တရုတ်နိုင်ငံတွင်း iPhone ထုတ်လုပ်မှူဟာ လူ ၅ သန်းခန့်ကို အလုပ်ပေးထားတာပါ

     Apple ဟာ တရုတ်နိုင်ငံမှာပဲ iPhone ထုတ်လုပ်ရာကနေ တစ်ခြားနိုင်ငံတွေမှာ iPhone ထုတ်လုပ်မှူကို ပြောင်းရွှေ့သွားဖို့ရှိတယ်လို့ဆိုပါတယ်။



        Nikkei Asian သတင်းမှာ Apple အနေနဲ့လက်ရှိ တရုတ်မှာ ထုတ်လုပ်နေတဲ့ iPhone ထုတ်လုပ်မှူအားလုံးရဲ့ ၁၅%ကနေ ၃၀% အထိကို ပြင်ပနိုင်ငံတွေမှာ ပြောင်းလဲ ထုတ်လုပ်ဖို့ရှိတယ်လို့ဖော်ပြထားပါတယ်။ ဒီသတင်းမှာပဲ Apple အနေနဲ့တရုတ်နိုင်ငံတွင်း hardware ပစ္စည်းထုတ်လုပ်မှူကို ပြင်ပရွှေ့ပြောင်းဖို့ကုမ္ဗဏီရဲ့ အဓိက ကုန်ထုတ်လုပ်မှူ မိတ်ဖက်တွေ ဖြစ်တဲ့ Foxconn ၊ Pegatron နဲ့Winstron တို့နဲ့ဆွေးနွေးတိုင်ပင်နေတယ်လို့ဆိုပါတယ်။

Photo: Cult of Mac

        တရုတ်နဲ့အမေရိကန်အကြား ကုန်သွယ်စစ်တင်းမာမှူရဲ့ ရလဒ်ကြောင့် Apple အနေနဲ့အခုလို တရုတ်နိုင်ငံကို အားကိုးပြီး iPhone ထုတ်လုပ်နေတာကို လျှော့ချဖို့စီစဉ်နေတာလို့လည်း ခန့်မှန်းနေကြပါတယ်။ ယခုလကုန်ပိုင်းက စပြီး တရုတ်နဲ့အမေရိကန်အကြား ဖုန်း ၊ လက်ပ်တော့ ၊ တက်ဘလက် စတဲ့ လူသုံးကုန် အီလက်ထရွန်းနစ် ပစ္စည်းများအတွက် သွင်းကုန်အခွန်ကို ၂၅% အထိ ကောက်ခံဖို့လည်း ရှိနေတာပါ။

        Apple ကိုယ်တိုင်ကတော့ ဒီအကြောင်းကြောင့် တရုတ်နိုင်ငံအတွင်း ထုတ်လုပ်မှူကို ပြင်ပနိုင်ငံတွေဆီ ရွှေ့ပြောင်းတာ မဟုတ်ဘူးလို့ဆိုပါတယ်။

        “ထုတ်လုပ်မှူနှူန်း နည်းလာပြီး အလုပ်သမားစရိတ် တက်လာခြင်းနဲ့တစ်နိုင်ငံတည်းကိုပဲ ထုတ်လုပ်မှူပိုင်း အားကိုးရတာက အဓိကပါ။ အကောက်ခွန် ဒေါ်လာ ဘီလျံ ၃၀၀ ကိစ္စက အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ အခုပြောတဲ့ အကြောင်းရင်းတွေကြောင့် ထုတ်လုပ်ဖို့အဆင်မပြေတာ ဖြစ်နေတယ်” လို့Apple supplier တစ်ခုမှ အမှူဆောင်တစ်ယောက်က Nikkei ကို ပြောပါတယ်။

Photo: Fortune

        Apple ဟာ တရုတ်နိုင်ငံမှာ ဖုန်းထုတ်လုပ်ဖို့အတွက် ပစ္စည်းအစိတ်အပိုင်း supply လုပ်တဲ့ကုမ္ဗဏီများ ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းများစွာနဲ့ချိတ်ဆက်ပြီး လုပ်နေတာဖြစ်လို့တရုတ်ကနေ တစ်ခြားပြင်ပပြောင်းရွှေ့တာဟာ Apple အတွက် အခက်အခဲများစွာနဲ့တွေ့ဖို့ရှိပါတယ်။ တရုတ်နိုင်ငံဟာ ကျွမ်းကျင်လုပ်သားအင်အား ကောင်းတဲ့ နိုင်ငံဖြစ်ပြီး စွမ်းအင်လိုမျိုး အခြေခံအဆောက်အဦပိုင်းမှာလည်း အခြေခိုင်တာကြောင့် Apple ဟာ iPhone ထုတ်ဖို့တရုတ်နိုင်ငံကို ရွေးခဲ့တာပါ။

        တကယ်လို့ထုတ်လုပ်မှူကို ပြောင်းရွှေ့မယ်ဆိုရင် အနည်းဆုံး ၁၈ လ ကြာမြင့်ပြီး ၂ နှစ်ကနေ ၃ နှစ်အတွင်းရောက်မှ ပြင်ပနိုင်ငံမှာ iPhone ထုတ်နိုင်ဖို့ရှိပါတယ်။ iPhone ထုတ်လုပ်မှူဟာ တရုတ်နိုင်ငံအတွင်း အလုပ်အကိုင် နေရာ ၅ သန်းဝန်းကျင် ပေးထားတာ ဖြစ်လို့ထုတ်လုပ်မှူ ၃၀% ဆုံးရံှူးမယ်ဆိုရင် အလုပ်အကိုင် ဘယ်လောက် ထိခိုက်မလဲဆိုတာ မသိရသေးပါဘူး


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က