ဆွေးနွေးမှုတွေ လုပ်ထားတယ်လို့ ဆိုပါတယ်

Apple ဟာ iPhone ထုတ်လုပ်မှုအတွက် တရုတ်ပေါ် မှီခိုနေရမှုကို လျှော့ချလာဖို့ ရှိပါတယ်။


The Indian Economic Times သတင်းအရ Apple ဟာ ဒေါ်လာဘီလျံ ၄၀ တန် စမတ်ဖုန်းထုတ်လုပ်မှုကို Winstron နဲ့ Foxconn စတဲ့ ကန်ထရိုက်ထုတ်လုပ်မှု ကုမ္ပဏီတွေကနေ တစ်ဆင့် အိန္ဒိယမှာ ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အိန္ဒိယအာဏာပိုင်တစ်ချို့ရဲ့ အဆိုအရ Apple ဟာ အိန္ဒိယကို ထုတ်လုပ်မှုအခြေစိုက်ရာ နေရာသစ်အဖြစ် ပြောင်းချင်နေတယ်လို့ ပြောပါတယ်။




Photo: indianexpress


" ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း အိန္ဒိယထိပ်တန်းအာဏာပိုင်တွေနဲ့ Apple အကြီးတန်းအမှုဆောင်တွေအကြား အကြိမ်ကြိမ် တွေ့ဆုံပြီးတဲ့နောက် iPhone ကုမ္ပဏီ ထုတ်လုပ်မှု ၅ ပုံတစ်ပုံခန့်ဟာ တရုတ်ကနေ အိန္ဒိယကို ပြောင်းရွှေ့ဖို့ ရှိတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီရဲ့ ကန်ထရိုက်ထုတ်လုပ်ရေးတွေကနေ ဒေသတွင်းထုတ်လုပ်မှုဝင်ငွေဟာ လာမယ့် ၅ နှစ်အတွင်း ဒေါ်လာ ဘီလျံ ၄၀ ဝန်းကျင်အထိ တက်လာဖို့ ရှိပါတယ်။" လို့ ဒီကိစ္စနဲ့ရင်းနှီးတဲ့ အာဏာပိုင်တွေက ဆိုပါတယ်။

အကြီးတန်းအစိုးရ အရာရှိတစ်ဦးက Economic Times ကို ပြောရာမှာ အိန္ဒိယထုတ်လုပ်မှု အားပေးရေးအစီအစဉ် PLI နဲ့ ဆက်စပ်မှု ရှိတယ်လို့ ပြောပါတယ်။ PLI အစီအစဉ်ဟာ ပြည်တွင်းလျှပ်စစ်ပစ္စည်းထုတ်လုပ်မှု မြှင့်တင်ဖို့ မိတ်ဆက်ထားတာ ဖြစ်ပြီး အဓိကအားဖြင့် စမတ်ဖုန်းထုတ်လုပ်မှု တိုးမြှင့်ဖို့အတွက် ရည်ရွယ်ထားတာပါ။ အိန္ဒိယအာဏာပိုင်တွေရဲ့ ခန့်မှန်းမှုအရ လာမယ့် ၂၀၂၅ ခုနှစ်မှာ စမတ်ဖုန်းတင်ပို့မှုဟာ ဒေါ်လာ ဘီလျံ ၁၀၀ ကျော်နိုင်တယ်လို့ ဆိုပါတယ်။

Photo: trendolizer



၂၀၁၉ - ၂၀၂၀ အိန္ဒိယနိုင်ငံ စမတ်ဖုန်းတင်ပို့မှုဟာ ဒေါ်လာ ၃ ဘီလျံဝန်းကျင် ရှိထားပါတယ်။ Apple ဟာ အိန္ဒိယမှာ Foxconn နဲ့ စာချုပ်ချုပ်ပြီး iPhone XR တစ်ချို့ ထုတ်လုပ်ထားပါတယ်။ Winstron နဲ့ လည်း iPhone SE (ပထမမျိုးဆက်) ၊ iPhone 6S နဲ့ iPhone 7 တို့ကို အိန္ဒိယမှာ ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းမှာ ရပ်ဆိုင်းထားပါတယ်။ PLI အစီအစဉ်ကနေ အမြတ်အစွန်းထွက်ဖို့အတွက် ကုမ္ပဏီဟာ ၂၀၂၀ နဲ့ ၂၀၂၅ အတွင်း အနည်းဆုံး‌ ဒေါ်လာ ၁၀ ဘီလျံတန်ဖိုးရှိတဲ့ စမတ်ဖုန်းတွေ ထုတ်လုပ်ရမှာပါ။

လက်ရှိမှာ Apple ဟာ အိန္ဒိယနိုင်ငံအတွင်း ဒေါ်လာ ၁.၅ ဘီလျံဖိုး စမတ်ဖုန်းများ ရောင်းချထားပြီး ဒီထဲက သန်း ၅၀၀ ဖိုးခန့်ဟာ အိန္ဒိယပြည်တွင်းမှာ ထုတ်လုပ်တာ ဖြစ်ပါတယ်။ ၂၀၁၈-၂၀၁၉ အတွင်း Apple ဟာ တရုတ်မှာ ဒေါ်လာ ဘီလျံ ၂၂၀ တန် ထုတ်ကုန်များ ထုတ်လုပ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က