version 1.0 မှာ digital key ကို ဖုန်းဆီ ပို့ထားပါတယ်။
Nyein Min Wai

နောက်ဆုံးပေါ် ကားတွေဟာ ဖုန်းကနေ lock ချလို့ရမယ့် နည်းပညာကို သုံးသွားတော့မှာပါ။ Digital key စံ လို့ခေါ်တဲ့ ဒီနည်းပညာကို Apple အပါအဝင် ကုမ္ပဏီပေါင်း ၇၀ ကျော်ဟာ ကားဆက်သွယ်ရေးအဖွဲ့အစည်း CCC နဲ့သဘောတူလက်မှတ်ရေးထိုးလိုက်ပါတယ်။

 

CCC ဟာ Digital key စံသတ်မှတ်ချက်သစ်ကို ထုတ်ပြန်လိုက်ပြီး ဒီထုတ်ပြန်ချက်ထဲမှာ မိုဘိုင်းလ်ထုတ်ကုန်များကို ဒစ်ဂျစ်တယ်သော့တစ်စုံလို သုံးနိုင်တော့မယ်လို့ဆိုပါတယ်။ Digital Key စံသတ်မှတ်ချက်သစ်ဟာ NFC ဆက်သွယ်မှုကို သုံးထားပြီး ကားနဲ့မိုဘိုင်းထုတ်ကုန်များအကြား လုံခြုံလိျှု့ဝှက်စွာ unlock လုပ်နိုင် စက်နှိုးနိုင်သလို ကားရောက်နေတဲ့ နေရာကိုလည်း လုံခြုံစိတ်ချရတဲ့ နည်းလမ်းတွေနဲ့share နိုင်တယ်လို့ဖော်ပြထားပါတယ်။ ဒီစံစနစ်ဟာ NFC ရဲ့ ဆက်သွယ်မှုအတိုင်းအတာကို အဆင့်မြှင့်ပေးတဲ့ Trusted Service Manager ကို သုံးပြီး စမတ်ထုတ်ကုန်တစ်ခုအတွက် digital key တစ်ချောင်းလို အသုံးပြုခွင့်ပေးသွားမှာပါ။

ဒီနည်းပညာကို ကားငှားရမ်းဝန်ဆောင်မှုများမှာလည်း သော့မလိုဘဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်သူငယ်ချင်းတွေကိုလည်း ကိုယ့်ကားကို ငှားလိုက်ချင်တယ်ဆိုရင်လည်း Key ကို ဒေါင်းလုပ်ဆွဲပြီး share လို့ရမှာ ဖြစ်လို့အများကြီး အဆင်ပြေရိုးရှင်းသွားမှာပါ။ ဒီနည်းပညာမျိုးကို Tesla Model 3 လို ကားတွေမှာ car key အနေနဲ့သုံးလာပြီ ဖြစ်ပေမယ့် သီးသန့်စံအနေနဲ့တော့ အခုမှ ထွက်ရှိလာတာ ဖြစ်ပါတယ်။

 

Digital Key စံနှုန်းသဘောတူညီချက် လက်မှတ်ရေးထိုးချိန်မှာတော့ Audi ၊ BMW ၊ Hyundai နဲ့Volkswagen လို ကားကုမ္ပဏီတွေအပြင် Apple ၊ Samsung ၊ LG နဲ့Panasonic တို့လို စမတ်ဖုန်းကုမ္ပဏီတွေလည်း ပါဝင်ခဲ့ပါတယ်။


Author


က္က