adware တွေပါ
Nyein Min Wai

malware ထည့်ထားတဲ့ apps ၁၇ ခုကို Apple App Store မှာ တွေ့ရှိထားပါတယ်။

မိုဘိုင်းလုံခြုံရေးကုမ္ဗဏီ Wandera ဟာ Trojan malware ကူးစက်ထားတဲ့ apps ၁၇ ခုအကြောင်းကို အစီရင်ခံစာတစ်ရပ် ထုတ်ထားပြီး ဒီ malware ပါတဲ့ apps တွေဟာ အိန္ဒိယအခြေစိုက် developer တွေဆီကနေ လာတာ ဖြစ်တယ်လို့ဆိုပါတယ်။

Photo: wandera

ကိုယ်လက်ကြံ့ခိုင်ရေး ၊ ခရီးသွားလာမှုနဲ့တစ်ခြားအပိုင်းတွေက apps တွေမှာ malware ထည့်မှုကို အိန္ဒိယမှ AppAspect Technologies Pvt.Ltd က ရေးဆွဲတာဖြစ်ပါတယ်။ တကယ်လို့ဒီ apps တွေထဲ ဝင်လိုက်တာနဲ့အထဲမှာပါတဲ့ links တွေ နောက်ကွယ်က webpages တွေကို သုံးစွဲသူ မသိလိုက်ရဘဲ လိုက်ဖွင့်နေမှာပါ။

ဒါမျိုးကို adware လို့လည်း ခေါ်ပြီး malware တစ်မျိုးပဲ ဖြစ်ပြီး အန္တရာယ်အရှိကြီး မဟုတ်ပေမယ့် ဖုန်းဘက်ထရီသက်တမ်း ထိခိုက်နိုင်ပါတယ်။ ဒီလို ပြဿနာ ရှိတဲ့ apps တွေကတော့ RTO Vehicle Information ၊ EMI Calculator & Loan Planner ၊ File Manager-Document ၊ Smart GPS Speedometer ၊ ClickOne- Live Cricket Scores ၊ Daily Fitness- Yoga Poses ၊ FM Radio- Internet Radio ၊ My Train Info- IRCTC&PNR ၊ Around Me Place Finder ၊ Easy Contracts Backup Manager ၊ Ramadan Times 2019 ၊ Restaurant Finder – Find Food၊ BMI Calculator – BMR Calc ၊ Dual Accounts ၊ Video Editor – Mute Video ၊ Islamic World – Qibla နဲ့ Smart Video Compressorတို့ဖြစ်တယ်လို့ဆိုပါတယ်။


Google Play store ပေါ်မှာ တွေ့နေရဆဲ malware app တစ်ချို့ (Photo: businessinsider)

Wandera ရဲ့ အစီရင်ခံစာ တက်လာပြီးနောက် သာကြာနေ့မနက်ပိုင်းမှာ Apple ဟာ ဒီ apps တွေကို App Store ပေါ်ကနေ ဖယ်ရှားလိုက်ပြီ ဖြစ်တယ်လို့BGR သတင်းက ဖော်ပြပါတယ်။ Business Insider သတင်းမှာတော့ App store ပေါ်က အန္တရာယ်ရှိတဲ့ apps ၁၈ ခုကို ဖယ်ရှားတယ်လို့ဆိုပါတယ်။

ဒီထဲက အနည်းဆုံး app ၁၀ ခုဟာ Google Play Store ပေါ်မှာ ရှိနေဆဲ ဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။


က္က