BMW 5 series တွေမှာ ပါလာမှာပါ

iPhone တစ်လုံးဟာ ကားသော့လိုပါ သုံးနိုင်တော့မှာပါ။

Apple ဟာ WWDC 2020 မှာ iPhone နဲ့ Wirelessly ကားတံခါးဖွင့်နိုင်မယ့် Car Key နည်းပညာကို ကြေညာခဲ့ပါတယ်။ ဒီ feature ဟာ iOS14 သစ်မှာ ပါဝင်လာတာ ဖြစ်ပြီး Near Field Communication နည်းပညာပေါ်ကနေ အလုပ်လုပ်နိုင်မှာ ဖြစ်တယ်လို့ Apple က ဆိုပါတယ်။ The Verge သတင်းအရ Car Key နည်းပညာဟာ နောက်လထဲမှာ ထွက်လာဖို့ ရှိတဲ့ ၂၀၂၁ မော်ဒယ် BMW 5 series တွေမှာ စပြီး ပါလာမယ်လို့ ဖော်ပြထားပါတယ်။



Photo: The Verge


Apple အနေနဲ့ NFC တစ်ခုတည်းပေါ် မှီခိုတာအပြင် U1 ultra wideband chip သစ် သုံးသွားမယ့် စံပေါ်မှာပါ အလုပ်လုပ်နိုင်အောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ Car Key စနစ် ထောက်ပံ့ပေးထားတဲ့ ကားတစ်စင်းနဲ့ iPhone ဒါမှမဟုတ် Apple Watch ကို ချိတ်ဆက်ပြီးတာနဲ့ ကားလက်ကိုင်လိုနေရာမျိုးမှာ ပါတဲ့ NFC reader နားမှာ iPhone/Apple Watch ကို ထားပေးရမှာ ဖြစ်ပါတယ်။

ကားကို lock မဖွင့်ခွင်မှာ FaceID နဲ့ ဝင်ခွင့်ထားမလား TouchID နဲ့ ထားမလား ရွေးနိုင်မှာ ဖြစ်သလို Express mode ထားပြီး ဇီဝလုံခြုံ‌ရေးစနစ်ကို ကျော်နိုင်မယ်လို့ ဆိုပါတယ်။ကားတံခါး lock access ကို iMessage ကနေတစ်ဆင့် တစ်ခြားသူတွေနဲ့ မျှဝေနိုင်မှာပါ။ ဒီ feature ဟာ iOS 13 မှာလည်း ပံ့ပိုးသွားမယ်လို့ Apple က ဆိုပါတယ်။ 

Car Key ဟာ Car Connectivity Consortium အဖွဲ့အစည်း CCC ရဲ့ Digital Key Release 2.0 အချက်အလက်တွေကို သုံးသွားဖို့ ရှိပါတယ်။ ၂၀၁၈ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ CCC ရဲ့ Digital Key စံနှုန်း သဘောတူညီချက်မှာ Audi ၊ BMW ၊ Hyundai နဲ့ Volkswagen လို ကားကုမ္ပဏီတွေအပြင် Apple ၊ Samsung ၊ LG နဲ့ Panasonic တို့လို စမတ်ဖုန်းကုမ္ပဏီများအပါအဝင် ကုမ္ပဏီပေါင်း ၇၀ ကျော်မှ လက်မှတ်ရေးထိုးခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က