 2 Wi-Fi + Cellular (CDMA models only) နဲ့iPad (3rd generation) Wi-Fi + Cellular တို့ကိုတော့ iOS 9.3.6 ကို တင်ဖို့လိုမှာ ဖြစ်ပြီး WiFi သီးသန့်iPod touch နဲ့iPad တွေနဲ့ update ဖြစ်ထားတဲ့ iOS သုံး ထုတ်ကုန်တွေကတော့ ပြဿနာမရှိဘူးလို့ဆိုပါတယ်။


က္က