ဒေါ်လာ သန်း ၅၀ နဲ့Dark Web မှာ ပြန်ရောင်းခဲ့တာပါ

အစ္စရေးမှ NSO Group ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ ဖုန်းတိုင်းကို စီးပွားဖြစ် hacking လုပ်နေတဲ့ ကုမ္ပဏီတစ်ခုပါ။ ဒီလို ကုမ္ပဏီတစ်ခုရဲ့ အချက်အလက်တွေနဲ့တန်ဖိုးကြီး ဉာဏပစ္စည်းတွေ အခိုးခံရတာကတော့ မြွေပွေး ပိုးထိသွားတာလို့ဆိုရမှာပါ။



NSO-Headquarters-in-Herzliya-Photo-Orel-Cohen.png

photo: jewishbusinessnews

 

NSO Group ဟာ စမတ်ဖုန်းတွေကို အဝေးကနေ ထိန်းချုပ်ဝင်ရောက်နိုင်မယ့် malware တွေ ရေးဆွဲတဲ့ ကုမ္ပဏီတစ်မျိုးဖြစ်ပြီး ဒီထဲမှာ ထောက်လှမ်းရေးအေဂျင်စီတွေအတွက် ဥပဒေနဲ့အညီ ထုတ်ထားတဲ့ malware version တွေတောင် ပါဝင်နေပါတယ်။ NSO Group ဟာ ရာဇဝတ်မှု ကျူးလွန်သူတွေရဲ့ iPhone တွေထဲ hacking လုပ်ပြီး အထဲက အချက်အလက်တွေကို အခကြေးငွေနဲ့အစိုးရအဖွဲ့အစည်းတွေကို ပြန်ရောင်းတာပါ။

သတင်းအရ NSO မှ အသက် ၃၈ နှစ်အရွယ် အကြီးတန်း programmer တစ်ဦးဟာ ကုမ္ပဏီရဲ့ server ထဲ ဝင်ပြီး ဒေါ်လာသန်းရာပေါင်းများစွာ တန်တဲ့ ဆော့ဖ်ဝဲလ်နဲ့အချက်အလက်တွေကို ဒေါင်းလုပ်ဆွဲသွားခဲ့တာပါ။ ဒီနောက်မှာ သူဟာ မှောင်ခိုနည်းပညာဈေးကွက်ဖြစ်တဲ့ Dark Web တစ်ခုပေါ်မှာ NSO ရဲ့ phone hacking tools တွေကို ဒေါ်လာ သန်း ၅၀ နဲ့ရောင်းချဖို့လုပ်ခဲ့တယ်လို့ဆိုပါတယ်။

Dark Web ပေါ်မှာ ဝယ်ဖို့လုပ်တဲ့သူဟာ NSO ကို အကြောင်းကြားခဲ့ပြီးနောက် ဇွန်လ ၅ ရက်နေ့မှာ ဒီဟက်ကာကို ဖမ်းဆီးနိုင်ခဲ့တယ်လို့အစ္စရေးတရားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ NSO Group ကလည်း ယခု ဖြစ်ရပ်နဲ့ပတ်သက်ပြီး ထုတ်ပြန်ရာမှာ ကုမ္ပဏီရဲ့ ဉာဏမူပိုင်ခွင့် တစ်ခုမှ မပျောက်ဆုံးခဲ့သလို အထဲမှာ ပါတဲ့ ဖောက်သည်တွေရဲ့ အချက်အလက်တွေ အပြည့်အစုံ ပြန်ရခဲ့တယ်လို့ဆိုပါတယ်။

NSO Group ဟာ ဝန်ထမ်းပေါင်း ၅၀၀ ရှိပြီး အနည်းဆုံး ဒေါ်လာ သန်း ၉၀၀ ကျော်တန်တဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ အစိုးရနဲ့ထောက်လှမ်းရေးအေဂျင်စီများအတွက် မိုဘိုင်းစောင့်ကြည့်ရေးဆိုင်ရာ tools တွေ ထုတ်လုပ်ပေးရာမှာလည်း ထင်ရှားပါတယ်။

photo: vosizneias

 

ပြီးခဲ့တဲ့ မေလထဲမှာ အမေရိကန်ဆော့ဖ်ဝဲလ်ကုမ္ပဏီ Verint Systems ဟာ NSO နဲ့ပူးပေါင်းဖို့ဒေါ်လာ ၁ ဘီလျံတန် ကမ်းလှမ်းမှုတစ်ရပ်အတွက် ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က