iPhone 12 မိတ်ဆက်မှု နောက်ကျဖို့ ရှိပါတယ်

Apple ဟာ ဒီနှစ်ထဲ မိတ်ဆက်မယ့် iPhone 12 စီးရီးရဲ့ OLED display တွေကို Samsung ဆီက အဓိက မှာယူတော့မှာပါ။


DigitTimes ရဲ့ အဆိုအရ Samsung Display ဟာ iPhone 12 မှာ သုံးမယ့် OLED display အော်ဒါအများစု ရရှိထားတယ်လို့ ဖော်ပြထားပါတယ်။ Samsung ဟာ iPhone 12 စီးရီးရဲ့ OLED display အရေအတွက် စုစုပေါင်း ၈၀% နီးပါး ထောက်ပံ့ပေးသွားဖို့ မျှော်လင့်ထားပါတယ်။ ကျန်တဲ့ display အော်ဒါ ၂၀% ကို LG Display နဲ့ BOE တို့က supply လုပ်သွားမှာပါ။



Photo: 9to5mac


Samsung ဟာ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Apple ရဲ့ ပထမဆုံး OLED display သုံး iPhone X မှာ တစ်ဦးတည်း သီးသန့် display supplier ဖြစ်ခဲ့ပါတယ်။ နောက်တစ်နှစ်မှာ LG ဟာ Apple ရဲ့ ဒုတိယမြောက် အရန် supplier ဖြစ်လာခဲ့ပါတယ်။ ဒီနှစ်မှာတော့ တရုတ်မှ BOE display ကုမ္ပဏီလည်း iPhone သစ်တွေအတွက် panel တွေ ထုတ်ပေးသွားမှာပါ။

ဒီနှစ်ထဲမှာ Apple ဟာ iPhone မော်ဒယ်သစ် ၄ မျိုး မိတ်ဆက်သွားဖို့ ရှိပြီး မော်ဒယ်သစ် လေးမျိုးစလုံးဟာ OLED display သုံးလာဖို့ ရှိပါတယ်။ iPhone 12 ဟာ Apple ရဲ့ ပထမဆုံး 5G ဖုန်းလည်း ဖြစ်လာမယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ Samsung ဟာ ၅.၄ လက်မ entry-level iPhone 12 ၊ ၆.၁ လက်မနဲ့ ၆.၇ လက်မအရွယ် iPhone 12 Pro မော်ဒယ် ၃ မျိုးအတွက် OLED display များ ထုတ်လုပ်ပေးသွားမယ်လို့ ဆိုပါတယ်။



မျက်နှာပြင် ၆.၁ လက်မ iPhone 12 အတွက် display များကို BOE နဲ့ LG တို့မှ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ Samsung အနေနဲ့ မျက်နှာပြင် ၅.၄ လက်မမော်ဒယ်အတွက် display ပေါင်း သန်း ၃၀ နဲ့ ၃၅ သန်းအကြား ၊ မျက်နှာပြင် ၆.၁ လက်မနဲ့ ၆.၇ လက်မအရွယ် high-end မော်ဒယ် iPhone 12 Pro များအတွက် display ပေါင်း ၁၅ သန်းနဲ့ သန်း ၂၀ အကြား တင်ပို့သွားမှာ ဖြစ်တယ်လို့ DigiTimes သတင်းက ဆိုပါတယ်။

၆.၁ လက်မမော်ဒယ်အတွက် LG Display မှ display panel ၁၈ သန်းနဲ့ ၂၃ သန်းအကြား ၊ BOE ကုမ္ပဏီမှ panel ၂ သန်း ထုတ်လုပ်သွားမယ်လို့လည်း သတင်းထွက်နေပါတယ်။ iPhone သစ်တွေ မိတ်ဆက်မယ့်ရက်ကတော့ နိုဝင်ဘာလအထိ နောက်ကျဖို့လည်း ရှိပါတယ်။

Share

Loading Next Article...
က္က